Thursday, July 14, 2016

သွေး အတွင်း အဆီဓာတ် မြင့်မားခြင်း




သွေး အတွင်း အဆီဓာတ် မြင့်မားတဲ့ သူတွေ အနေနဲ့ အသား စားပေးသင့် ပါတယ်။ တစ်ချို့က အဆီ ဓာတ် မြင့်မား လို့ ဆိုပြီး ပုံမှန် စားနေကျ ထမင်း ကို လျှော့ပြီး ဟင်းသီး ဟင်းရွက်ကြော်၊ ဟင်းချိုရည် နဲ့ပဲ စားကြတယ်။

ကြာလာတော့ အားအင် ကုန်ခန်းပြီး တက်ကြွ လန်းဆန်းမှု မရှိတော့ဘဲ အမြဲ အိပ်ငိုက်ပြီး ပျင်းရိ နေ တတ် တယ်။ လူ့ ခန္ဓာကိုယ် အချိုးအဆ အနေ နဲ့ ဘီအမ်အိုင် ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်း ရှိ ရပါမယ်။ 


ဘီအမ်အိုင် ဆိုတာ ခန္ဓာကိုယ် အလေးချိန် (ကီလိုဂရမ်) အရပ်အမြင့် မီတာ (နှစ်ထပ်ကိန်း) နဲ့ စားလို့ရတဲ့ ကိန်း ဖြစ်လို့ အလေးချိန် လျှော့ဖို့ လိုမယ်။ အသင့် အမြန်စား အစာတွေ က ကိုလက်စထရော ကို မြင့် တက်စေ ပါတယ်။ 

တစ်ချို့ သွေးအတွင်း အဆီ ဓာတ် လွန်ကဲသူတွေ က အသားဟင်း၊ အဆီတွေ ကို မစားရဘူးလို့ နား လည်နေ ကြတယ်။ ပြည့်ဝဆီ များတဲ့ ဝက်သား လို အသား ကို ရှောင်ပြီး ငါးကို ရွေးချယ် စားသုံးနိုင်ပါတယ်။ မပြည့်ဝဆီ အက်စစ် ဟာ သွေး အတွင်း အဆီဓာတ် ထူးခြားခြင်း နဲ့ နှလုံး၊ ဦးနှောက်သွေးကြော ရောဂါ တို့ကို ကာကွယ် ပေးရာမှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတယ်။

 သွေးအားနည်းရောဂါ ဖြစ်နေသူတွေ အနေ နဲ့ သံဓာတ် ကြွယ်ဝပြီး အဆီဓာတ် နည်းတဲ့ အမဲသား သို့မဟုတ် အဆီ မပါတဲ့ အသား ကို ရွေးချယ် စားသုံးနိုင်ပါတယ်။ လေးဖက်နာရောဂါ ရှိနေသူတွေ ဆိုရင်တော့ ဖြူလင်းဓာတ် နည်းပါးတဲ့ ကြက်၊ ဘဲ တို့ကို ရွေးချယ်စားသုံး သင့်ပါတယ်။ 



အရိုးပွရောဂါ ဖြစ်နေသူတွေ ဆိုရင် ပုစွန် စားသုံးနိုင်ပါတယ်။ လူ ရဲ့ ခန္ဓာကိုယ် အတွင်းမှာ ပရိုတိန်းခေါ် အသားဓာတ် နဲ့ မရှိ မဖြစ် လိုအပ်တဲ့ အဆီ အက်စစ် ချို့တဲ့ နေတာကို တွေ့ရှိ ရတတ်တယ်။

 သွေးအတွင်း အဆီ က အသားဓာတ် (ပရိုတိန်း) အဖြစ် မပြောင်းလဲနိုင်လို့ ပုံမှန် စားနေကျ အစားအစာ မှာ အသား ကို စားသုံးခိုင်းရတာပဲ ဖြစ်တယ်။ လူတိုင်း နေ့စဉ် လေ့ကျင့်ခန်း နာရီဝက် မှ တစ်နာရီထိ လုပ်သင့် ပါ တယ်။ 

အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်ပေးသင့်တယ်။ ခန္ဓာကိုယ် မှာ ရှိနေတဲ့ ပိုလျှံနေတဲ့ ကယ်လိုရီတွေ ကို အဆီ အဖြစ် မပြောင်းလဲဘဲ ချွေးအဖြစ် ပြောင်းလဲ စေရ ပါမယ်။ ။


ဒေါက်တာ လွင်သန့် (ဆေး-၂)

No comments:

Post a Comment