Thursday, July 14, 2016

နပ်ပကျွန်း ဂြိုဟ် အလွန်တွင် ဂြိုဟ်ငယ်သစ် တစ်စင်း ကို အာကာသ ပညာရှင်များ ရှာဖွေ တွေ့ရှိ




နိုင်ငံတကာ မှ အာကာသ ပညာရှင်များ ပါဝင်သည့် သုတေသန အဖွဲ့သည် နပ်ပကျွန်းဂြိုဟ် အလွန် တွင် အေးခဲနေသည့် သီးခြားဂြိုဟ်များ ၏ ပတ်လမ်း အတွင်း လှည့်ပတ်နေသော ဂြိုဟ်ငယ်သစ် တစ်စင်းကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဇူလိုင် ၁၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖျင်း အရွယ် အစား ၇ဝဝ ကီလိုမီတာ ရှိသည့် အဆိုပါ ဂြိုဟ်သစ်တွင် အကြီးဆုံး ဂြိုဟ်ပတ်လမ်းများ အနက် ဂြိုဟ်ပတ်လမ်း တစ်ခု ရှိပြီး ၎င်းကို လက်ရှိ လုပ်ဆောင်လျက် ရှိသော နေ အဖွဲ့အစည်း အပြင်ရှိ ဂြိုဟ် များ၏ သဘာဝ အား စစ်တမ်း ကောက်ယူသည့် အစီအစဉ် ၏ တစ်စိတ် တစ်ပိုင်း အဖြစ် ဟာဝိုင် အီပြည်နယ် Maunakea မီးတောင်၌ အာကာသ အဏုကြည့်မှန်ပြောင်း ကို အသုံးပြု၍ ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ 
 
RR 245 အမည် ရှိ အဆိုပါ ဂြိုဟ်ငယ်သစ် သည် ဂြိုဟ်ကြီးများ ၏ ဖွဲ့စည်း တည်ဆောက် ပုံနှင့် နေ မှရွေ့ လျားမှုတို့ကို သိရှိနိုင်ရန် အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ယင်းဂြိုဟ်မျိုး မှာ ယနေ့ခေတ် တွင် ပလူတိုနှင့် အီရစ်ဂြိုဟ် တို့နှင့် ယှဉ်တွဲ ရပ်တည်လေ့ ရှိကြောင်း သုတေသီများက ပြောကြားသည်။ 
 
 
အဆိုပါ ဂြိုဟ်ငယ်သစ် သည် ကမ္ဘာထက် နေကို အကြိမ် ၁၂ဝ ကျော် ပိုမို လှည့်ပတ်လျက် ရှိပြီး ၎င်း၏ အရွယ် အစားကို တိတိကျကျ မသိရှိသေးကြောင်း၊ ၎င်း၏ မျက်နှာပြင် ဂုဏ်သတ္တိများ အား တိုင်းတာမှုများ ထပ်မံ လုပ်ဆောင်ရန် လိုအပ်ကြောင်း သုတေသီ တစ်ဦးက ပြောကြားသည်။
 
 
 

No comments:

Post a Comment