Sunday, July 24, 2016

ပြင်းထန် တဲ့ လေလည်နံ့ က ဦးနှောက် ကင်ဆာ ကို ကာကွယ်ပေးပြီး အနံ့ ရတဲ့သူတွေ အတွက် ကောင်းကျိုးပေးနိုင် ဟု သိပ္ပံပညာက ဆို

 
 
လေလည်တာ က ဘဝ ရဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုပါ။ တစ်ခါ တစ်လေ ရှက်စရာ ရယ်စရာ တစ်ခုလို့ ထင်ရပေမဲ့ အစာချေ အဖွဲ့အစည်း ရဲ့ ကျန်းမာရေး အခြေအနေကိုပြတဲ့ သင်္ကေတ တစ်ခုပဲဖြစ်ပါတယ်။ လေလည် တာ က ဓာတ်ငွေ့တွေ စုပြီး ထွက်လာတာဖြစ်ပြီး အမြဲတမ်းတော့ အနံ့တွေ အသံတွေ မထွက်တတ်ပါဘူး။
 
ပုံမှန် လူတစ်ယောက်က တစ်နေ့ ကို ပျမ်းမျှ ၁၄ ကြိမ်လောက် လေလည် တတ်ပါတယ်။ အများ အားဖြင့် အနံ့ မရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်တွေပဲ ဖြစ်တာကြောင့် သတိမပြုမိတာဖြစ် ပါတယ်။
 
 လေလည် တဲ့ အခါ မှာ ပြင်းထန်တဲ့ အနံ့ရတာက သင့်မှာ ကျန်းမာရေး အတွက် လိုအပ်တဲ့ အမျှင်ဓာတ် လုံလောက်စွာ ရရှိနေပြီး အူလမ်းကြောင်း ထဲမှာလည်း အကျိုးပြု ဘက်တီးရီးယားအရေ အတွက် များများ ရှိတယ် ဆိုတာ ကိုပြတာပဲ ဖြစ်ပါတယ်။
 
ပြင်းထန်တဲ့ လေလည်နံ့ က ဟိုက်ဒရိုဂျင် ဆာလဖိုက်ဓာတ်ကြောင့်ဖြစ်ပါတယ်။ စားလိုက်တဲ့ အစာ အမျိုးမျိုး ကို ချေဖျက်ရာ ကနေ ထွက်လာတဲ့ ဟိုက်ဒရိုဂျင် ဆာလဖိုက်ဒြပ်ပေါင်း အနံ့ က အစာအိမ် ထဲမှာ ရှိတဲ့အရာ အားလုံး ကောင်းကောင်း မွန်မွန်လည်ပတ်နေတယ် ဆိုတာက ပြတာပါ။  
 
တွေ့ရှိမှု အသစ် တစ်ခုအရ လေလည်နံ့ ကို ရှူမိတဲ့ သူတွေမှာ ကောင်းကျိုးတွေ ရှိပါတယ်။ အဲ့ဒီလေလည်နံ့ မှာ ပါဝင်တဲ့ မီသိန်း ဓာတ်ငွေ့က ရောဂါဖြစ်စေမယ့် အလားအလာတွေ ကို လျော့စေပြီး အသက်ရှည်စေ ပါတယ်။
 
ရောဂါပိုးထဲမှာ ရှိတဲ့ အင်ဇိုင်းတွေ ရဲ့လုပ်ငန်းတွေကို ပြောင်းလဲစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ အဓိက ပျောက် ကင်းစေတဲ့ ရောဂါတစ်မျိုး ကတော့ ဦးနှောက် ပျက်ခြင်းကြောင့်ဖြစ်တဲ့ စိတ်ရောဂါဖြစ် ပါတယ်။  
 
ချွင်းချက် တစ်ခု ကတော့ ပြင်းထန်တဲ့ လေလည်နံ့ကို ရတဲ့ အခါ နို့ထွက် ပစ္စည်းတွေကြောင့် လားဆိုတာ စူးစမ်း ရပါမယ်။ မဟုတ်ရင်တော့ ကိုယ့်ဘေးက လူတွေရော ကိုယ့် အတွက်ပါ အကျိုးပြုတဲ့ အနံ့တစ်ခု လို့ မှတ်နိုင်ပါတယ်။
 
 
 
Ref:higherperspectives
 http://trend.com.mm/2016/07/13/lifestyle-10003
 

No comments:

Post a Comment