Friday, June 24, 2016

လူတွေ လိင် ဆက်ဆံမှုကို ၀ဘ်ကမ်တွေက တစ်ဆင့် ဟက်လုပ်ပြီး နေ့တိုင်းကြည့်နေခဲ့တဲ့ နှာဗူး တစ်ယောက်




ဆိုက်ဘာ ဒုစရိုက်သမား ကွန်ပျူတာ ပညာရှင် တစ်ယောက်ဟာ လူတွေရဲ့ ၀ဘ် ကင်မရာတွေက တစ်ဆင့် သူတို့ ရဲ့လိင် ဆက်ဆံမှုတွေကို တစ်နေ့ ၁၂ နာရီကျော် ထိုင်ကြည့်နေခဲ့ကြောင်း အမျိုးသားပြစ်မှု အစိုးရ ဌာန (NCA) ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။



အသက် ၃၃နှစ် ရှိပြီဖြစ်တဲ့ Stefan Rigo ဆိုသူဟာ Blackshades လို့ခေါ်တဲ့ malware တွေကိုသုံးပြီး လူစိမ်းတွေ ရဲ့ ကင်မရာတွေ ကို ထိန်းချုပ် ခဲ့ပါတယ်။ ကွန်ပျူတာရှေ့မှာ အဲဒီ့ လူတွေ ဘာလုပ်နေတယ် ဆိုတာ ကို ထိုင်ကြည့်ရင်း တစ်နေ့ တစ်နေ့ အချိန်ဖြုန်းနေခဲ့တယ်လို့ သိရပါတယ်။



ခုတော့ နိုင်ငံတစ်ကာ စစ်ဆင်ရေး တစ်ခုကနေ သူ့ကို မိသွားပြီဖြစ်ပြီး အောက်ရုံး တရားသူကြီးက Rigo ကို ထောင်ဒဏ် ရက် သတ္တပတ် ၄၀ နဲ့ လစာမဲ့ အလုပ်နာရီပေါင်း ၂၀၀ လုပ်ပေးရမယ် ဆိုပြီး ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။ လိင်ပိုင်း ဆိုင်ရာပြစ်မှု ချိုးဖောက်သူ စာရင်းမှာလည်း ၇နှစ်ကြာ မှတ်တမ်း ထားရှိ မှာဖြစ်တယ်လို့ သိရပါတယ်။



Rigo ဟာ ရည်စားဟောင်းဖြစ်သူ ရဲ့ ဘဏ် စာရင်း အသေးစိတ်ကို အသုံးချပြီး Blackshades malware ကို download လုပ်ခဲ့တာပါ။ အဲဒီ့ ကနေတစ်ဆင့် ကမ္ဘာအနှံ့ က သူပြစ်မှတ် ထားတဲ့ ကွန်ပျူတာတွေကို ထိန်းချုပ်နိုင် သွားတာဖြစ်ပါတယ်။



Skype ဒါမှ မဟုတ် ကွန်ပျူတာတွေရှေ့မှာ လိင် ဆက်ဆံနေတဲ့ လူတွေ ပါဝင်တဲ့ ဓာတ်ပုံ စီးရီးအတွဲလိုက်ကို Rigo ရဲ့ ကွန်ပျူတာ မှာ စုံစမ်း စစ်ဆေးသူတွေက တွေ့ရှိ ခဲ့ရတယ်လို့ NCA မှပြောရေးဆိုခွင့်ရှိသူ က ပြော ခဲ့ ပါတယ်။ 

Blackshades ရဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုရာက၊ ၀ဘ် ကင်မရာတွေ ကို ထိန်းချုပ်နိုင်ခဲ့ခြင်း၊ အီးမေလ် စကားဝှက်တွေ နဲ့ အီးမေလ် အကြောင်းအရာတွေကို ရယူနိုင်ခဲ့ခြင်း အကြောင်းတွေကို Rigo က ၀န်ခဲ့မှုပြုခဲ့ပါတယ်။



ဒီလို ဆိုက်ဘာ ဒုစရိုက်သမားတွေ ရဲ့ သားကောင် မဖြစ်စေဖို့ ကိုယ် မသိတဲ့ Linkတွေ၊ အမည်မသိသူ က ပေးပို့တဲ့ ဖိုင်တွေ၊ မယုံကြည် ရတဲ့ ဒေတာရင်းမြစ်တွေကို သွားပြီး Click မနှိပ်ဖို့ NCA ကနေ နှိုးဆော် ထားပါတယ်။





( Skyler )



#သစ်ထူးလွင်(နည်းပညာ)


#technology.thithtoolwin.com



Ref:Daily Mail

No comments:

Post a Comment