Wednesday, June 15, 2016

ချစ်တင်းနှောနေစဉ် ဇနီးသည် ကို သခွားသီး နဲ့ ကျီစယ်ရင်း မတော်တစ်ဆ သေဆုံးစေခဲ့သူ အမျိုးသား

 Image result for love image



စတိုးဆိုင် အရောင်းစာရေး တစ်ဦးဟာ သူ့ရဲ့  ဇနီး နဲ့ လိင် ဆက်ဆံနေစဉ်မှာ သခွားသီး တစ်လုံးကို လိင်ဖျော်ဖြေရေး အရုပ် အဖြစ် သဘော ထားပြီး အသုံးပြုခဲ့ရာမှာ မတော်တဆ ဇနီးသည် ကို သေဆုံးစေ ခဲ့တဲ့ အတွက် အမှု ရင်ဆိုင်နေရပါတယ်။

သူ့ရဲ့  ကိုယ်တိုင် ဖွင့်ဟ ၀န်ခံချက်အရ သူတို့ လင်မယား ဟာ ချစ်တင်းနှောတဲ့ အခါတွေမှာ ဟင်းသီး ဟင်းရွက်တွေ ကို စိတ်နှိုးဆွစေတဲ့ အရာတွေ အဖြစ် အသုံးပြုလေ့ ရှိတယ်လို့ လည်း သိရပါတယ်။

အသက် ၄၆ နှစ် အရွယ်ရှိ သူ အရောင်း စာရေး Oliver Dietmann ဟာ အသက် ၄၆ နှစ် အရွယ် ဇနီးသည် Rica Varna ကို မတော်တစ်ဆ သေစေခဲ့မှု အတွက် ထောင်ဒဏ် ၅ နှစ် အထိ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

သူတို့ လင်မယား ဟာ ချစ်တင်းမနှောခင် မှာ ၀ိုင် ပုလင်း ၄ ပုလင်း နဲ့ အရက်ဖြူ အချို့ကို ၀ယ်ယူသောက် သုံးနေကြပြီး အဲဒီနောက် မှာတော့ ဇနီးဖြစ်သူ ကို စိတ်နှိုးဆွဖို့ အတွက် သခွားသီး တစ်လုံးကို စတင် အသုံးပြု ခဲ့တာ ဖြစ်တယ်လို့ Dietmann ကိုယ်တိုင် Dailymail သတင်းဌာန ကို ပြောပြခဲ့ပါတယ်။

ဖြစ်ပုံ ကို Dietmann က အခုလို ရှင်းပြထားပါတယ်။

 “ကျွန်တော် က သူမ ပါးစပ်ထဲ ကို သခွားသီးစိတ် အချို့  ထိုးသွင်းပြီး ကျီစယ်နေတာပါ။ အဲဒီ အချိန် မီးဖိုချောင် ထဲက မီးခိုးငွေ့တွေ ထွက်လာတာ တွေ့တဲ့ အတွက် ကျွန်တော့်ခွေးတွေ အတွက် အသားကင် ထားတာ ကို မေ့နေပြီ ဆိုပြီး မီးဖိုချောင်းထဲ ပြေးသွားခဲ့ပါတယ်။




 ခွေးတွေ ကို အသားကင် ကျွေးပြီး အိပ်ခန်း ထဲပြန်လာတဲ့ အခါမှာ Rica ဟာ သခွားသီး နင်နေပါပြီ။ ကျွန်တော် သခွားသီးတွေ ကို သူမ ပါးစပ် ထဲက ဖယ်ဖို့ ကြိုးစားပေမယ့် သခွားသီးတွေ စေး ကပ်နေ တာ ကြောင့် မအောင်မြင်ခဲ့ပါဘူး။”

စစ်ဆေးမှုတွေ အရတော့ သေဆုံးသူ အမျိုးသမီး Rica Varna ဟာ သေဆုံးချိန်မှာ တရားဝင် ခွင့်ပြုထားတဲ့ ကားမောင်းချိန် အရက်သောက်သုံးနှုန်း ထက် ၄ ဆ ခန့် ပိုမို သောက်သုံး ထားပြီး သခွားသီး ဟာ လည်ချောင်း ထဲမှာ နင်နေ ခဲ့တာကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

( Mario )

#သစ်ထူးလွင် (ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror


No comments:

Post a Comment