Wednesday, June 8, 2016

ယုံချင်ယုံ မယုံချင်နေ

ဦးမြင့်ခိုင်'s photo.
ကျွန်တော်ဟာ ပဋ္ဌာန်း တရားတော်ကြီး ကို တနေ့ တစ်ကြိမ် ရွတ်ဖြစ်တယ် ။ ဘယ်အချိန်ရယ် လို့ တော့ မသတ် မှတ်ဘူး ။ အဆင်ပြေတဲ့ အချိန်ပဲ ရွတ်တယ် ။ သုံးလေးနှစ်လောက်ထိ ဘာမှ မထူးခြားဘူး
 

ဗန်းမော် ဆရာတော်ကြီး က လူတွေ မနိုးတဲ့ အချိန် နတ်တွေကို ပင့်ဖိတ် ရွတ်တာ နတ်သားတွေကို
ကိုယ်တိုင်တွေ့ ရတယ် လို့ သိလိုက်ရတဲ့ အချိန်က စပြီး နံက်တိုင်း သုံးနာရီ ထပြီးရွတ်ဖြစ်တယ် ။


လေးငါးနှစ်လောက်ကြာတော့ တစ်စုံ တစ်ယောက် က ပြောတယ် ။ လက်အုပ်ချီ ရွတ်ပါ အမွေးနံ့ သာများ
ဖြန်းပေးပါ အိမ်ရှေ့က အဝတ်လှမ်းကြိုးတွေ ဖြုတ်ပေးပါ အမျှပေးပါ ...  ဆိုပြီးလာပြောတယ် ။


အဲဒါနဲ့ သူတို့ ပြောတဲ့ အတိုင်းပဲ လုပ်ပေးတယ် ။ ရေးမွေးဖြန်းပေးတော့ နံ့ သာဖြူအမွေးပဲ ဖြန်းပေး ပါတဲ့ အရင်က လက်အုပ်ချီ မရွတ်ဖြစ်ဘူး  သူတို့ ပြောပြီးကတည်း က လက်အုပ်ချီ ရွတ်ရတယ် ။
ဘယ်လောက် အိပ်ရေး ပျက်ပျက် အဲဒီအချိန် ကျရင် ခေါင်းကို လာပြီး ဆွဲထူတာ ခံရတယ် ။


အိမ်ငှား ဘဝနဲ့ နေရတယ် ရောက်တဲ့ အရပ်မှာ ရွတ်ဖြစ်တယ် ကိုယ်စောင့်နတ် အိမ်စောင့်နတ် က စလို့ 
ဝိဇ္ဇာတွေ ပြိတ္တာတွေ အကုန်လုံး ကို ကောင်းမှု့ ကုသိုလ် လုပ်တိုင်း အမျှပေးတယ် သက်ရှိ ထင်ရှား ဘုရားရှင် ကို ကပ်သလိုမျိုး အရုဏ်ဆွမ်း နေ့ ဆွမ်း တနေ့  နှစ်ကြိမ် ကပ်တယ်  ။ အမျှပေးတယ် ။ 


ကိုယ်နေတဲ့ အရပ်က ရှိတဲ့ အိမ်စောင့်နတ် မကျွတ်မလွတ်သူ အားလုံးကို ကုသိုလ်လုပ်ပြီးတိုင်း အမျှပေးတယ်
သူတို့ စားရသောက်ရတဲ့ အကြောင်းလာပြောတယ် ။ အန္တရာယ် တစ်ခုခုကြုံတော့မယ် ဆို လာပြောတယ် ။
နေရာပြောင်းတော့မယ် ဆိုရင် မပြောင်းဖို့  ငိုယိုပြီးတောင်းပန်ကြတယ် ။





ဆယ့်လေးငါးနှစ်လောက် ရွတ်လာတာ နဲ့ အမျှ ထူးဆန်း အံ့သြစရာကောင်းတာတွေ အများကြီး
ကြုံတွေ့ ရတယ် ။ ခြင်တစ် ကောင်ကို ယောင်ပြီး သတ်မိရင်တောင် ငါးပါးသီလ ကို ချက်ချင်း ပြန်ယူ ခိုင်း တယ်။  ဝိဇ္ဇာတွေ နဲ့ စကားပြောရတယ် ။
 

နတ်ကိုတွေ့ ဘူးတယ် ယမမင်း ကိုတွေ့ ဘူးတယ် ။ နာမည်တွေ လိပ်စာတွေ နဲ့ အမျှပေးဖို့ လာတောင်း ဆိုတဲ့
တစ္ဆေ သရဲတွေ တွေ့ ဘူးတယ် ။


ကဲ........................
ယုံပါလို့ တော့ မပြောလိုပါဘူး ဒါပေမဲ့ ကျွှန်တော့လိုမျိုး ပဋ္ဌာန်း တရားတော်ကြီးကို နံက် ၃ နာရီလောက်ထပြီး
နှစ်ပေါင်းများ စွာ ရွတ်ကြည့်ကြပါလို့ တော့ အကြံပေးချင်ပါတယ် ။


ဒီကိစ္စနဲ့ ပတ်သတ်လို့ တော့ မည်သူ့ ကိုမှ ကွန်းမန့် မပေးပါဘူး မယုံလည်း ပုံပြင်လို့ သာမှတ်ကြပါ ။



 ဦးမြင့်ခိုင်

No comments:

Post a Comment