Friday, June 3, 2016

Facebook Account I.D စစ်ကြည့်မည်

U Mg Mg Nyunt's photo.



Facebook သုံးစွဲသူ အသီးသီးသည် Account ပြုလုပ်ရာတွင် အမည် အမျိုးမျိုး၊ ပုံအမျိုးမျိုးဖြင့် ပြုလုပ် သုံးစွဲလေ့ ရှိကြပါသည်။ အချို့က အမည်နှင့် ရုပ်ပုံ ကို တစ်သမတ်တည်း ပြုလုပ် သုံးစွဲသကဲ့သို့၊ အချို့ကလည်း အမည်နှင့် ပုံကို အကြောင်း အခြေခံ အမျိုးမျိုးကြောင့် မကြာခဏ ပြောင်းလဲ သုံးစွဲကြပါသည်။


 ပြင်ပကမ္ဘာ ရှိ မိမိတို့နိုင်ငံသား စိစစ်ရေးကဒ်ပြား ကိုဆောင်ရာတွင် စိစစ်ရေး ကဒ်ပြား အမှတ် ရှိသကဲ့သို့၊ Facebook Account တွင်လည်း စိစစ်ရေး အမှတ် Identification Number (I.D) ရှိသည်ကို သတိပြုမိသူ နည်းပါး လှပါသည်။ 

အမည်နှင့် ပုံ မည်သို့ပင်ပြောင်းလဲစေကာမူ၊ မူလ Acount စတင် ဖွင့်စဉ် ကပင် Facebook က I.D နံပါတ် သင်္ကေတ တစ်ခု သတ်မှတ်ပေးပြီးဖြစ်ပါသည်။ သို့သော် မိမိတို့နိုင်ငံ အနေဖြင့် Facebook ကို ကွန်ပြူတာဖြင့် သုံးသည်ထက်၊ တယ်လီဖုန်း၊ တက်ဘလက် တို့ဖြင့်သာ အသုံးများခြင်း၊ ထိုသို့ သုံးစွဲရာတွင်လည်း Internet Explorer နှင့် Firefox တို့ကို သုံးခြင်းထက်၊ ပိုမိုလျှင်မြန် လွယ်ကူသည့် Fb application ကို အသုံးပြုခြင်းကြောင့် ယင်း အချက်ကို သတိမထားမိခြင်း ဖြစ်ကြပါလိမ့်မည်။ 

ယခု ကွန်ပြူတာတွင် Firefox မှ Fb သို့ ဝင်၍ ကြည့်ခြင်းကို အကျဉ်းပြောပါမည်။ မိမိ သိလို သူ၏ အမည် ကိုထောက် ၍ သူ၏ ကိုယ်ပိုင် Wall ကို ဖွင့်လိုက် ပါက၊ အထက် နား ဆီမှ Internet Explorer Bar တွင် ယနေ့ လူ အများခေါ်နေသည့် Link ကိုတွေ့ရပါသည်။ 

ယခု ရွှေမန်းမြေ မှ ကျနော် ၏ ညီငယ် ဦးလင်းခိုင် ကို နမူနာ ပြထားပါသည်။ (တရား မစွဲနဲ့နော် ဦးလင်းခိုင် ရေ ) ဤတွင် Internet Explorer Bar ကို အဝါရောင်ဖြင့်ပြထားပြီး၊ အစိမ်းရောင် ချယ်ပြထားသည့် I.D= --------- မှာ သူ၏ I.D နံပါတ်ပင် ဖြစ်ပါသည်။ 

သူ့ အနေဖြင့် Profile Name အမည် ကို မည်သို့ပင် အကြိမ်ကြိမ်ပြောင်းလဲစေကာမူ၊ သူ၏ Profile Image ကို မည်သည့်ပုံ သို့ပြောင်းလဲစေကာမူ ဤ Account ကိုပင် သုံးစွဲနေခြင်းဖြစ်ပါက၊ သူ၏ I.D နံပတ်သည် ပြောင်း လဲသွားမည် မဟုတ်ပါ။ 


အခြားသူ တစ်ဦးက သူ၏ အမည်ဖြင့် သူ၏ ပုံကို ယူ၍ Account တစ်ခု ဖွင့်ကာ သူ၏ သိက္ခာ ကျရာ ကျကြောင်း ပြုလုပ်စေကာမူ၊ ဤ I.D No. ကို စစ်ဆေးကြည့်လိုက် ပါက သူ မဟုတ်ကြောင်း ကွဲပြားစွာ တွေ့ ရမည်ဖြစ်ပါသည်။ 

ဤသည်ကား I.T နည်းပညာ အများထဲမှ တစ်နည်းသာဖြစ်ပါသည်။ ထို့အတူ သူတင်သော Post များကိုလည်း Post No. ဖြင့် မှတ်သား စိစစ်၍ ရပါသေးသည်။ 

ယင်းတို့နှင့် စပ်လျှဉ်း၍ ကျွမ်းကျင်သူများ က တစ်ဦး တစ်မျိုးစီ ရေးတင်ပေးမည် ဆိုပါက၊ သုံးစွဲသူများ Account တုများ ဘေးရန်မှ ကင်းဝေးမည်ဖြစ်ပါကြောင်း -----------

 U Mg Mg Nyunt

No comments:

Post a Comment