Friday, June 24, 2016

ရာသီလာစဉ် အတွင်း မပြုလုပ်သင့်တဲ့ အရာများ


 

အမျိုးသမီးတွေဟာ ရာသီလာစ ဉ်ကာလ အတွင်း ခံစားချက်ပြင်းထန် တာ အမျိုးသားတွေတောင် သိတာမို့ ဒီလို အချိန်မျိုးမှာ မလုပ်သင့်တဲ့ အရာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

ကိုယ်လက် လှုပ်ရှား အားကစား

ဒီလို အချိန်မှာ တစ်ကိုယ်လုံး ဖောသွပ်သွပ်ဖြစ်နေတတ်ပါတယ်။ ပြီးရင်တော့ ပြန်လည် တင်းရင်း ကျစ်လစ် သွားမှာ မို့ မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ဖို့တော့ မလိုအပ်ပါဘူး။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း လုပ်ရင်း ကိုယ့် အားကစား ၀တ်စုံလေး ညစ်ပေ လွှတ်ပစ်လိုက်ရဖို့ က ပိုများနေတယ်လေ။

ချောကလက်တွေ အများကြီးစားခြင်း

လူတွေ ပြောသမျှစကား ကို မယုံပါနဲ့။ ကိုယ့် ရဲ့ ရာသီ စက်ဝန်းအတွင်းမှာ ချောကလက်တွေ အများကြီး စားရတယ် ဆိုတာမျိုးပေါ့။ ဒါတွေ စားလိုက်လို့လည်း ကိုယ့် ခံစားချက်က ပိုပြီးကောင်းလာမှာ မဟုတ်ပါဘူး။
 


ရေခဲမုန့်

ရေခဲမုန့်တွေ အများကြီး စားချင်တတ်ပေမယ့် နို့ထွက် အစားအစာတွေမှာ အဆီဓါတ်တွေ အများကြီး ပါတာကြောင့် ၀တုတ်ဖြစ်သွားဖို့ က များပါတယ်။ အရမ်း စားချင်နေရင်တော့ သကြားထည့်တာခြင်း မရှိ တဲ့ ရေခဲမှုန့် ၁ ဇွန်း ၂ ဇွန်းလောက်သာ စားပါ။

ကော်ဖီ

ကော်ဖီ စွဲနေတဲ့ သူဆိုရင် ၃ ၄ ရက်လောက် ကော်ဖီဖြတ်ထားဖို့ အတော် ခက်ပါလိမ့်မယ်။ ဒါပေမယ့် ကဖိန်း ဓါတ် ဟာ ရာသီသွေး ပုံမှန်ပေါ်ခြင်းကို အနှောက် အယှက်ဖြစ်စေပါတယ်။ ဆရာဝန်တွေ အဆိုအရ ဒီလို အချိန် မှာ ကော်ဖီသောက်သုံးတာဟာ အိပ်မပျော်ခြင်း၊ စိတ်ဓါတ် ကျသလို ခံစားရခြင်းတွေကို ပါ ဖြစ်စေနိုင် တယ်လို့ သိရပါတယ်။ ဒါကြောင့် ကဖိန်းဓါတ် ပါတဲ့ ကော်ဖီ၊ စွမ်းအားပြည့် အချိုရည်တွေ ကို ရှောင်ကြည်သင့် ပါတယ်။

အရက်

အရက် ဟာ သွေး ဆင်းမှုကို ပိုမို များပြားအောင် တွန်းအားပေးတာကြောင့် နေထိုင် မကောင်းဖြစ်စေပါတယ်။ အရက် တစ်ခွက်လောက် သောက်ရုံ နဲ့ သိသာစေတာမို့ ရှောင်ကြဉ်ဖို့လိုပါတယ်။





ဆီကြော်အစား အစာများ

ဒီလိုအချိန် မှာ ဆီကြော် အစားအစာတွေ စားသုံးတာဟာလည်း မအီ အသာဖြစ်စေ တာကြောင့် ရှောင်သင့် ပါတယ်။

ထိပ်တိုက်တွေ့ခြင်းများ

သူငယ်ချင်း တစ်ယောက်ယောက် နဲ့ အငြင်းအခုံ မလုပ်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ ကိုယ် တစ်ကယ် မရည် ရွယ် ဘဲ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ကိုယ့် သူငယ်ချင်း အချင်းချင်း ၀မ်းနည်းအောင်၊ စိတ် ဆိုးအောင် လုပ်မိ တတ်ပါတယ်။

အိမ်မှု ကိစ္စများ

မီးဖိုချောင်ထဲ က အမှိုက်တွေ၊ ရေချိုးခန်း ထဲက လျှော်စရာ အ၀တ်တွေက ဘယ်ကို မှ ထွက်သွားမှာ မဟုတ် ပါဘူး။ ဒါကြောင့် ရာသီသွေးပေါ်နေချိန် မျိုးမှာ ကိုယ့်ကို ကိုယ် ၀မ်းနည်း စရာ၊ စိတ် ပင်ပမ်းစရာတွေ မဖြစ် ပါစေနဲ့။ အရှုပ်ထုတ်တွေကို လည်း ဒီအတိုင်းပဲ ထားလိုက်ပြီး အိပ်ယာပေါ်မှာ စာအုပ် ဖတ်တာမျိုး၊ ရုပ်ရှင် ကြည့် တာမျိုးသာ လုပ်ပစ်လိုက်ပါ။

 


( Paing A K )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : healthyrecipeshome


No comments:

Post a Comment