Sunday, July 12, 2015

Facebook ပေါ်မှာ sexy virus လင့်တွေကို ဖျက်နည်း



 Aung Pyay Thein's photo.


facebook ပေါ်မှာတွေ့တွေ့နေတဲ့ sexy ဆိုက်တွေ ဟာ  virus လင့်ဖြစ်ပါတယ်။  sexy ဗိုင်းရပ် လင့်ကြည့်မိပြီ ဆိုတာ နဲ့ ကြည့်မိ သူရဲ့ ကိုယ့်အကောင့်နာမည် နဲ့ သုးံပြီး အဲဒီ sexy ဗီဒီယိုတွေ ကို ကိုယ်နဲ့ ပတ်သက်တဲ့ မိတ်ဆွေ သူငယ်ချင်း၊ မိမိ ဝင်ထားတဲ့ group တွေမှာ မိမိ အကောင့် နာမည် နဲ့ ပေးပို့နေမှာဖြစ်ပါတယ် ။

တကယ်လို့  ကိုယ့် မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက် က sexy လင့်တွေ ကိုပေးပို လာရင် လည်း သူ ဗိုင်းရပ် ကိုက်ခံနေရပြီ ဆိုတာ နာလည် ခွင့်လွတ်ပေးဖို့ လိုပါ တယ် ။

ကိုယ်ကလည်း ဖွင့်မကြည့်မိ ပါစေနဲ့....ဗိုင်းရပ်လင့်  ဘယ်လိုပြန်ဖျက်ထုတ်ရ မလဲပြောပြပါမယ်..... 

ဗိုင်းရပ်လင့် ဖျက်နည်းပါ။

Group မှာ မိမိ အကောင့် အမည်ဖြင့် sexy ဗိုင်းရပ် လင့် သွားပေါ်နေရင်....

- Account setting ထဲ ဝင်ပြီး privacy ကိုနှိပ်လိုက်ပါ။


- Privacy setting and tools ဆိုပြီး ပေါ်လာပါလိမ့်မယ် အဲဒီ ထဲက Review all your posts and things you're tagged in ဆိုတာ ရှာလိုက်ပါ။

-Review all......... ကိုတွေ့ပြီ ဆိုရင် အဲဒီ စာကြောင်းဘေးက Use Activity Log ကို နှိပ်လိုက်ပါ။

- Activity log ခေါင်းစဉ်အောက် က photo,likes,comments နား က more ကိုနှိပ်လိုက် ပါ။

- photo,likes,comment,about....... စသဖြင့် အတန်းလိုက်ပေါ်လာ လိုမ့်မယ် ။ အဲဒီလိုပေါ်လာရင် Group ဆိုတာကို ရှာပြီး ဝင်လိုက်ရင် Group မှာတင်ထားတဲ့ ပို့တွေ comment တွေ့ပေါ်လာပါ လိမ့်မယ်။ 

 ပေါ်လာတဲ့ ပို့တွေ comment တွေ့ ထဲမှ မိမိ အကောင့်နာမည် sexy ပို့တွေကို လိုက်ရှာပြီး ဖျက်လို ရပါပြီ ခင်ဗျာ.....

_ဖုန်းန့ဲဖျက်နည်းလေးပါ။  ကွန်ပျုတာလောက် မရှုပ်ပါဘူး။

 facebook ကထောင့်ဆုးံ က menu setting ထဲ ဝင်ပြီး အောက်ဖက်နား က Activity Log ကိုရှာပြီး ဝင်လိုက်ပါ။

post တွေ comment ပေါ်လာပါလိမ့်မယ် ။

အဲဒီမှာ မိမိ အကောင့် နာမည် နဲ့ sex ပို့စ် တွေကို လိုက်ရှာပြီး ဖျက်လိုက်ပါ ။

“မူရင်း ပိုစ့် ပိုင်ရှင်ကို credit ပေးပါသည်။


APT

 Aung Pyay Thein  သီချင်းကမ္ဘာ

No comments:

Post a Comment