Friday, July 17, 2015

နာဆာ မှ မြန်မာ ပညာရှင်

 အာကာသ နှင့် စကြာဝဠာ's photo.


 အမေရိကန် အာကာသအေဂျင်စီ (နာဆာ) မှာ တာဝန် ထမ်းဆောင်နေ တဲ့ မြန်မာ လူမျိုး ရှိပါသလား လို့ စာဖတ် ပရိတ်သတ် တစ်ယောက်က မေးဖူးပါတယ်။ 

ကျနော်လည်း ဒီမေးခွန်း အတွက် အဖြေကို လိုက်ရှာရင်း အမှတ်မထင် တွေ့လိုက်တဲ့ Comment ၂ ခု ကနေ နာဆာမှ မြန်မာလူမျိုး သုတေသန ပညာရှင် တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်..။

ဆရာကြီး ဒေါက်တာ ပဒေသာတင် လို့ခေါ်ပါတယ်။ သူဟာ ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မှ ရူပဗေဒ အဓိက ဘာသာဖြင့် MSc ဘွဲ့၊ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် Western Illinois University မှ ရူပဗေဒ အဓိက ဘာသာဖြင့် MS ဘွဲ့၊ မစ်ဆိုးရီးပြည်နယ် University of Missouri, Rolla မှ ရူပဗေဒအဓိကဘာသာဖြင့် PhD ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်.။

နာဆာရဲ့ နိုင်ငံတကာ အာကာသ စခန်း မြေပြင် ထိန်းချုပ်ရေး ဌာနမှ The Melting of Aqueous Foams (Foam Optics and Mechanics) နဲ့ Structure and Dynamics of Freely Suspended Liquid Crystals တို့မှာ Project Scientist အနေ နဲ့ လုပ်ကိုင်နေပါတယ်။





 အာကာသ နှင့် စကြာဝဠာ's photo.

ဆရာကြီး ရဲ့ ဖခင် ကတော့ လွတ်လပ်ရေးခေတ် က ဗိုလ်ချုပ်အောင်ဆန်း တို့နဲ့ အတူ နိုင်ငံ အကျိုး သယ်ပိုး ခဲ့တဲ့ အမျိုးသားခေါင်းဆောင် သခင်ဝတင် ပဲဖြစ်ပါတယ်။

ဆရာကြီး ရဲ့ အမည် နဲ့ ရာဇဝင် ကို ဖော်ပြခြင်း ဟာ အနာဂတ် မြန်မာ လူငယ်များ မျိုးချစ်စိတ် နဲ့ ပညာသင်ယူ လိုစိတ် ပြင်းပြ လာအောင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ 

 အာကာသ နှင့် စကြာဝဠာ's photo.

အနာဂတ် လူငယ်များ ပညာ ကို ကြိုးစား သင်ယူပြီး လူတော် လူကောင်းများ အဖြစ် ကမ္ဘာ့ အလယ်မှာ ဝင့်ကြွား ဂုဏ်ယူနိုင်ကြပါစေ..။

ပညာရှင်ကြီး များနဲ့ ပညာသင် လူငယ် များပေါင်းစည်းပြီး နိုင်ငံအကျိုး ကို ဆထက် တံပိုး ထမ်းဆောင်နိုင်ပါစေ လို့ ဆန္ဒပြုလျက်..။


Credit to Dr. Myo Thaik
သန့်ဦး (အာကာသနှင့် စကြဝဠာ)
 အာကာသ နှင့် စကြာဝဠာ 



No comments:

Post a Comment