Friday, July 24, 2015

ဝါဆို လပြည့်နေ့ အကြောင်း သိကောင်းစရာများ





ဝါဆို လပြည့် ဆိုတာ မြန်မာတွေ အတွက် အရေးပါလှတဲ့ နေ့ လေး တစ်နေ့ ပါ ။ ကျေးဇူးတော် ရှင် ဂေါတမမြတ်စွာ ဘုရား တရားဦးဟောကြား ခဲ့သော ဓမ္မစင်္ကြာ တရားကြောင့် ဗုဒ္ဓ အလင်းရောင်တွေ ထိန်လင်းခဲ့ ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ ဟာ သစ္စာလေးပါး နဲ့  အမှန်တရား ကို ဟောပြ ခဲ့တဲ့ နေ့ ထူးနေ့မြတ် ဖြစ်ပါသည် ။

ဝါဆို လပြည့်နေ့ ရာဇ၀င်
ဟိုးရှေးရှေးတုန်း က… မြတ်စွာဘုရား လက်ထက် မှာ ရဟန်းသင်္ဃာ အများစု သည် မိုးတွင်း ကာလမှာ စိုက် ပျိုးထားသည့် စပါးခင်းများ ထဲကို ဖြတ်သန်း၇လေ့ ရှိတာကြောင့် စပါးခင်းတွေ ပျက်စီး ခဲ့ရပါသည်။ 

အဲဒီ အကြောင်း ကို ရွာသူ ရွာသားများ က မြတ်စွာဘုရား ကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရား သည် စပါးပင် စိုက်တဲ့အချိန် ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိ တိုင်အောင်.. ရဟန်းသင်္ဃာ များကို မိမိ သီတင်းသုံးနေသောကျောင်း မှ ဘယ်နေရာကို မှ ညအိပ် ညနေသွားခွင့် မရှိပဲ နဲ့ မိမိကျောင်းမှာပဲ သီတင်း သုံးကာ တရားအားထုတ်ဖို့  အချိန် သုံးလ သတ်မှတ်ခဲ့ပါသည်။ 

ထိုကာလ ကို ၀ါတွင်း သုံးလ လို့  ခေါ်ပါသည်။ အဲဒါကြောင့် မို့ ဒီ ၀ါတွင်း သုံးလ အတွင်းမှာ ရဟန်း သင်္ဃာ များ ဟာ ဘယ်မှဝေးဝေး လံလံ မသွားပဲနဲ့  ကိုယ့်ကျောင်း မှာပဲ တရားဒေသနာ များကို သင်ချအား ထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်း သတ်မှတ်ခဲ့ပါသည်။


ဝါဆို သင်္ကန်း
ဝါဆိုသင်္ကန်း- ဆိုတာ ၀ါတွင်း ကာလ (မိုးကာလ) ၌ မိမိတို့ကျောင်းအသီးသီး တွင် သီတင်းသုံးနေထိုင် သည့် သံဃာတော်များ အား လှူဒါန်းသည့် သင်္ကန်းလို့ ပြောနိုင်မယ် ထင်ပါသည်။ 

ဘုရားရှင် ဟောကြား တဲ့ ပါဠိတော်များ မှာ ၀ါဆို သင်္ကန်းကို  ၀ဿာ    ၀ါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိ အင်္ဂလိပ် အဘိဓာန် မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ 

တိပိဋက ပါဠိအဘိဓာန် က  ၀ဿာ     ၀ါသိက- မိုးကာလ ၌ နေလေ့ ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ ၌ မိမိတို့ကျောင်း တွင် နေလေ့ ရှိသော ရဟန်းတို့အား ပေးလှူ   အပ်သော သင်္ကန်းလို့ ဖွင့်ပါ သည်။

ဝါမဆိုမီ ကာလ မှာ ၀ါဆိုသင်္ကန်း ကို ကပ်လှူလေ့ ရှိသည်။ ၀ါတွင်းကာလ မှာ အရင်ကထက် ပိုလို့ စာသင် စာချ (ပရိယတ်) တရားထိုင် တရားပြ (ပဋိပတ်) လုပ်တဲ့ သံဃာတော်တွေ ကို ၀ါဆို သင်္ကန်း ဆိုပြီး ကျွန်တော် တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ က လှူဒါန်းကြပါသည်။


Credit :    Myawady News
 http://www.searchmyanmar.com/link/frame/cid/52532


No comments:

Post a Comment