Tuesday, July 14, 2015

သွေးစုပ် ဖုတ်ကောင် များ ကျန်းမာရေး ၀န်ထမ်းများကို ကြောက်လေ့ရှိ


      


မိမိကိုယ် ကို သွေးစုပ် ဖုတ်ကောင် Vampire များ အဖြစ် သတ်မှတ်ပြီး ကျန်းမာရေးကောင်းရန် လူသွေး သို့မဟုတ် အခြား တိရစ္ဆာန် များ၏ သွေးများ ကို သောက်သော သူများသည် လူမှု ၀န်ထမ်း များနှင့် ဆေး ပညာရှင် များ က ၎င်းတို့ ကို တွေ့ရှိပြီးနောက် တကယ့် မကောင်းဆိုးဝါး သို့မဟုတ် စိတ်ကျန်းမာရေး မကောင်းသူ အဖြစ် သတ်မှတ်မည် ကို စိုးရိမ်ကြကြောင်း လေ့လာမှုတစ်ခုက ဖော်ထုတ်လိုက်သည်။
      

သုတေသီများ သည် အဆိုပါ ဗန်ပိုင်းယား ဟု ကိုယ့်ကိုယ် ကိုယ် သတ်မှတ်ထားသူ တစ်စုကို လေ့လာ ခဲ့ ပြီးနောက် ၎င်း တို့ကို နားလည်ရေး သည် ကျန်းမာရေး လုပ်သားများ အတွက် အရေးကြီးကြောင်း သိလာရ သည်ဆိုသည်။

      “ဘ၀ဖြစ်တည် မှု မတူပေမယ့် ဒီလိုတွေ ဟာ လူတိုင်းမှာ လိုပဲ ကိစ္စတွေ ရှိနေပါတယ်”ဟု အိုင်ဒါဟို တက္ကသိုလ် မှ တွဲဖက် ပါမောက္ခ ဒီဂျေ ၀ီလီယမ် က ဆိုသည်။
  


    “လူတိုင်း လူတိုင်း မှာ ပေါင်းသင်း ဆက်ဆံရေး ဆိုင်ရာ ကိစ္စတွေ၊ အလုပ် အကိုင် ရရှိရေးနဲ့ မိသားစုဝင် တစ်ဦး ဦး ကွယ်လွန် ဆုံးရှုံးရခြင်းမျိုး လို ကိစ္စတွေ ရှိကြတာပါပဲ။ 

တစ်ချို့သော ဘ၀ပုံစံ အပြောင်းအလဲ (ဗန်ပိုင်းယား) ဖြစ်နေသူတွေ ကိုလည်း ဆေးပညာရှင်တွေ က ကုသမှုတွေ လုပ်ရင် ဒီ ကိစ္စတွေ ကို သတိထားသင့် ပါတယ်။ 

တကယ်လို့ ဆေးပညာရှင်တွေ ဟာ သူတို့ အကြောင်းကို သိထားရင် ပိုကောင်းအောင် ကုသပေးနိုင် မှာ ဖြစ် ပါတယ်”ဟု ဗန်ပိုင်းယား များကို လေ့လာ ခဲ့သော ၎င်းက ဆိုသည်။
      

သုတေသီ များသည် ကိုယ့်ကိုယ် ကိုယ် ဗန်ပိုင်းယား ဟု သတ်မှတ်သော သူများ (၁၁) ဦး ကို လေ့လာခဲ့ပြီး ၎င်းတို့ မှာ အသက် (၃၇) မှ (၄၁) နှစ် အရွယ်ကြားရှိ ကြကြောင်း သိရသည်။
      

၎င်းတို့သည် ရုပ်ရှင်များထဲ က ကဲ့သို့ အနက်ရောင် အင်္ကျီများ မ၀တ်သော် လည်း သဘောတူ လက်ခံသည့် လူများ ထံမှ ဘရိတ်ဓား သုံး၍ ရင်ဘတ် တွင် ခြစ်ရာပေးကာ သွေး အနည်းငယ်ကို လျက်ကာ နေ ထိုင် ကြကြောင်း၊ ထိုသို့ လုပ်ခြင်းမှာ ၎င်းတို့ အတွက် အခြားသူများ ထက် အင်အား ပိုလို အပ်၍ ဖြစ်ကြောင်း ဆိုသည်။ 

ပညာရှင် များ၏ ထိုလေ့လာချက် ရည်ရွယ်ရင်း မှာ ဗန်ပိုင်းယား များကို ဆေးကုသမှု များ လုပ်ရာ တွင် ဆေး ပညာရှင်များ အနေဖြင့် ၎င်းတို့ အကြောင်း ပိုမို နားလည်ရန်ဖြစ်ကြောင်း ဆိုသည်။                      


Source:UPI
 http://www.searchmyanmar.com/link/frame/cid/52233

No comments:

Post a Comment