Saturday, July 11, 2015

နဂါး ဦးခေါင်း မဟာ တံတိုင်းနှင့် တိုက်မိခြင်း






10th July 2015
ဂရိ ရဲ့ စီးပွားရေး အကျပ်အတည်း အပေါ် ရှိကြတဲ့ အာရုံ အလုံးစုံ ကို တစ်ရက်ထဲ နဲ့ တရုတ် ရှယ်ယာ ဈေးကွက် က ဖမ်းယူ သွားခဲ့တယ်၊ (၈. ၇. ၁၅) တစ်ရက် ထဲမှာ တရုတ် စတော့ဈေးကွက် (၅၁%) နီးပါး အရောင်း အဝယ် ရပ်တံ့ သွားခဲ့ပြီး တစ်ခဏ အတွင်း (၃.၂) ထရီလီယံ တန်ဘိုး ရေငွေ့ပျံ သွားတဲ့ ပမာဏဟာ မသေးဘူး လို့ ဆိုရ ပါလိမ့်မယ်။

ဆယ်စုနှစ် သုံးခုလောက် တစ်ဟုန်ထိုး စီးပွားရေးကောင်း လာခဲ့တဲ့ တရုတ်တွေ အတွက် အခုတစ်ကြိမ် ဟာ ဆိုးဆိုး ဝါးဝါး အဖြစ်ဆုံးဖြစ်ပြီး မဟာတံတိုင်းကြီး နဲ့ တရုတ် နဂါးခေါင်း တိုက်မိ သွားတာလို့ တောင် တင်စား နိုင်မလား မဆိုနိုင်ပါဘူး ။ 

ဒါပေမဲ့ တရုတ်ဘက် က ပြန် ခုခံလိုက်တာ ကတော့ အများပြော သ လောက်တော့ မဟုတ် ပါဘူး၊ ခန့်မှန်း ချက်တွေ ထက် ပြဿ         နာက အများကြီးသေးပါတယ်  လို့ ချေပ ထားတာ တွေ့ရတယ်၊ Qu Hongbin က စတော့ဈေးကွက် ဟာ စုစုပေါင်း ဘဏ္ဍာရေးဈေးကွက် ပမာဏ ရဲ့ (၁၅%) ၊ Social Financing ရဲ့ (၅%) သာ ရှိတာ တွေ့ရမှာပါ လို့ ချေပထားတယ် ။

Qu ဆက်ပြီးပြောတာက … တရုတ်တွေ ရဲ့ စုဆောင်းငွေ အများစု ဟာ စတော့ဈေးကွက် မှာထက် လက်ဝယ် ထားရှိ တဲ့ငွေသား နဲ့ ဘဏ် အပ်နှံငွေက အများကြီး ပိုပြီး စုဆောင်းထားတာ တွေ့ရပါ လိမ့်မယ်၊ အခုဖြစ်ရပ် ကို မကြာခင် မှာ ပြန်ပြီး-ဆယ် ထုတ်သွားနိုင်ပါလိမ့်မယ် လို့ အကောင်း ဘက်ကပြောခဲ့တာ တွေ့ရတယ် ။

ဘာပဲပြောပြော ၂ဝဝ၈-အမေရိကန် Subprime ဈေးကွက် ကဖြစ်လိုက် တဲ့ စီးပွားရေး အကျပ် အတည်း နောက် ပိုင်း မှာရော၊ တရုတ် ရဲ့ သမိုင်း မှာရော က ဒီ တစ်ကြိမ် တော်တော် ကြီးကြီးမားမား တုန်လှုပ် မှုဖြစ်ခဲ့တာ ကို တော့ ငြင်းနိုင်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်၊


ကမ္ဘာ တစ်လွှား ပဲ့တင် ရိုက်ခတ်
******************************

Shanghai Composite မှာ (၃ဝ%) ကျဆင်း သွားတာဟာ ဒေသတွင်း နဲ့ ကမ္ဘာ့ စတော့ဈေးကွက် ကို တစ်စုံ တစ်ရာ သက်ရောက်မှု ရှိပေမယ့် တရုတ် စီးပွားရေး ကို ပြိုလဲ သွားအောင်တော့ မဖြစ်နိုင်ဘူး လို့ ဆစ်ဒနီ အခြေ စိုက် ရင်းနှီးမြ§ုပ်နှံသူ တစ်ဦးက ပြောတယ် ။  တရုတ် စီးပွားရေး တစ်စုံ တစ်ရာ တွန့်ဆုတ်နေပြီလို့ ဘဏ္ဍာ ရေး အင်စတီကျူးရှင်းတွေ သတိပေးလိုက် လို့လား မသိပါ၊
.
Ample Finance Group ရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Alex Wong Kwok-ying က …
“ပြည်မ ကြီး က ရင်းနှီးမြ§ုပ်နှံသူတွေ အနေနဲ့ ဘာဖြစ်နေတယ် ဆိုတာ ကောင်းကောင်း သိဟန် မတူဘူး၊ အခုလို စတော့ အရောင်းအဝယ် မပြုဖို့ ခေတ္တ ဆိုင်းငံ့ ထားတာဟာ ရင်းနှီးမြ§ုပ်နှံ သူတွေ ရဲ့ ယုံကြည်မှုကို ထိခိုက်စေပါတယ်၊ အလားအလာ ရှိတဲ့ စတော့ဝယ်ယူမယ့် သူတွေ အတွက် စိုးရွံ့စေမှာ အမှန်ပါပဲ” ။
.
.
တရုတ် အင်ဂျင် "ဂျမ်း" ဖြစ်သွားသည်၊
***********************************
အခု အကျပ် အတည်းမှာ တရုတ်အနေ နဲ့ စတော့တန်ဖိုး (၃.၂) ထရီလီယံ ဆုံးရှုံးသွားတယ် ဆိုတဲ့ ပမာဏ ဟာ အတော်ကြီးမားတယ် လို့ ယူဆ ရဖွယ် ရှိတယ်၊ အထူးသဖြင့် ကမ္ဘာ့ စီးပွားရေးမှာ အဓိက မောင်းနှင်နေ တဲ့ အင်ဂျင် တစ်လုံးဖြစ်တာမို့၊
.
.
ဘရက်တန်ဝုဒ် က စလို့ အမေရိကန်ဒေါ်လာ ရွှေ နဲ့ ချိတ်ဆက်ပြီး တစ်ကမ္ဘာလုံး ရဲ့ ငွေကြေးဖြစ်အောင် ဖန်တီး သွားမှု ရဲ့မြင်ကွင်းကို ခြုံငုံ မိတဲ့ တရုတ်တွေ ဟာ ဒေါ်လာ ရဲ့အရေးပါမှု ကို သတိမူ မိကြပြီး အမေရိကန် ရဲ့ ချေးငွေ စာချုပ်တွေ ကို တဖြည်းဖြည်း ဝယ်ယူ ခဲ့ရာမှာ ဒေါ်လာ (၂) ထရီလီယံကျော်လောက် ဖြစ် သွားခဲ့တယ်၊


 ပြောရရင် ဒေါ်လာ ကို လက်ထဲ-အများအပြား ကိုင်ထားပြီး ဒေါ်လာ ကိုရော အမေရိကန် ကိုရော သွယ်ဝိုက် ပြီး ထိန်းချုပ် ထားလိုက်တဲ့ သဘောပါ၊
.
.
ပညာရှင် အချို့ရဲ့ သုံးသပ်မှု အရ တရုတ် ရဲ့ စတော့ဈေးကွက်ပြိုလဲမှု ဟာ ရပ်တံ့ မသွားသေးဘဲ ဆက်ပြီး ကျဆင်းဦးမယ် လို့ သုံးသပ်ကြတာ တွေ့ရတယ်၊ (ဒါပေမဲ့ ၅% အထက် ပိုင်ဆိုင်သူတွေ ခြောက်လ အတွင်း ထုတ်မရောင်းရ ဆိုတဲ့ စည်းကမ်း ထွက်လာတော့ ၆% ပြန်တက် ခဲ့တယ်)။


(တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှု ပမာဏက မသေးပါဘူး၊ သေချာတာ က မြန်မာ့ ပို့ကုန်တွေ ဈေးကျရင် သူဌေး သင်္ဘောနစ်တာထက် ဆိုးပြီး ခံစားရမှာပါ။ ဝယ်လို အား လျော့သွား လို့ ရွှေဈေး ကျဦးမှာဖြစ်ပြီး တရုတ် ဆိုင်ကယ်တွေ ဈေးချို လာဦးမှာ ဖြစ်ပါတယ်)။
.
.
စမစ်လား၊ ကိန်းလား
*********************

ဈေးကွက် ကို သူ့သဘော အတိုင်း လွှတ်ထားပေးပါ၊ မမြင်ရတဲ့ လက်က ဝင်ပြီး-ထိန်းပေး ပါလိမ့် မယ်} ဘောဂဗေဒပညာရှင် Adam Smith ရဲ့ ကမ္ဘာကျော် သဘောတရားပါ၊ 

Invisible Hand ဆိုပြီး ထင်ရှားတယ်၊ သူ့သဘောတရား နဲ့ လားရာ မတူဘဲ John Maynard Keynes ကတော့ အစိုးရတွေ ရဲ့ ပါဝင် ပတ်သက်မှု ရှိသင့် တယ်၊ (State Interference) ဆိုပြီး ဆန့်ကျင် ခဲ့တယ်၊ စမစ် က နိုင်ငံတော် ရဲ့ကဏ္ဍ ကို ဖယ်ရှား လိုပြီး၊ ကိန်းက နိုင်ငံတော် ကဏ္ဍ ရှိရမယ်လို့ ဆိုထားတယ်၊  

လစ်ဘရယ် နဲ့ ဈေးကွက် မှာ စမစ် ရဲ့ဩဇာ က ပိုကြီးမားပြီး တစ်လျောက်လုံး မှန်ခဲ့ သလို ဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့ ၂ဝဝ၈-အမေရိကန် စီးပွားရေး အကျပ်အတည်း မှာ အိုဘားမား ဝင်စွက်ရပါတော့တယ်၊
.
.
အမေရိကန်တွေ ဝင်ကစား မလား
********************************

၁၉၉၇-အာရှငွေကြေး အကျပ် အတည်း ဖြစ်ခဲ့တယ်၊ လက်ညှိုး ထိုးတာခ ကတော့ ထိုင်းရဲ့ အိမ်ယာမြေ ဈေး လွန် ကျူးမှု၊ မကြာမီ မှာပဲ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ က George Soros ကို တရားခံ လို့ ပြင်းပြင်း ထန်ထန် ဝေဖန် လိုက်တယ်၊ နှစ်ပေါင်း (၁၅ဝ) သက်တမ်းရှိတဲ့ Bank of England ကို ပြိုလဲအောင် Soros က ဖြိုနိုင်ခဲ့သူ ။

အခု တရုတ်တွေ ရဲ့ စတော့အကျပ်အတည်း မှာ ဆိုးရော့စ်၊ ဒါမှ မဟုတ်ရင် နောက်ကွယ် က တစ်ဦးဦး ရှိနေ မလား ဆိုတာ စဉ်းစားသင့်တယ်၊ တရုတ် ရဲ့ တိုးတက်လာမှု ကို အမေရိကန် က တစ်နည်းနည်း နဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာ တွေ့ရတယ်၊ စတော့ပြိုလဲမှု ကနေ တရုတ် စီးပွားရေးကြီး တစ်ခုလုံးကို ဖြိုချနိုင်ခွင့် ရှိနေတာ ဆိုတော့ စဉ်းစားသင့်တဲ့ အချက်တစ်ခုလို့ မြင်တယ် ။

 ၁၉၇၃-ရေနံ အကျပ်အတည်း မှာ အိုပက်တွေ က အမေရိကန် ကို ပြန်ပြီး-အရေးယူ ပိတ်ဆို့ခဲ့တာ လူသိနည်း တယ်၊ အမေရိကန် ကလည်း ရေနံ ဝယ်ပြီး သူတို့ဆီ ရောက်သွားတဲ့ဒေါ်လာ ကို နည်းပညာ အမျိုးမျိုးနဲ့ ရအောင်ပြန်ယူ ခဲ့တဲ့ သာဓကတွေ ကလည်း ရှိထားတယ်၊
.
တရုတ် စတော့တန်ဖိုး (၃. ၂) ထရီလီယံ ဆုံးရှုံး သွားပြီ ၊ အမေရိကန် ရဲ့ဘွန်း က တရုတ် ဆီမှာ (၂) ထရီလီ ယံ ရောက်နေ တယ်၊ ဒီ အချိန်မှာ အမေရိကန်တွေ က တရုတ် စတော့ကို ဝယ်ထား လိုက်ပြီး မူလ တန်ဖိုး နီးနီးရောက် မှ ပြန်လွှတ် လိုက်ရင် အမေရိကန် ဘွန်း တန်ဖိုးနဲ့ ညီမျှ တဲ့ငွေ အမေရိကန် လက်ထဲ ပြန်ရောက် လာနိုင်တယ်၊


 ပြည်တွင်း က မြန်မာတွေ သတိထား ဖို့လို
*********************************

နိုင်ငံရေး အကူးအပြောင်း လုပ်နေတဲ့ အချိန်၊ ဟိုပွက်ပွက် ဒီပွက်ပွက် ဖြစ်နေတဲ့ အချိန်၊ အခြေခံ လုပ်အားခ အကျပ် အတည်း ဖြစ်နေတဲ့ အချိန်၊ လက်နက်ကိုင်ငြိမ်းချမ်းရေး မရေရာတော့တဲ့ အချိန်၊ ရွေးကောက် ပွဲနီး လာ တဲ့အချိန် … စတဲ့ အမျိုးမျိုးသော အကျပ်အတည်း ကို မြန်မာတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာ တရုတ် အကျပ် အတည်း ကလည်း ချိန်ကိုက်ပဲဖြစ်လာကာ ကံသိပ် မကောင်းဘူးလို့ မြင်တယ် ။

သူဌေး လေယာဉ်ပျံပျောက်သွားတာ ပြဿ        နာမဟုတ်ဘူး၊ မြန်မာတွေ ခေါင်းပေါ် တင်ပြီး ဈေးရောင်း ရတဲ့ ဗန်း ပျောက်သွား မှာ စိုးရိမ်ရတယ်၊ စီးပွားရေး အပေါ် သက်ရောက်အား ဟာ မကြာခင် မှာပဲ နိုင်ငံရေးကို ကူးစက် သွားနိုင်တယ်၊ လာမယ့် ရွေးကောက်ပွဲ နဲ့ သက်တမ်း အသစ် အကူးအပြောင်း က မြန်မာတွေ အတွက် အလွန် အရေးကြီးပါတယ် ။

 ရွေးကောက်ပွဲ အတွက် (၄) လ လိုသေးပေမယ့် အဲဒီ (၄) လ အတွင်း တရုတ် ဘက် က ပြန်ပြီး နာလန် မထူ ခဲ့ဘူးဆိုရင်၊ အဲဒီက တဆင့် ဖြစ်လာတဲ့ ဘေးထွက် ဆိုးကျိုး ကို မြန်မာနိုင်ငံ က ယူချင်ချင်-မယူ ချင်ချင် လက်ခံရတော့ မလို ဖြစ်သွားပြီ၊ (၄) လ နဲ့ တရုတ် နာလန် မထူနိုင်သေးတာ သေချာတယ်၊ ဆိုရင် ........
.
အမေရိကန်တွေ ကတော့ ... အချိန်ကောင်း ကို စောင့်ကြည့်နေမှာ သေချာ လောက်တယ်၊ Hedge Fund သမားတွေ ရဲ့ အခွင့်ကောင်းလဲ ဖြစ်နေတယ်၊ အခု-အခက်အခဲ ဟာ တရုတ် အတွက် ကြီးမားတဲ့ စိန်ခေါ်မှု လို့ မြင်တယ် ။


 ဒီ အကျပ်အတည်း ကို ကျော်လွှားနိုင် ခဲ့ရင် လာမယ့် (၁၅) နှစ်လောက် မှာ အမေရိကန်တွေ ထိုင်ခုံလှုပ်ဖို့ ရှိသလို၊ ဒီ အကျပ်အတည်းနွံ  ထဲက မထွက်နိုင်ရင် တရုတ်တွေ ကို အမေရိကန် တွေ ဟားတိုက်ရယ်နေ မှာ မြင်ယောင်မိပါတယ် ။

တရုတ် အတွက် ရာဇဝင် တွင်မယ့် စမ်းသပ်မှု တစ်ခုဖြစ် သလို ငလျင်ဒဏ် ရဲ့ အစွန်ဖျားဖြစ်တဲ့ မြန်မာ ကတော့ တဲအိမ်ငယ် လှုပ်လှုပ် ခါခါဖြစ်ရမယ့် ပွဲလို့ လည်း သုံးသပ်မိပါတယ် … ။


 နေဇင်လတ်
10-7-2015 (၁၅၆၃)


 Popular Myanmar News Journal


No comments:

Post a Comment