Monday, February 10, 2014

၂၀၁၄-ခုနှစ် - အားလုံး အတွက် ဂဏန်းဗေဒင် ကံကြမ္မာဟောကိန်း













၁၊ ၁၀၊ ၁၉၊ ၂၈ ရက်များ တွင် မွေးဖွားသော (၁) ဂဏန်းသမားများ
ဘာရောဂါမှန်း မသိတဲ့ ကျန်းမာရေးညံ့တာမျိုးကို သတိထား။ အမှုပြဿနာတွေကို သတိထား။ ဓားခုတ်ရာ လက်ဝင်လျှို မိတတ်တာတွေကို သတိထား။ ရာထူးတိုးသလို၊ ထီပေါက်၊ မဲပေါက်၊ ဆုရသလို ကံထူးတာမျိုး (သို့မဟုတ်) အနုပညာကဲ့သို့ အလုပ်တွေမှာ တစ်ဟုန်ထိုး နာမည်ကြီးသွားတာတွေတော့ ကြုံရလိမ့်မယ်။

၂၊ ၁၁၊ ၂၀၊ ၂၉ ရက်များတွင် မွေးဖွားသော (၂) ဂဏန်းသမားများ 
ဘာသာရေး လုပ်လေ ကံကောင်းလေဖြစ်မယ် ။ အတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကံ၊ ကြိုးစားခဲ့တဲ့ ရလာဒ်တွေ လာပြီး အကျိုးပေးလိမ့်မယ်။ ထီထိုးပါ။ ပြည်တွင်း ပြည်ပခရီးကောင်းတွေ၊ ဘုရားဖူး ခရီးတွေ လည်း သွားရလိမ့်မယ်။ ပညာရေးဆိုင်ရာ ထူးချွန်မယ်။

၃၊ ၁၂၊ ၂၁၊ ၃၀ ရက်များတွင် မွေးဖွားသော (၃) ဂဏန်းသမားများ

အိမ်ပြောင်း၊ နေရာပြောင်း၊ အလုပ်ပြောင်းဆိုတဲ့ ဘဝအခြေအနေ အပြောင်းအလဲတွေ ကြုံလာ မယ်။ ကောင်းသော အပြောင်းအလဲတွေ ဖြစ်မှာပါ။ ကား၊ ယာဉ်၊ စက် အဖိုးတန်အသုံး အဆောင်တွေ ဝင်လာမယ့်အချိန်ပါပဲ။



၎၊ ၁၃၊ ၂၂၊ ၃၁ ရက်များတွင် မွေးဖွားသော (၄) ဂဏန်းသမားများ 
အလုပ်နှစ်မျိုး၊ တာဝန်နှစ်မျိုး၊ နေရာနှစ်မျိုး ဆိုတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဆုံးရှုံးနစ်နာ ထားခဲ့ရတဲ့ အရာတွေ ပြန်ပြီးရတတ်ပါတယ်။ အမှုပြဿနာ၊ ကျန်းမာရေးပြဿနာ မဖြစ်စလောက်ကလေး ရှိတတ်တယ်။ လာဘ်ကတော့ အလွန်ရွှင်မယ့် နှစ်ပါပဲ။

၅၊ ၁၄၊ ၂၃ ရက်များတွင် မွေးဖွားသော (၅) ဂဏန်းသမားများ
 ဟိုဟာ လုပ်ရကောင်းနိုးနိုး၊ ဒီဟာ လုပ်ရ ကောင်းနိုးနိုးနဲ့ပဲ အချိန်တွေ ကုန်သွားတတ်ပါတယ်။ ဘာမဆို စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ တိုင်တိုင်ပင်ပင် လုပ်သင့်ပါတယ်။ စိတ်ဆိုး မာန်ဆိုးနဲ့ အိမ်က ထွက် သွားတာ၊ အလုပ်က ထွက်ပစ်လိုက်တာ၊ တစ်ဇွတ်ထိုး ဆုံးဖြတ် မိတာမျိုးတွေ သတိထားပါ။ ရာထူးတိုး သလို၊ မဲပေါက်သလို၊ ဆုရ သလိုမျိုးတွေတော့ ကြုံလာရတတ်ပါတယ်။

၆၊ ၁၅၊ ၂၄ ရက်များတွင် မွေးဖွားသော (၆) ဂဏန်းသမားများ
အစီအစဉ် အသစ်တို့၊ အိမ်ပြောင်း၊ နေရာပြောင်း၊ အလုပ်ပြောင်းတို့ အလုပ်သင့်ဆုံးနှစ်ပါပဲ ။ ပြောင်းမှ လည်းကောင်းမယ်။ လက်ရှိနေရာ၊ လက်ရှိအလုပ်မှာ  အန္တရာယ်များ တတ်ပါတယ်။ စိတ်ကူးစိတ်သန်း အသစ်၊ အစီအစဉ်အသစ်များနဲ့ ကြိုးစားသင့်တဲ့အချိန်ပါပဲ။

၇၊ ၁၆၊ ၂၅ ရက်များတွင် မွေးဖွားသော (၇) ဂဏန်းသမား 
မိဘဆရာ၊ ကြီးကဲ သူတို့ရဲ့ အကူအညီ ကြီးကြီးမားမားတွေ ရတတ်ပါတယ်။ အမွေရသလို၊ ထီပေါက် သလို ကြုံရတတ်ပါတယ်။ မပြေမလည်ဖြစ်နေတဲ့ ကိစ္စတွေ ပြေလည်သွားလိမ့်မယ်။ အဖိုးတန် ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ဝင်လာပြီး သိသိသာသာ စုမိဆောင်းမိဖြစ်လာမယ့်နှစ်ပါပဲ။

၈၊ ၁၇၊ ၂၆ ရက်များတွင် မွေးဖွားသော (၈) ဂဏန်းသမားများ
မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း ပြဿနာတွေ တစ်မျိုးပြီး တစ်မျိုး ရှုပ်နေတတ်ပါတယ်။ သူတစ်ပါး ရဲ့ကိစ္စ အတွက် ခေါင်းခံပြီး ဖြေရှင်းရတတ်ပါတယ်။ စာပေဆိုင်ရာ၊ အနုပညာဆိုင်ရာ၊ အများပရိသတ် နဲ့ဆက်နွှယ်နေတဲ့ အလုပ်မျိုးတွေမှာတော့ အထူးထွန်းေ ပါက် အောင်မြင် သွားမယ့် အချိန်ပါပဲ။

၉၊ ၁၈၊ ၂၇ ရက်များတွင် မွေးဖွားသော (၉) ဂဏန်းသမားများ
 သေမြေကြီး၊ ရှင်ရွှေထီး ဆိုတာမျိုးတွေ ကြုံလာရတတ်ပါတယ်။ ဘာမဆို ပုံမှန် အခြေအနေမှာ မဟုတ်ဘဲ ကောင်းနေပြီ ဆိုရင် သူများလိုက်မမှီ၊ ဆိုးပြီဆိုရင်လည်း သူများကယ်လို့ မရနိုင်လောက်အောင် ဘဝ မှာ အတက်အကျ ကြမ်းတတ်ပါတယ်။ ဘာအလုပ်ကိုပဲ လုပ်လုပ် အတိုက် အခံ အပြိုင် အဆိုင်တွေနဲ့ နပန်းလုံးပြီးမှ အောင်မြင်မှုရတတ်ပါတယ်။
 
(ဆရာဇင်ယော်နီ ကံကြမ္မာဖတ်သည် -  မနောမယဂျာနယ်)

No comments:

Post a Comment