Sunday, February 9, 2014

မြန်မာဈေးကွက် မှာ အပြိုင်အဆိုင်တွေ များလာတဲ့ ဂျပန်ကားများ


 
 Date: 09/02/2014

သမ္မတဦးသိန်းစိန် အစိုးရ အာဏာရလာသည့် ၂၀၁၁ ခုနှစ်မှစပြီး အခွန်များနှင့် လုပ်ထုံးလုပ်နည်း များ လျှော့ပေါ့ပေးလိုက်သည့်အတွက် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ်ကားများ မြန်မာနိုင်ငံသို့ အလုံး အရင်းနှင့် ၀င်ရောက်လာနေသည်။

ထိုကဲ့သို့ ၀င်ရောက်လာမှုက မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ တော် ရန်ကုန်တွင် ကား အရောင်းပြ ခန်းများ ဖွင့်လှစ်လာသည့် ဥရောပနှင့် အမေရိကန်မှ ကားထုတ်လုပ်သူများနှင့် အပြိုင်အဆိုင်များ တိုးလာသလို ရှိနေပါသည်။






စစ်အုပ်ချုပ်ရေး ကနေ ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှု များ ပြုလုပ် လာသော မြန်မာတွင် အနောက်နိုင်ငံ များ ၏ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလိုက်မှုနှင့်အတူ အနောက်တိုင်း ကားကုမ္ပဏီများ ၀င်ရောက် လာခြင်းဖြစ်သည်။


မြန်မာ့ ပို့ဆောင်ရေးဝန်ကြီးဌာန၏ စာရင်းဇယား အရ ပြီးခဲ့သည့် အောက်တိုဘာ တွင် မြန်မာနိုင် ငံ ၌ မှတ်ပုံ တင်သည့် ကားစီးရေ ၃၉၀၀၀၀ ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ဧပြီလမှ ၁၈ လအတွင်း မှတ်ပုံ တင်နှုန်း ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။


မြန်မာနိုင်ငံ လမ်းများပေါ်တွင် ပြေးနေသော ကားများ၏ ၉၀ ရာခိုင်နှုန်း မှာ ဂျပန် တစ်ပတ်ရစ် ကားများ သာဖြစ်သည်ဟု လေ့လာ သူများကဆိုသည်။ သုတေသန လုပ်ငန်း တစ်ခုဖြစ်သည့် Frost & Sullivan က မြန်မာ ကားဈေးကွက်သည် အနှေး အမြန် ဆိုသလို ဆက်တိုက် တိုးတက် လာမည်ဟု ခန့်မှန်းထား သည်။ 


တိုင်းပြည်ဝင်ငွေတိုးလာသည့်အတွက် ၂၀၁၉ အထိ တစ်နှစ်လျှင် ၇ ဒသမ ၈ ရာခိုင်နှုန်း နှစ်စဉ် တိုးလာမည်ဟု သူတို့၏ ခန့်မှန်းမှုတွင် ဖော်ပြထားသည်။

ကား ထုတ်လုပ်သူများ အတွက် ကားအသစ် တောင်းဆိုသည့် ဈေးကွက်ကလည်း အလား အလာ ကောင်းနေ သည်။ မြန်မာက စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့    ကူးပြောင်းသွား သည့်နောက်ပိုင်း ဂျပန်ဆူဇူကီး ကားကော်ပိုရေးရှင်း က ထရပ်ကား အငယ်စားများကို ထုတ်လုပ် သည့် လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ နစ်ဆန်းမော်တော်ကား စက်ရုံ ကလည်း ၂၀၁၅ ခုနှစ်တွင် ကား ထုတ်လုပ်သည့်လုပ်ငန်းကို စတင်လုပ်ကိုင်တော့မည် ဟု ကြေညာ ထားပြီးဖြစ် သည်။


မာဇဒါနှင့် မစ်ဆူဘစ်ရှီ မှာ ကား အသစ်များ တိုက်ရိုက် တင်သွင်းရောင်းချရန် စီစဉ်နေသည်။ ဥရောပနှင့် အမေရိကန် ကားထုတ်လုပ်သူများ ထဲတွင် ဖို့ဒ်နှင့် ဂျင်နရယ်မော်တော်ကား ကုမ္ပဏီ များက အရောင်းပြခန်းများ ဖွင့်လှစ်ထားကြပြီဖြစ်သည်။ 


အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအောက် တွင် မြန်မာနိုင်ငံ ရုန်းကန်နေရဆဲအချိန်က ထိုကဲ့သို့ အဖြစ်မျိုးမှာ စိတ်ကူးပင် မယဉ်နိုင်သော အဖြစ် မျိုးများဖြစ်သည်။ဂျာမန်ဇိမ်ခံကားများဖြစ်သော ဘီအမ်ဒဗလျူနှင့် မာစီးဒီးဘင့်ဇ် ကလည်း ဈေးကွက် သို့ဝင်ရောက်လာပါပြီ။

သို့သော်လည်း မြန်မာကားဈေးကွက်မှာ အန္တရာယ်ကင်းလှသည်တော့မဟုတ်။ ရုတ်တရက် အပြောင်း အလဲများအပေါ် လုပ်ထုံးလုပ်နည်းများက တစ်ချိန်လုံး ပြောင်းလဲနေချိန်တွင် တိုးတက်မှုလမ်းကြောင်း က နှေးကွေးနေသည်။


ဂျပန်ကား ထုတ်လုပ်သူများ အတွက် ခေါင်းခဲ စရာပြဿနာ      တစ်ခုမှာ လက်ယာ ကပ်မောင်းစနစ် ရှိသော မြန်မာနိုင်ငံတွင် လက်ဝဲမောင်း ကားများ  တင်ပို့နေမှုကို ကန့်သတ်ရန် ဆွေးနွေးဖို့ ရှိလာနိုင် သည်။ 


ထို့အပြင် စတီယာယင် ညာဘက်မှာ ရှိသော ဂျပန် ကားများက ယာဉ်တိုက်မှု များ တိုးလာသည့် အတွက်  အစိုးရ တာဝန်ရှိသူများကလည်း သိသိသာသာ စိုးရိမ်မကင်း ဖြစ်လာကြသည်။


ဂျပန်ပြည်ပကုန်သွယ်ရေး အဖွဲ့၏ ရန်ကုန်ရုံးအကြီး အကဲ မာစကီတာကာယာရာ က ““ပြိုင်ဆိုင် မှုတွေ ပြင်း ထန်တဲ့အတွက် ဂျပန်ကားတွေအနေနဲ့ ဈေးကွက်ဝေစုဆုံးရှုံးလာလိမ့်မယ်။ 


အနာဂတ်မှာတော့ ကားရောင်းပြီးရင် ၀န်ဆောင်မှုပေးတာကိုပဲ တိုးမြှင့်လုပ်ပေးဖို့က အဓိကဖြစ် လာ လိမ့်မယ်””  


(ဂျပန်တိုင်းမ်သတင်းစာတွင် ဖော်ပြထားသော ကျိုဒိုသတင်းဌာနမှ Japanese Cars Face Fight in Myanmar သတင်းဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။ )

Author: ထားထားမြင့်

7DAY DAILY


From...Search Myanmar

No comments:

Post a Comment