Wednesday, February 5, 2014

ဆယ်ကျော်သက် တို့ အုပ်ထိန်း သူနှင့် ပွင့်ပွင့် လင်းလင်း ဖြစ်စေရန်



 teenage_girl_parents


အရွယ်ရောက် ကာစ ဆယ်ကျော်သက်တွေ အနေနဲ့ အုပ်ထိန်းသူ မိဘတွေနဲ့ စကားပြောဆို ဖို့ ကြောက်ရွံ့နေ တတ်တာမျိုး တွေရှိပါတယ်။ တကယ်တော့ အရာအားလုံး ကို ကြောက်နေ တတ်တာဟာ မှားယွင်း တဲ့ အပြုအ မူတွေကို ပြုလုပ် မိစေတတ်ပါ တယ်။

 နွေးထွေမှု ရှိတဲ့ မိသားစု ဆက်ဆံရေးကြောင့် ကလေးငယ် တွေရဲ့ ဘဝ ပိုမို တိုးတက်စေဖို့ အကြံပြု ချက်လေး တွေရှိ ပါတယ်။


 ကိစ္စ သေးသေးလေး တွေက အစ မိဘကို ပြောပြပါ ကျောင်းမှာ ဘောလုံးကစား တာပဲဖြစ်စေ၊ အိမ်မှာ ဂိမ်းကစား တာပဲဖြစ်စေ၊ သင့် သူငယ်ချင်းနဲ့ အချေအတင် စကား ပြောခဲ့တာ ပဲဖြစ်စေ သင်လုပ်ခဲ့တဲ့ အကြောင်း အရာ တချို့ကို ညနေ ထမင်း စားဝိုင်းမှာ ပဲဖြစ်စေ၊ မိသားစုနဲ့ အတူ ညဘက် တီဗီ ကြည့်မယ့် အချိန်မှာပဲဖြစ်စေ သင့်မိဘ တွေကို ပြောပြပါ။ 





မသိတာကို ချက်ချင်းမေးပါ ရွယ်တူ သူငယ်ချင်းတွေက ပြောကြတဲ့ စကားတွေ ဥပမာ- လိင်မှု ဆိုင်ရာကိစ္စနဲ့ အမျိုးသမီး ရာသီစက်ဝန်း ကိစ္စတွေကို ကြားသိ လာချိန်မျိုးမှာ နားမလည် တာမျိုး တွေရှိရင် မိဘနဲ့ တိုင်ပင် သင့်ပါတယ်။ 


လူပျိုဖော် ဝင်ချိန်မျိုးမှာ ပြောင်းလဲတတ်တဲ့ အသံပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာ ပြောင်းလဲ မှု တွေ ကို သင့်မိဘကနေ တစ်ဆင့် သိရှိနားလည်ပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။
 


လိုချင်တာနဲ့ ဖြစ်ချင်တာကို စာနဲ့ ရေးချပါ ငါပြောတဲ့ အတိုင်း လုပ်ရမယ်၊ ငါပြောတာကို နားထောင်ရမယ်၊ ငါခိုင်းတာကို လုပ်ရမယ် စတဲ့ စကားသံ တွေကို ဆယ်ကျော်သက်တွေ အရမ်းကို မုန်းတတ်ကြပါတယ်။ ကိုယ့်မိဘ အုပ်ထိန်း သူတွေက ပြောနေတဲ့ အချိန်မျိုးမှာ ပြန်ပြောခွင့် မရှိ လောက်အောင်ကို အခက်တွေ့ ကြရတတ်ပါတယ်။

သူတို့ပြောတဲ့ အကြောင်းအရာ တွေကို သင် ဘာကြောင့် လက်မခံ နိုင်သလဲဆိုတာ အကြောင်း ရင်း တိတိ ကျကျ ရှိတယ်ဆိုရင်၊ အဲဒီ့အကြောင်းပြ ချက်တွေကို ဘယ်သူ့ကိုမှ လျှောက်ပြောဖို့ အခွင့်အရေးလည်းမရှိ ဘူးဆိုရင် စာအုပ် တစ်အုပ်ထဲမှာ ရေးချ ထားလိုက်ပါ။ သင့်မိဘ တွေက သင်ရေးထားတာကို တွေ့ပြီး နားလည် ပါလိမ့်မယ်။



သက်သောင့် သက်သာဖြစ်စေဖို့ တစ်ဦးတည်းကို အရင်မေးပါ အထူးသဖြင့် မျိုးပွားနည်း ဆိုင်ရာ ကိစ္စတွေနဲ့ လိင်မှုဆိုင်ရာ ကိစ္စတွေကို အိမ်မှာ သင်နဲ့ အရင်းနှီးဆုံးလို့ ထင်တဲ့ အဖေ၊ ဒါမှမဟုတ် အမေတစ်ဦးတည်းနဲ့ တိုင်ပင်တာက ပိုပြီး သက်သောင့် သက်သာ ဖြစ်စေ နိုင်ပါတယ်။



မျက်နှာချင်းဆိုင် ဖြေရှင်းပါ ကိုယ်ဖြစ် စေချင်တဲ့ ဆန္ဒတွေကို စာထဲမှာ ချရေးထားရင်း သင့်ထင်မြင် ချက်တွေ ဟာ သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းတွေ ဖြစ်တယ်ဆိုရင် သင့်မိဘတွေ ကလည်း နားလည် လာနိုင် တာကြောင့် ကြာရင် လူကြီး မိဘတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိစေနိုင် ပါတယ်။ ဒီတော့ သင်ပြော တာတွေ ကို လက်ခံ လာပါ လိမ့်မယ်။



အချိန်အခါနဲ့ အခြေအနေကို နားလည်ပါ မိဘတွေ စကားများ ရန်ဖြစ်နေလား၊ မိဘတွေ မျက်နှာကြည်လင် ရွှင်ပျမှု ရှိရဲ့လား ဆိုတာ မျိုးကိုတော့ နားလည် သဘောပေါက် တတ်ဖို့ လိုပါတယ်။ သူတို့စိတ်ဆိုး နေချိန်မှာ သင်က ပြန်ပြောရင် ပိုပြီး စိတ်ဆိုး ဒေါသ ထွက် စေနိုင် တာကြောင့် တစ်ယောက်တည်းပဲ အခန်းထဲမှာ ငိုချင် ရင် ငိုချလိုက်ပါ။ ဒေါသထွက်ရင် သင့်ခေါင်းအုံးကို ထုရိုက် လိုက်ပါ။



ပြောစကားကို နားထောင်ပါ ဘာပြောပြော မှန်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ကို တစ်ခုခု ခိုင်းတာ ပဲ ဖြစ်စေ၊ မှာတာပဲဖြစ်စေ သေချာ ဂရုစိုက်နား ထောင်ပေးဖို့ပါ။ သင်သိပြီးသား ကိစ္စ ဆိုရင်တောင် ငါးမိနစ်လောက် တော့ သေချာနားထောင်ပြီး၊ မိဘတွေ ပြောတဲ့ စကားဆုံးတော့ မှ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာ မျိုးကို ပြန်ပြောပါ။ ဘာမှ မပြော၊ မခိုင်းရ သေးခင် မလုပ်နိုင်ဘူးဆို တာမျိုး မဖြစ်ပါစေနဲ့။



တခြား ချစ်ခင်သူကို ရှာဖွေပါ သင့်မိဘကိုပြောဖို့ ခက်ခဲတယ်လို့ သင့်စိတ်ထဲမှာ ခံစားရရင်၊ ဒါမှမဟုတ် သင့် အမေကို ပြောလို့ လက်မခံ တာကြောင့်၊ သင့်အ ဖေကိုလည်းမပြောချင် ဘူးဆိုရင်တော့ သင့်ကိုချစ်တဲ့ တခြား အဒေါ်၊ အဘွား၊ ဦးလေး စတာတွေနဲ့ တိုင်ပင်ပြော ဆိုဖို့ ရွေးချယ် လိုက်ပါ။




 Credit: MWD
From...Search Myanmar

No comments:

Post a Comment