Monday, February 10, 2014

ယဉ်ကျေးမှု အမွေကို ကိုယ်က မထိန်းလျှင် ဘယ်သူထိန်းမလဲ








 


မြိုင်မြို့နယ် ဗိမာန်မ ရွာမှ မနောရမ္မာကျောင်းကြီး ၏ အတွင်းအဆင် တန်ဆာတို့က ခမ်းနား ထယ် ဝါ လှသည်။ 

အမိုး မျက်နှာကြက်မှသည် ကျောင်းတိုင်လုံးများ ထိ မည် သည့်နေရာမှ အလွတ် အ လပ် မရှိ ရအောင် ရွှေချခြင်း ရွှေဇဝါ ရေးသားခြင်း ပန်းပြောက် ပန်းခက် နတ် သိကြားဗြဟ္မာရုပ် များဖြင့် တန်ဆာ ဆင် ထားသည်။

 ကျောင်း အတွင်း သို့ ဝင် ရောက်လာသူကို မဝံ့မရဲ ဖြစ် သွားအောင် ထိုခမ်းနားထည်ဝါ မှုက ဖမ်းစားထားနိုင် သည်။



ကျောင်းဒကာ တို့ကမူ သူတို့ ကျောင်းကြီးကို ”စုလစ်မွမ်းချွန် အစ ရှိသော သစ်ပြောက် တန်ဆာ ၊ သစ္စေး ဟင်္သပဒါး မျက်ပါးရွှေစင် တန်ဆာ တို့ ဖြင်”့ ဆောက်လုပ် လှူဒါန်း ခဲ့ ကြောင်း ဖော်ပြ ခဲ့သည်။ အတွင်းပိုင်း တွင် နေရာ မလပ်ရွှေမျက်ပါး တို့ဖြင့် ရေး ခြယ် ထား သည်။ တစ်ချိန်က ထိုကျောင်း ကြီးသည် ရွှေရောင် တပြောင်ပြောင်နှင့် ညီးညီးေ တာက်နေ ခဲ့ပေမည်။


မနောရမ္မာရွှေကျောင်းကြီး တွင် ပန်းဆယ်ပန်း အတတ်များဖြင့် တန်ဆာ ဆင်ထား သည်။ ရွှေ ဇဝါရေး ပန်းချီများ ကို ကျောင်းကြီး ၏အမိုး မျက်နှာကြက် မှ သည် အတွင်းနံရံများ ကျောင်းတိုင် များ၊ စာတိုက်သေတ္တာများ၊ ပေစာထုပ် ကျမ်းဖုံးပျဉ်ချပ်များ အထိ တွေ့နိုင် သည်။ ခေတ်ပျက် စပြုနေချိန်တွင် သံသရာ ပါ နိုင်ေ အာင် ဆောင်ရွက်နေခြင်း ဖြစ် သည်။

ပန်းပု လက်ရာတို့ကို နံရံ မာရဘင် နှင့် ဝင်ထွက်ပေါက်ဘောင်များ တံခါး ရွက်များပေါ်တွင်တွေ့ရှိရ သည် ။ ထုဆစ် ထားသည်တို့မှာ ပန်းလိပ် ပန်းခွေများ၊ နတ်ဗြဟ္မာရုပ်များ၊ ကိန္နရာရုပ်၊ ဂဠုန် ရုပ်များ၊၊ ကျေးငှက်သတ္တဝါ ရုပ်များ ပါ ရှိသည်။ 


ဗုဒ္ဓသာသနာတော် ထာဝရ တည်နိုင်စေရန် အတွက် ကျောင်းတော် ကြီးကို ထိုရွှေဇဝါရေး၊ ပန်းချီ ပန်းပု အ ဆင် တန်ဆာတို့ဖြင့်လူအပေါင်းတို့ အား”လာ လှည့်၊ဖူးမြော်လှည့်ကြကုန်”ဟု ဖိတ်ခေါ် နေ သယောင် ရှိ ပြီး မြင်တွေ့ရသူတို့ စိတ်တွင် အံ့ဘနန်းဖြစ်စေရုံမျှမက သာ သနာေ တာ်၏ ဖြူ စင်ကောင်းမြတ် သန္တိ သုခ အအေးဓာတ်ကိုပါ ခံစားနိုင်စေ အောင် ဆင်ယင် ထားခြင်းဖြစ် ပါမည်။

မြတ်စွာဘုရား၏ ခြေတော်ရာပုံ ကို ကျောင်းမျက်နှာကြက်တွင် ဖော်ပြသည် မှာ ထိုရွှေကျောင်းကြီး တွင် ပထမဆုံး နှင့်အစောဆုံး တွေ့မြင်ရထူးခြင်း ဖြစ် သည်။ ဗုဒ္ဓရှင်ေ တ်ာမြတ် သည် ”ဘုန်း တော် အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော် အနန္တ အနန္တ စကြဝဠာ၊ ကမ္ဘာမြေမိုး၊ ဖျန်းဖျန်း ကျိုးမျှ၊ တန်ခိုးတော် အနန္တ” တို့နှင့်ပြည့် စုံတော်မူခြင်း ကို ရည်ညွှန်း လေသလောဟု ထင်မိသည်။ ထိုခြေ တော်ရာ ရွှေရေးပန်းချီ သည် ကာလ အ ရှည်ကြာညောင်းခဲ့ပြီ ဖြစ်သောကြောင့် အသေး စိတ်လေ့လာရန် မဖြစ်နိုင်တော့ ချေ။

ပိဋကတ်သုံးပုံ သည် သာသနာ တော်၏ အသက်ဖြစ်သည်။ ဆောက်လုပ် ထားသောကျောင်းကြီး က မည်မျှပင်ကြီး  ကျယ်ခမ်းနားလှပသည်ဖြစ်စေ၊ အတွင်း တွင် ပိဋကတ် သုံးပုံပြည့်စုံစွာ မရှိပါက အသက် ဝိညာဉ်မရှိသော ခန္ဓာကိုယ်ကဲ့ သို့ ဖြစ်ပေသည်။ ကျောင်းဒါ ယကာကြီး ဦးဆုသာ သည် ပိဋကတ် သုံးပုံအပြင် ထို ပိဋကတ်တော်များ ထား သိုရန် ခမ်းနား ကြီးကျယ်လှသော စာ တိုက်သေတ္တာ ကြီး များကိုပါ ပြုလုပ်လှူဒါန်းခဲ့သည်။ တွေ့ ရှိရသော ပေအကျိုး တစ်ရွက် မှ အောက် ပါ စာက သက်သေပြခဲ့သည်။

”သက္ကရာဇ် ၁၁ဝ၃ ခု သတင်း ကျွတ်လပြဥ့်ကျော် ချောက်ရက်နေ့(၁၉ စက်တင်ဘာ ၁၇၄၁) တွင် ကာရက ပါဠိတော် ရေး၍ပြီးသဉ်။ ကျောင်းတကာ ဆုသာ သ္မီးမော င်နှံ ကောင်းမှု” ဟူ၍ ဖော်ပြ ပါရှိ သည်။ ပေစာတိုက်များသည် ရွှေဇဝါ ပန်းချီများ သစ်စေးသရိုး ပန်းချီများဖြင့် တန်ဆာဆင် ထားသောကြောင့် သမိုင်း တန်ဖိုး လည်း ကြီးမားပါ သည်။ 


ထိုရွှေ ကျောင်းကြီးပေါ်မှ စာတိုက်များ သည် တွေ့ဖူးသမျှ အစောဆုံးဖြစ်မည်ဟု ဆို ချင်ပါသည်။ ဇလားပုံစာတိုက်သေတ္တာ များကို လည်း တွေ့ ရ သည်။ အော က်မှ လေးထောင့် သေတ္တာခံခုံ ပါရှိသည်။ ဇလားပုံကို ရွှေပိန်းချ သို့မဟုတ် ရွှေဇဝါ ရေးသားထားသည်။

တွေ့ရှိသမျှစာတိုက်သေတ္တာ အား လုံးသည် ကျောင်းတော်ကြီးနှင့်အတူ တွဲ ဖက်ပါလာခဲ့သည်များ မဟုတ်ချေ။ အချို့ မှာ နောက်ကျသောကာလများက လက် ရာ များဖြစ်ကြ သည်။ ကျောင်းနှင့် အတူပါ လာခဲ့သော စာတိုက်သေတ္တာတို့မှာ ဇလား ပုံသေတ္တာ များဖြစ်ကြောင်း တွေ့ ရသည် ။ လေးထောင့် စာတိုက်သေတ္တာကြီးများမှာ ကုန်းဘောင်ခေတ် လက်ရာများ ဖြစ်ပါ သည်။


အထက်ပါ စာတိုက်သေတ္တာမှာ သစ်ပင် ပန်းမန်တို့ ချည်း ဖော်ထားသည်။  ရာမဇာတ် မှ မှော် ရုံတော ပုံ ဖြစ်သည်။ ထိုပန်းတော ထဲတွင် မျောက်နှစ်ကောင် ပုံကို လည်း တွေ့ရှိရသဖြင့် စိတ်ဝင် စားစရာ ဖြစ် ပါသည်။ ဆော့နေကြသည့် ဟန်ပန်သို့မဟုတ်တိုက်ခိုက်နေကြသည့် ဟန်ပန်မျိုး ဖြစ် ပါမည်။ 

မနောရမ္မာ ရွှေကျောင်းကြီးသည် ယနေ မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှ သော ကျွန်းသားဖြင့်ဆောက် ခဲ့ သည့် အသားကျောင်းများတွင် သက်တမ်း အ ရှည်ဆုံးကျောင်း ဖြစ် သည်။ အလောင်း မင်းတရားကြီး ထူထောင်ခဲ့သော ကုန်း ဘောင်မင်း ၁၁ ဆက်ထက်ပင် သက် တမ်းရှည်ပေသည်။

ယခုအခါထိုကျောင်း ကြီးသည် သက်တမ်း ၂၇၅ နှစ်ပင် ရှိ ပေပြီ။ ညောင်ရမ်းမင်းဆက်၏ နောက် ဆုံးမင်း မဟာ”ဓမ္မရာဇာ ဓိပတိ (၁၇၃၃-၅၂)လက်ထက် နိုင်ငံတွင် ကသည်းကျူး ကျော်မှုများဖြင့် ချင်းတွင်း မြစ်ရိုးတစ် လျှောက် ၊ ပဲခူးသား တို့ ပခန်းကြီးတိုင် လာရောက် တိုက်ခိုက်နေစဉ် မူးရိုးတစ် လျှောက် မငြိမ် မသက်ဖြစ်နေချိန်တွင် တည်ဆောက်ခဲ့သောကျောင်း ဖြစ် သည်။

ဗိသုကာ ပညာရှင်၊ ပန်းချီပန်းပု အနုပညာရှင် သမိုင်းပညာရှင်တို့ အ တွက် မနောရမ္မာရွှေကျောင်းတော် ကြီး သည် လေ့လာစရာ တက္ကသိုလ်ကျောင်းကြီး သဖွယ် ဖြစ် သည်။ ဒေသသမိုင်းကို လည်းလေ့လာ ရရှိနိုင်ပါသည်။ ညောင် ရမ်းခေတ် ဗိသုကာလက်ရာသည် ဤ ရွှေကျောင်းကြီးပါတည်းဟု ဂုဏ်ယူဝင့် ကြွားနိုင်ပါသည်။ ထိုအ တူ ကျောင်း အတွင်း မှ ရွှေဇဝါ ပန်းချီများ၊ သရိုး ပန်း ချီများ၊ပန်းပု လက်ရာများ ကလည်း ခေတ် ကိုဖော်ပြနေကြပေသည်။


ယခု အချိန်တွင် ထိုကျောင်းကြီးကို စနစ်တ ကျစောင့်ရှောက်သူ မဲ့နေသဖြင့် အမျိုးသားယဉ်ကျေးမှု အမွေ ဆိုသည်ကို မြန်မာတို့တကယ်မှနားလည်ကြပါ၏လော ဟု စဉ်းစားစရာ ဖြစ်ပါသည်။ မည်သူမျှ လာရောက် စနစ်တကျမထိန်းသိမ်းမီ ရပ် သူရွာသားတို့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်လက်ပြီး ထိန်းသိမ်းပေးကြရန် ဆော်သြလိုက်ရပါသည်။

ဗညားရိုး

Popular Myanmar News Journal

From...Thit Htoo Lwin - News 


No comments:

Post a Comment