Wednesday, February 5, 2014

အလှအတွက် ဘ၀ပျက်သွားရတဲ့ မိန်းမလှလေး လင်ဒါ


  

လှစေလို လို့ သွားချောင်တိုက်  ရေစီးကမ်းပြိုလိုက်  ဆိုတဲ့ မြန်မာ စကားပုံ ဟာ လင်ဒါပီရက် လို အလှ အလွန်မက် တဲ့ မိန်းကလေး ငယ်တွေ အတွက် ရည်ရွယ်ပြီးပေါ်ပေါက်လာပုံရပါတယ်။
 
 အသက် ၁၈နှစ်ပဲ ရှိသေးတဲ့ လင်ဒါပီရက် ဟာ ငယ်ရွယ်နုပျိုတာကြောင့် ကလေးတစ်ယောက် အမေ လို့ ဘယ်သူမှ မထင်နိုင်ပါဘူး။
 
 ဒါပေမယ့် လှသထက်လှလို တဲ့ အမျိုးသမီးတို့ ရဲ့  အလှလောဘဇောတိုက်တွန်းမှုကြောင့်  သူ့  ရဲ့ ရင်သားကိုပိုကြီး လာအောင်ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ခွဲစိတ်ခန်းက ထွက်လာခဲ့ပြီးနောက် မှာတော့  မလှုပ်မရှားနိုင်၊ စကား လေးငါးလုံးမျှ သာပြောနိုင်တော့ တဲ့ ဒုက္ခိတ ဘ၀ရောက်ခဲ့ရတဲ့ လင်ဒါပီရက် ရဲ့ အဖြစ်ကသင်ခန်းစာယူစရာ ၊ရင်နင့် စရာပါ။


အခုအသက် ၁၉နှစ်ရှိပြီဖြစ်တဲ့ လင်ဒါဟာ မူလအခြေအနေ အတိုင်းပြန်ကောင်း လာဖို့ ဆရာ ၀န်တွေ က သိပ်မမျှော် လင့်တော့ပါဘူး။သူ့ မိခင်ကတော့ သူ့ သမီးပြန်ကောင်း လာဖို့ မျှော် လင့်နေတုန်းပါ။
 
"သမီးက အသက်ရှင်နေတယ်။ အခုသမီးက ကျမအိမ်မှာရှိနေတယ်။ သူ ပြန်ကောင်း လာဖို့ မျှော်လင့်ချက်တော့ ရှိနေတုန်းပါပဲ"အရင်က အစာကိုပိုက်နဲ့ တပ်ကျွေးရပေမယ့် အခုတော့ ပိုက်ကိုတပ်စရာ မလိုတော့ဘူးတဲ့။ သမီးရဲ့ အခြေအနေတိုးတက်လာတယ် လို့ မိခင်ဖြစ်သူက ယူဆပါတယ်။
 
လင်ဒါဟာ သူ့ သားကိုမွေးစဉ်က မေ့ဆေးနဲ့ အဆင်မပြေဖြစ်ဖူးတာကို ဆရာဝန်တွေ ကိုပြော မပြခဲ့ဖူး လို့ ဆိုပါတယ်။ တကယ်လို့ ဆရာဝန်တွေကိုပြောပြခဲ့ရင် ခွဲစိတ်မှုကို ပုံစံတမျိုးနဲ့  ချဉ်း ကပ်ပြီးခွဲစိတ်ဖြစ် ခဲ့မယ် လို့ ဆရာဝန်တွေကပြောပါတယ်။

လင်ဒါက ရင်သားကို ခွဲစိတ်ပြုပြင်ဖို့  ဒေါ်လာ ၂၈၀၀ အကုန်ခံပြီး  The Coral Gables Cosmetic Center မှာ သွားရောက် ခွဲစိတ်ခဲ့ပါတယ်။ အဲဒီ ငွေဟာ ပုံမှန်ခွဲစိတ်နေကျနှုန်းထက် တစ်ဝက်လောက် ကို သက် သာ တဲ့ဈေးနှုန်းပါ။ ရင်သား ခွဲစိတ်ပြုပြင်နေတုန်းမှာ နှလုံးခုန် ရပ်သွား တယ်လို့  သူ့ မိသားစုကပြောပါတယ်။ ဒီခွဲစိတ်မှု ဖြစ်စဉ်မှာသူ့ ရဲ့  နှလုံးနဲ့ ဦးနှောက်ယိုယွင်းသွားခဲ့ ရပါတယ်။

သူ့ ကို ခွဲစိတ်ပေးတဲ့ ဒေါက်တာဖရေးမင်းဟာ ခွဲစိတ်ရာမှာ နာမည်ပျက်ရှိခဲ့သူ မဟုတ်ပါဘူး။
ဒေါက်တာဖရေးမင်းပြောပြ တာက  ကလေးမဟာ သူ့ သားမွေးစဉ်တုန်း ကမေ့ဆေးနဲ့ အဆင် မပြေ ဖြစ် ခဲ့တာကို သိကြောင်း။ ဒီအချက်အလက်ကိုသူ့ ကိုမပြောခဲ့ကြောင်း။အကယ်၍ပြောခဲ့ရင် ခွဲစိတ်မှုမပြုလုပ်မှာ စိုးရိမ်တဲ့အတွက် ထိန်ချန်ထားခဲ့ကြောင်းပြောပါတယ်။
 
ဆရာဝန်တွေနဲ့ ခွဲစိတ်ဖို့ တိုင်ပင်စဉ်ကသူ့ မှာ အသက်၈နှစ်လောက်က တက် တဲ့ရောဂါရှိကြောင်း၊ ။နောက် ပိုင်း မတက်တော့ တဲ့အတွက် ဆေးဝါးကုသတာမျိုးမလုပ်ခဲ့ကြောင်း ၊အဆုတ်နှလုံး နဲ့ ပတ်သက်ပြီးပြဿနာ မရှိကြောင်း ၊ဆေးလိပ်ဖြတ်ထားကြောင်း စတဲ့အချက် အလက်တွေ ကိုသာဆရာဝန်တွေ ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီခွဲစိတ်မှုမှာ မေ့ဆေးတာဝန် ယူတဲ့မေ့ဆေးဆရာဝန် ဒေါက်တာ မာရီယိုကတော့ အင်တာနက် ကနေ အနာ အကျင်ပျောက်ဆေးတွေ တရားမ၀င်ရောင်းဝယ်မှု နဲ့ နာမည်ပျက် ထားသူဖြစ်ပါ တယ်။ ဒေါက် တာမာရီယိုက ၂၀၀၆ မှာ နာကျင်မှုသက်သာစေတဲ့ဆေးလုံးပေါင်း ငါးသောင်း သုံးထောင် တရားမ၀င်ရောင်း ချလို့ ထောင်ကျခဲ့ပါတယ်။ ဖလော်ရီဒါဆေးကုသ ခွင့်လိုင် စင်ခြောက်လ အပိတ်ခံခဲ့ရပါတယ်။
 
 ခုတော့ လင်ဒါရဲ့ မိဘတွေက သူတို့ ရဲ့  လေးနှစ်သားမြေး ကိုစောင့်ရှောက်ခွင့် တရားရုံး မှာလျှောက် ထားပါတယ်။ သူတို့ သမီးကိုခွဲစိတ်ခဲ့တဲ့ ဆရာဝန်တွေ ကိုလည်းတရားစွဲဖို့ ပြင် ဆင်နေပါ တယ်။
 
အလှ အလွန်မက်ပြီး လှဖို့ အတွက်ဘာမဆို လုပ်မယ်ဆိုတဲ့ မိန်းကလေးငယ်များ အလှ အတွက်ကြောင့် လူ့ ဖြစ် ရှုံး ပြီးဒုက္ခိတ လုံးလုံးဖြစ်သွားရတဲ့ လင်ဒါပီရက် ရဲ့ ဘ၀ အကြောင်း ဖတ်ရှုရပြီး သင်ခန်းစာ ယူနိုင်ကြပါစေ။
 
the melting pot 4 U
 
(ကူးမယ်ဆိုရင်တော့  the melting pot 4U မှကူးကြောင်း ခရက်ဒစ်လေးပေးကြပါရန်မေတ္တာရပ်ခံပါတယ်)


 
 အလှအတွက် ဘ၀ပျက်သွားရရှာတဲ့ လင်ဒါ

 တချိန်က လှပလန်းဆန်းနေတဲ့မိန်းကလေး



 ခုတော့အိပ်ယာထက်မှာမလှုပ်ရှားနိုင်တော့။











source:http://www.dailymail.co.uk/news/article-2551030/Teen-fell-coma-year-having-getting-breast-implants-barely-speak.html


The Melting Pot 4 U

From....Myanmar Online News


No comments:

Post a Comment