7 Steps of Market Research Before Launching a New Product.
(ထုတ်ကုန်သစ်တစ်ခု မစတင်မီ ဈေးကွက် သုတေသနပြုခြင်း အဆင့် ၇ဆင့်)
1. Know your market — and your competitors
...သင်၏ဈေးကွက်ကိုသိပါ။ သင်၏ပြိုင်ဖက်အကြောင်းကို နားလည်ပါ။
....ဈေးကွက်လေ့လာချက်များသည် သင်၏ဈေးကွက်နှင့် ဆန့်ကျင်တုန့်ပြန်မှူများကို အလိုလိုမကြာခဏ သိမြင်လာစေပါသည်။ အကယ်၍ သင့်ကိုယ်သင် ကျွမ်းကျင်မှူရှိပြီးဟု ထင်မြင်ထားလျှင်သော်မှ တွေ့ရှိမှုအသစ်များကိုထွက်ပေါ်စေနိုင်ပါသည်။
ဥပမာ- Snack အသင့်အလွယ် စားစရာများကို၊ ထမင်းဟင်း စားသုံးရာတွင် အစားထိုးလာကြသည်ဟုဈေးကွက်လေ့လာချက်အရ သင်သိရှိထားသော်လည်း၊ သုံးစွဲသူများသည်၊ သစ်သီး ၊ချောကလက်၊ အချိုပွဲများနေရာတွင်ပါ အစားထိုး သုံးစွဲတတ်သည့် အလေ့အထကို သင်ရှာဖွေတွေ့ရှိလာသကဲ့သို့ဖြစ်စေပါသည်။
ထိုနည်းတူစွာ.. ထုတ်ကုန်တစ်ခု စတင်ထုတ်လုပ်သည်နှင့် သင်၏ပြိုင်ဖက်များသည် မည်သည့် ကုန်အမျိုးအစားများ ထုတ်လုပ်နေသည်၊ ၀န်ဆောင်မှု မည်ကဲ့သို့ရှိသည်ကို သိထားရန်လိုသလို၊ သင်၏ ထုတ်ကုန် သစ်သည် ၄င်းတို့အတွက်ပြိုင်ဖက်မဖြစ်နိုင်ကြောင်း ယုံကြည်သွားစေရန်ဆောင်ရွက်ရမည်။ သင်၏ ထုတ်ကုန်ကို စားသုံးသူများအတွက်သာ စိတ်ဝင်စားရန်ဆောင်ရွက်ရမည်။
သင်၏ ကုန်အသစ်မှပေးစွမ်းနိုင်မှုအသစ်များနှင့် ၀ယ်ယူသင့်သည့် ကျိုးကြောင်းခိုင်လုံမှူကို ဖော်ထုတ်ထားရမည်။ ပြိုင်ဖက်ကုန်များနှင့် ယှဉ်ပြိုင်နိုင်မှူများကိုလည်း ကြိုတင်တိုင်းတာဖော်ထုတ်ရမည်။ သင်၏ ထုတ်ကုန်သစ်အောင်မြင်မှုကို ဟန့်တားမည့်ကုမ္ပဏ္ဍီနှင့် ကုန်ပစ္စည်းကိုလည်း ကြိုတင်သိရှိထားရမည်။

2. Target your customer
(စားသုံးသူကို အဓိက ပစ်မှတ်ထားလေ့လာပါ)
...သင်၏ ဈေးကွက် ထိုးဖောက်ရေးလုပ်ငန်းသည် ကုန်ကျစားရိတ် အသက်သာဆုံးဖြင့် ရလာဒ် အကောင်းဆုံး ရရှိစေရန် အဓိကရည်ရွယ်ချက်ထားရမည်။ သင့်ဆီက လူအများဆုံး ၀ယ်ယူစေရန်မျှော်လင့်ချက်ထားဆောင်ရွက်ရမည်။သို့သော် ပစ်မှတ်စားသုံးသူများသည် လက်ရှိအခြေအနေတွင် သင်၏ ထုတ်ကုန်နှင့်အလားတူများကို သုံးစွဲနေသော်လည်း၊ ၄င်းတို့အနေဖြင့် သင်၏ ထုတ်ကုန်သစ် အရည်အသွေးကိုလေ့လာလိုစိတ်ဖြင့် စိစစ်ပြီးပြောင်းလဲရွေးချယ်လာအောင် ဆွဲဆောင်မှု ပုံစံသစ်များထည့်သွင်းဆောင်ရွက်ရမည်။
အကောင်းဆုံး စားသုံးသူသည် သင်၏ ထုတ်ကုန်ကို စိတ်ဝင်တစ်စား လေ့လာသူဖြစ်ပြီး သင်၏ ထုတ်ကုန်ကို လိုအပ်နေသူ၊ ၀ယ်ယူနိုင်စွမ်းရှိသူ၊ အပြိုင်အဆိုင်ရောင်းချသည့် ထုတ်ကုန်များထဲမှ သင့်ထုတ်ကုန်ကို ဆုံးဖြတ် ရွေးချယ်သူဖြစ်သည်။ အလွယ်ပြောလျှင်တော့ အဟောင်းကို ပစ်ပယ်ပြီး သင့်ထုတ်ကုန်သစ်ကိုရွေးချယ်ကာ ဖန်တီးမည့်သူဖြစ်သည်။

3. Devise your Unique Value Proposition
(သင်၏ပြိုင်ဖက်ကင်းသော တန်ဖိုးဖော်ပြနိုင်သည့်တီထွင်မှူပြုလုပ်ပါ)
သင်၏ စားသုံးသူက ပြိုင်ဆိုင်မှုကုန်များကြားမှ ဘာကြောင့် သင့်ထုတ်ကုန်ကို ၀ယ်ရမည်နည်း ။
သင်က သူ့အတွက် ယုံကြည်လာအောင် ဘယ်အချက်တွေနှင့် ရပ်တည်ပြမှာလဲ ၊
သင့်၏ ထုတ်ကုန်သည် အသစ်ဖြစ်ပြီး ၀န်ဆောင်မှူကောင်းပေးရုံနှင့် ရပ်တံ့မနေဘဲ စားသုံးသူ၏ ဆုံးဖြတ်
ချက် ခိုင်မာလာစေရန် Why and How မေးခွန်းများကိုဖြေဆိုပြီး ပြိုင်ဖက်ကင်း အရည်အသွေး ပုံစံ တစ်ခုကို ဖော်ပြနိုင်ရမည်။ သူတို့၏ တန်ဖိုးထားမှူကို ရရှိစေရန် စားသုံးသူနှင့် ဆက်သွယ်ရှင်းလင်း တင်ပြနိုင်ရမည်။