Friday, January 5, 2018

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာဂြိုဟ် အကြောင်း သိကောင်းစရာ



ကမ္ဘာဂြိုဟ် သည် လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက် ဂြိုလ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံ လတစ်စင်းသာ ရှိသည်။ ကမ္ဘာ သည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟု သတ်မှတ်ကြသည်။ သိပ္ပံ အထောက်အထား များအရ ကမ္ဘာသည် သက်တမ်း အားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာဂြိုလ်သည် နေ အဖွဲအစည်း တွင် ဆီလီကာ ကျောက်တောင်များဖြင့် ဖွဲစည်း ထားသော ဂြိုဟ်လေးခုအနက် အချင်း၊ ထုထည်၊ သိပ်သည်းဆ အားဖြင့် အကြီးဆုံး ဖြစ်သည်။ ကမ္ဘာ ကို ကမ္ဘာမြေကြီး၊ ပထဝီမြေကြီး၊ ကမ္ဘာဂြိုဟ်၊ သြကာသလောက ဟုလည်း ခေါ်ကြသည်။

ကမ္ဘာ၏ အချင်းမှာ ကီလိုမီတာ ၁၂,၇၁၄ ရှိသည်။ ကမ္ဘာ၏ အဝန်းမှာ ကီလိုမီတာ ၄ဝ,ဝ၇၅ ရှိသည်။ အာကာသမှ ကြည့်လျှင် ပြာလဲ့လဲ့နှင့် တိမ်များ ရှိနေခြင်းကြောင့် လှပသော ဖန်ဂေါ်လီ တစ်လုံးကို မြင်ရ
သကဲ့သို့ရှိသည်။

ကမ္ဘာဂြိုဟ်ပေါ်တွင် သက်ရှိတို့သည် နှစ်ထောင်ပေါင်း ၁ သန်း အတွင်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ကမ္ဘာ၏ ဇီဝ အလွှာ (biosphere) သည် လေထု (atmosphere) နှင့် အဇီဝ (abiotic) အခြေအနေ ကို များစွာ ပြောင်းလဲ စေခဲ့ပြီး လေရှူ သတ္တဝါ (aerobic organism) များ ပေါက်ပွားစေခဲ့ခြင်း နှင့်အတူ အန္တရာယ် ရောင်ခြည်များမှ ကာကွယ် ပေးသော အိုဇုန်းလွှာ ကို ဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာဂြိုဟ် (Earth) သည် လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေ ထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ ကမ္ဘာတွင် လတစ်စင်းသာရှိသည်။




နေသည် ကမ္ဘာကို ထွန်းလင်းရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့် ရှိသည်။ နေ အဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိ မျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ် တို့မှာ အရေအတွက် အားဖြင့် ၇.၃ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ် ၏ ပြင်းထန်သော ဒြပ်ဆွဲငင်အားကြောင့် ဥက္ကာပျံများ၏ တိုက်မိနိုင်ချေမှ အတန်အသင့် အကာအကွယ် ရနေသည်ဟု ယူဆထားသည်။



ကမ္ဘာဂြိုဟ် ရဲ့ အချက်အလက်များ
သက်တမ်း = ၄၅၀၀,၀၀၀,၀၀၀ နှစ်
ဧရိယာ = ၅၀၉,၆၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၁၉၇,၀၀၀,၀၀၀) စတုရန်းမိုင်
မြေထု = ၆၀ x ၁၀ ၂၄ ကီလိုဂရမ်
မြေပြင် ဧရိယာ = ၁၄၈,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ၊ ၅၇,၀၀၀,၀၀၀ စတုရန်းမိုင် (ခန့်မှန့်ခြေ အရ 
စုစုပေါင်း ဧရိယာ၏ ၂၉%)
ရေပြင် ဧရိယာ = ၃၆၁,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ၊ ၁၄၀,၀၀၀,၀၀၀ စတုရန်းမိုင် (ခန့်မှန့်ခြေ အရ 
စုစုပေါင်း ဧရိယာ၏ ၇၁%)
အဝန်း (အီကွေတာ) = ၄၀၀၇၆ ကီလိုမီတာ၊ ၂၄၉၀၂ မိုင်
အဝန်း (မီရီဒီယန်) = ၄၀၀၀၀ ကီလိုမီတာ၊ ၂၄၈၆၀ မိုင်
အချင်း(အီကွေတာ) = ၁၂၇၅၇ ကီလိုမီတာ၊ ၇၉၂၇ မိုင်
အချင်း(မီရီဒီယန်) = ၁၂၇၁၄ ကီလိုမီတာ၊ ၇၉၀၀ မိုင်
ဝင်ရိုးပေါ်တွင် လည်သည့်ကာလ = ၂၃ နာရီ ၅၆ မိနစ် ၄.၉၉၆ စက္ကန့်
မြေစပ်လေထု = ၈၀ ကီလိုမီတာ၊ မိုင် ၅၀ ထုထည်
အလယ်လွှာ (အပေါ်ယံ) အထူ = ကီလိုမီတာ ၇၀၀/ မိုင် ၄၃၀
အလယ်လွှာ (အောက်ပိုင်းအထူ) အထူ = ကီလိုမီတာ ၂၂၀၀/ မိုင် ၁၃၇၀
အတွင်းသား အနှစ်ပိုင်း (အပြင်) အထူ = ကီလိုမီတာ ၂၂၅၀/ မိုင် ၁၄၀၀
အတွင်းသား အနှစ်ပိုင်း (အတွင်း) အထူ = ကီလိုမီတာ ၃၄၈၀/ မိုင် ၂၁၆၀
အတွင်းသား သိပ်သည်းမှု = ၁၃.၀၉ ဂရမ်/ စင်တီမီတာ၃
အတွင်းအနှစ်ပိုင်း အပူချိန် = ၄၅၀၀ စင်တီဂရိတ်
မြေမျက်နှာပြင် အပူချိန်= ပျမ်းမျှ ၁၅ ဒီဂရီ ဆဲဆီးယပ်



ကမ္ဘာမြေကြီး အပေါ်ယံ အခွံပိုင်းကို ဘယ်လိုဖွဲ့စည်းထားသလဲ
အောက်ဆီဂျင် – ၄၆.၆ %
ဆီလီကွန် – ၂၇.၇၂ %
အလူမီနီယံ – ၈.၁၃ %
သံ – ၅.၀%
ကယ်လ်စီယမ် – ၃.၆၃ %
ဆိုဒီယမ် – ၂.၈၃ %
ပိုတက်ဆီယမ် – ၂.၅၉ %
မက်ဂနီဆီယမ် – ၂.၀၉ %
အခြားဒြပ်စင် – ၁.၄၁ %




သိထားသင့်တဲ့ မြေကမ္ဘာရဲ့ အချက်အလက်လေးတစ်ချို့
၁။ ကမ္ဘာကြီးရဲ့ အလေးချိန်ဟာ တန်ပေါင်း ၆ ဘီလီယံ ထရီလီယံ ရှိပါတယ်။ ဒါကို ချရေးမယ် ဆိုရင် ၆ ရဲ့ 
 နောက် မှာ သုံည ၂၁ လုံးကို ထည့်ရပါမယ်။
၂။ ကမ္ဘာကြီးဟာ သူရဲ့ဂြိုလ်ပတ်လမ်းကြောင်းပေါ်မှာ ၁ နာရီကို ၁၀၇၂၀၀ ကီလိုမီတာ အမြန်နှုန်းနဲ့ ရွေ့ လျားနေပါတယ်။
၃။ ကမ္ဘာကြီး ရဲ့ ဧရိယာ စုစုပေါင်း ၁၀၀% ကို ရေမျက်နှာပြင် ၇၀.၈% နဲ့ ကုန်းမြေ ၂၉.၂%  တို့နဲ့ ဖွဲ့စည်းထားပါတယ်။
၎။ နေဟာ ကမ္ဘာထက် အဆပေါင်း ၃၃၀၃၃၀ ဆကြီးပါတယ်။
၅။ ၁၉၇၀ ဧပြီ ၂၂ ရက်နေ့ ကို ပထမဆုံး ကမ္ဘာမြေရဲ့နေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ် ။ အဲဒီနေ့ဟာ 
ရုရှား ခေါင်းဆောင် လီနင် ရဲ့မွေးနေ့နဲ့ တူညီနေပါတယ်။
၆။ နေ့တစ်နေ့ ရဲ့ကြာချိန်ဟာ နှစ်ပေါင်း တစ်ရာကို ၁၇ မီလီစက္ကန့် တိုးတိုးလာပါတယ်။
၇။ တစ်ကယ်တော့ ကမ္ဘာကြီးဟာ အတိ အကျ လုံးဝန်း မနေပါဘူး။ အီကွေတာ က ၀န်ရိုးတစ်ခု ကနေ တစ်ခုကို ဆက်ထားတဲ့ နေရာဟာ ၂၆.၅ မိုင်ကွာခြားနေပါတယ်။
၈။ ကမ္ဘာမြေ ဆွဲအားဟာလည်း မတူညီပါဘူး။ အီကွေတာ မှာ ၁၅၀ ပေါင် ရှိတဲ့ လူတစ်ယောက်ဟာမြောက် ၀န်ရိုးပေါ်မှာ ဆိုရင်တော့ ၁၅၁ ပေါင်ဖြစ်သွားပါလိမ့်မယ်။
၉။ ကမ္ဘာဟာ ရိုးရိုး ဂြိုလ်တစ်လုံးပဲဖြစ်တဲ့ အတွက် သူ့မှာ နာမည်မရှိပါဘူး။ ကမ္ဘာ (world) ဆိုတဲ့ စကားလုံးကို ၅ ရာစုလောက်က ဂရိတ်ဗြိတိန်မှာ နေထိုင်ကြတဲ့ Anglo-Saxons လို့ခေါ်တဲ့ လူမျိုးစုတွေက စတင် သတ် မှတ် ခဲ့ကြပါတယ်။
၁၀။ ကမ္ဘာမြေရဲ့ အအေးဆုံး အပူချိန် ကတော့ -၁၂၈.၆ ဒီဂရီ ဖာရင်ဟိုက် ပဲဖြစ်ပါတယ်။ ၁၉၈၃ ဇူလိုင်လ ၂၁ ရက်နေ့မှာ အန္တာတိက တိုက်က Vostok Station မှာ တိုင်းယူရရှိခဲ့တာပဲဖြစ်ပါတယ်။
အမြင့်ဆုံး အပူချိန် ကတော့ ၁၃၆ ဒီဂရီ ဖာရင်ဟိုဖြစ်ပြီး ၁၉၂၂ စက်တင်ဘာ ၁၃ ရက်က လစ်ဗျားနိုင်ငံမှာ 
မှတ်တမ်း တင်ခဲ့တာပဲဖြစ်ပါတယ်။
၁၁။ ကမ္ဘာမြေရဲ့ ရေချို ၇၀% ဟာ အာန္တာတိကတိုက်မှာ ရှိပြီး အဲဒီ ပမာဏရဲ့ ၉၀% ဟာ ရေခဲတွေဖြစ်ပါ တယ်။
၁၂။ ကမ္ဘာမြေရဲ့ သံလိုက်မြောက်ဝန်ရိုးစွန်း ဟာ တစ်နှစ်ကို ၁၀ မိုင်ခန့်နှုန်းနဲ့ ရွှေ့လျားလျက် ရှိပါတယ်။
၁၃။ ကမ္ဘာမြေရဲ့ ၇၁% ဟာ သမုဒ္ဒရာတွေဖြစ်နေပေမယ့် ယနေ့ထိ အဲဒီ ဧရိယာရဲ့ ၅% ရဲ့အကြောင်းကိုပဲ လူတွေ သိရှိပါသေးတယ်။ လူတွေ မသိရသေးတဲ့ သမုဒ္ဒရာ ဧရိယာ ၆၉% ရှိနေပါသေးတယ်။
၁၄။ ကမ္ဘာမြေရဲ့ အနက်ဆုံးနေရာဟာ မာရီယာနာ ချောက်ထဲက Challenger Deep ဖြစ်ပြီး သမုဒ္ဒရာရေပြင်အောက် ၇ မိုင်နက်ပါတယ်။
၁၅။ ကမ္ဘာမြေရဲ့ တစ်ရက်မှာ ၂၄ နာရီ ရှိတယ်လို့ လူတိုင်းသိကြပေမယ့် တစ်ကယ့် အတိအကျ အမှန် က ၂၃ နာရီ ၅၆ မိနစ် နဲ့ ၄ စက္ကန့်ဖြစ်ပါတယ်။



No comments:

Post a Comment