လူသေသောအခါ ရေချိုးပေးရခြင်း အကြောင်း
***************************************
လူတို့သည် ရောဂါများ ခံစားရသော အခါ ဆေးဝါးများ ကုသရခြင်း ရေ မချိုးရခြင်းစသည်ဖြင့် ရက် လနှစ် ကြာမြင့်အောင် ဝေဒနာကို ခံစားပြီး သေဆုံး သွားရလေသည် ။ ထို လူသေကောင် ၌ မကောင်းသော အနံ့ များနံနေသောကြောင့် အသုဘ ရှုသူ ရဟန်း ရှင်လူ များ အနံ့ သက်သာစေရန် ရေချိုးပေး ရခြင်း အမွှေး နံ့သာ များဖြန်းပေးရခြင်းပင် ဖြစ်ပါသည်။
လူသေကောင် ပါးစပ်ထဲ ငွေထည့်ပေးရခြင်း အကြောင်း
***********************************************
လူအများစု က ဒီပြဿ နာ ကို နောက်ဘဝ အတွက် ကူးတိုးခ ဟု ထင်မှတ်နေပါသည် ။ တစ်ကယ်တော့ ဟိုး ရှေးအခါက လူတို့သေပြီ ဆိုလျှင် သုဿာ န်၌ လူသေ အလောင်းများ ကို မြေမြှုပ်ပေးနေသော သုဘရာဇာ တစ်ယောက် ရှိသည် ။
ထိုသူသည် ကိုယ်တိုင်မြေတူး ကိုယ်တိုင်မြေမြှုပ်ပေး ၏ ။ ထိုသူ အား ငွေအသပြာ တစ်မတ်ကို ကျန်ရစ်သူ မိသားစု က အလောင်း ၏ ပါးစပ် အတွင်း ထည့်ထားပေးရသည် ။ သုဘရာဇာ လူကြီး မှာ အလောင်းပါးစပ် မှငွေ တစ်မတ် ကို ယူ၍ မြေမြှုပ်ပေးလေတော့သည် ။
အချိန်ကာလတွေ ကြာမြင့်လာသောအခါ လူတို့သည် နောက်ဘဝ အတွက် ကူးတိုးခ ဟု မှားယွင်းစွာ ထင် မှတ်ခဲ့လေသည်။