Monday, November 30, 2015

တစ်ကမ္ဘာလုံး ရဲ့စိတ်ဝင်စားမှု့ကို ရယူထားတာ က ရုရှား နဲ့ IS.


Nay Zin Latt's photo.


တစ်ကမ္ဘာလုံး ရဲ့စိတ်ဝင်စားမှု့ကို ရယူထားတာ က ရုရှား နဲ့ IS. သိတဲ့ သူတွေ ရဲ့စိတ်ဝင်စားမှု့ ကတော့ ဒီ့ထက် ပိုတဲ့နောက်ကွယ်က ကိစ္စ။ 

Triggering cause ကတော့ ရုရှား ခရီးသည်လေယဉ် ပစ်ချ ခံရမှု့နဲ့ပြင်သစ် မှာ IS တွေ အကြမ်းဖက်သွားမှု့။
 

Primary cause ကတော့ နိုင်ငံရေးဝါဒ မတူညီမှု့ရဲ့ပြိုင်ဆိုင်မှု့ နဲ့ စစ်အေးနိဂုံး ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခြင်း၊ 

Supporting cause က ဆီရီးယား အာဆတ်ဖြုတ်ချရေး နဲ့ မဖြုတ်ချရေး ရုရှား-အမေရိကန် ဝိဝါဒ ကွဲပြားခြင်း။


အမေရိကန် ရဲ့ Grand strategy ဆိုတဲ့ အဂ္ဂဗျူ   ဟာ ကို ဆက်စပ် ပုံဖေါ်ကြည့်တော့ မဟာ ရည်မှန်းချက် Ultimate Mission (၃) ခုတွေ့ရတယ်။
 

(၁) နိုင်ငံရေး ဝါဒပြိုင်ဘက် ကွန်မြူနစ် စနစ် ကိုချေမှုန်းရေး
 

(၂) ရေနံ နဲ့ ချမ်းသာ လာပြီးသြဇာကြီး လာတဲ့၊ ဘာသာရေး ကျယ်ပြန့် လာတဲ့ အစ္စလမ်မစ်နိုင်ငံတွေ ပျက် သုန်းရေး။ (၁၉၇၃) ရေနံ အကြပ်အတည်း မှာ အိုပက်တွေ က ကမ္ဘာ့ စူပါ-ပါဝါ အမေရိကန် ကိုတောင် အရေးယူ ပိတ်ဆို့မှု့ လုပ်ခဲ့သေးတာ ကို အမေရိကန်တွေ အသည်းနာမဆုံးခဲ့ပါ)
 

(၃) Sustaining supremacy of super power ဆိုတဲ့ အကဲသာမှု့ကို ဆက်လက် ထိမ်းသိမ်းနှိုင်ရေး။ ( ဒုတိယ ကမ္ဘာစစ်ကြောင့် ဗြိတိသျှ ရဲ့စူပါ ပါဝါ ကို အမေရိကန် က လွှဲယူ လိုက်ခဲ့)

စစ်အေး အလွန် အပြီး ဆိုဗီယက် အစိပ်စိပ် အမွှာမွှာ ကွဲသွားပေမဲ့ ပူတင် လက်ထက် မှာ အမေရိကန်တွေပြန် စိုးရိမ်လောက်အောင် အင်အား စုစည်းနိုင်ခဲ့တယ်၊ ဒုတိယ ရည်မှန်းချက် ကို အမေရိကန်တွေ အကောင်အထည်ဖေါ်နေတဲ့ အချိန်မှာ တရုတ်ရော ရုရှားရော အင်အားကောင်းလာတယ်၊
 


Brotherhood လို့ ခံယူထားတဲ့ ဂျော်ဂျီယာ မှာ အမေရိကန် လိုလားတဲ့ အစိုးရ တက်လာ မလိုဖြစ်ခြင်း ရုရှား ရဲ့နှလုံးသား ကို အပ်နဲ့ ဆွလိုက် သလိုဖြစ်စေခဲ့မှာ အမှန်ပဲ။ 

အမေရိကန် နဲ့ ကျူးဘား အဖြစ်မျိုးတော့ ပထဝီနိုင်ငံရေး အရ ရုရှား-ဂော်ဂျီယာ အဖြစ်ခံလို့ မရဘူးလေ။
ဆီးရီယား က အရှေ့အလယ်ပိုင်း မှာ ရုရှား ရဲ့နောက်ဆုံး ခံတပ် လိုဖြစ်နေပြန်တယ်။ 

အာဆတ်ပြုတ်ကျခြင်း က အရှေ့အလယ်ပိုင်း မှာ ရုရှား ရဲ့ပါဝါ အခြေခံပျောက်ဆုံးခြင်းဖြစ်သလို ရေနံဈေး အလွန် အမင်း ကျဆင်းခြင်း က ရုရှား ကိုဒေဝါလီ ခံလိုက်ရစေမဲ့ အဖြစ်မျိုး အထိကြုံသွားစေနိုင်တာကို ပူတင် မသိစရာမရှိပါဘူး။ 

( စစ်ဖြစ်ရင် ပုံမှန် အားဖြင့်ရေနံဈေးတက်ပေမဲ့ အရှေ့အလယ်ပိုင်း တစ်ခုလုံး စစ်ဖြစ်နေ တာတောင်ရေနံဈေး ကျနေတာ ဟာ အမေရိကန် ရဲ့ဗျူဟာကြောင့်ပါ။ အကြမ်းဘက်တွေ ကိုရေနံတွင်းတွေ သိမ်း ခွင့်ပေး ပြီးအောက်ဈေး နဲ့ရေနံ အရောင်းအဝယ်တွေ လုပ်လိုက်တော့ ရေနံဈေး ကျသွားတယ်။ အကြမ်းဘက်တွေ လည်းငွေကြေး အင်အားတောင့် သွားတယ်။ တချက် ခုတ် လေးငါးချက်ပြတ် တဲ့ နည်း)


 Nay Zin Latt's photo.


စနိုးဒင် ကိစ္စမှာ အမေရိကန်တော်တော် အထိနာသွားတယ်။ မာကယ်လ် ရဲ့ဖုန်း ကို ခိုးနားထောင်တာက အစ စနိုးဒင် က တအိအိ ဖွင့်ချပြနေတာကိုး။ အခုနောက်ဆုံး ဘင်လာဒင် မသေသေးဘူးလို့ စနိုးဒင် ကပြောနေပြန်ပြီ။ 

ဘဟားမား မှာ တလ ဒေါ်လာ (၁၀၀,၀၀၀) ထက် မနည်း ခံစားနေပြီး CIA ကစောင့်ရှောက်ထားတယ် တဲ့။ ဘင်လာဒင် ကိုယ်တိုင် က CIA ပါတဲ့.။ အစ္စလမ် ကိုမွေးပြီး အစ္စလမ် ကိုပြန်တိုက်ခိုင်းခဲ့တာ။


Nay Zin Latt's photo.

ရေးစရာ ဆက်စပ် စရာတွေက အများကြီးပဲ။ WTO အတိုက်ခံရ ကထဲက စိတ်ထဲ မတင်မကျဖြစ်နေ တာ။ နိုင်ငံရေး စီမံခန့်ခွဲမှု့ က ကျောင်းသားတွေ ကိုတောင်ရှင်းပြခဲ့ဘူးသေးတယ်။

အခု..ရုရှား ဘက်က ပြင်သစ်၊ တရုတ်၊ ဂျာမဏီတွေ အခိုင်အမာ ရပ်တည်နေကြပြီ။ ဆီရီးယား မှာ ရုရှား က S-400 ဒုံး စနစ်ဖြန့်ကျက် လိုက်တာ ပူတင် သဘောထားကိုပြလိုက် သလိုပဲ။

 နေတိုး လဲ ခေါင်းချင်းရိုက်နေကြပြီ။ တတိယကမ္ဘ္ဘာ စစ်လောက် အထိတော့မဖြစ်လောက်ပေမဲ့ (နျူကလီးယား မသုံးလို့) အုပ်စု စစ်ပွဲ အဆင့် ထိတော့ကြီးကြီး မားမားဖြစ်ဖို့ တာစူသွားခဲ့ပြီ။

Obama သက်တမ်း ၂၀၁၆ မှာ ကုန်မယ်၊ တွက်ချက်ကြတဲ့ အထဲမှာ အဲဒါက အချက်ကြီး တချက်ပဲ။ ပူတင် ရဲ့ Advantage တခု။
 

IS ကို အမေရိကန်တွေမွေးသွားပြီး G-20 တချို့ အပါအဝင် နိုင်ငံ (၄၀) လောက်ကပြုစုစောင့်ရှောက်ခဲ့တာ လို့ ပူတင် က ထုတ်ဖေါ်ခဲ့တာ ကို ဘယ်သူကမှ ရဲရဲ မငြင်းခဲ့ကြသေးတာတွေ့ရတယ်။

အကြမ်းဖက် ကို တကမ္ဘာ လုံးက ဆန့်ကျင်နေကြပြီ၊ IS ရဲ့ အဖေရင်း နဲ့ ပထွေးတွေ ကို အရိပ် အမြွက်လောက် ပူတင် က "ဟ" ပေးထားလိုက်တယ်။ လိုအပ်တဲ့ အခါ အသေးစိတ် ဖွင့်ချလိုက်ရင် ဘာဖြစ် လာမလဲ ? တစ်ကမ္ဘာလုံး ရဲ့ဒေါသတွေရော ဘယ်ရောက်သွားကြမလဲ ?
Consequences တွေကို စဉ်းစားမိတာပါ။
 

ဘယ်သူ့ကို မှ ချစ်ခြင်း မုန်းခြင်း၊ သာစေ နာစေ မရှိပါဘူး။



Nay Zin Latt's photo.


လာမဲ့ ဆယ်စုနှစ် တစ်ခု အတွင်း Power shift ရဲ့ကနဦး လက္ခဏာတွေကို စတွေ့ရမယ်လို့တော့ ခန့်မှန်း မိ တာပဲ။

ကမ္ဘာ့ ဖြစ်စဉ်ထဲမှာ မြန်မာလည်း သီးခြား ကင်းလွတ်ခွင့် မရှိဘူး ဆိုတာတော့ အားလုံးက အလိုလျှောက် သိပြီးကြပါလိမ့်မယ်။ ( ကိုယ့် အကျိုးစီးပွားပေါ်မှာ မမှိတ်မသုံ ရပ်နှိုင်ကြဖို့ပဲ လိုပါတယ်)
 

 ဒေးဗစ်ကင်မရွန်း က IS ကိစ္စနဲ ပတ်သက်ပြီး ဗြိတိသျှ အကျိုးစီးပွား နဲ့ ဆက်စပ်တာ ကိုပြောသွားခဲ့ပြီး ပူတင် ကလဲ လူ့အခွင့်အရေး လာပြောမနေနဲ့တော့၊ အကျိုးစီးပွား ကို အထိခိုက်မခံနှိုင်ဘူး လို့ပြောထားတာ ရှိနေပါ တယ်။

အကျိုးစီးပွား ရဲ့အထက် မှာကောင်းကင်ကြီး နဲ့ကြယ်တာရာတွေပဲ ရှိကြောင်းပါခင်ဗျာ။ 

ထိမှနာ.. နောင်မှသိ မလုပ်ကြစေလိုတော့ပါ။


 Nay Zin Latt

No comments:

Post a Comment