Saturday, November 14, 2015

အမျိုးစောင့် ဥပဒေ အနှစ်ချုပ်

Ashin Nyanawbhasa's photo.
ဖြစ်ပေါ်ခဲ့သော အခြေအနေ


 မြန်မာနိုင်ငံ တွင် လူမျိုးရေး၊ ဘာသာရေး အခြေအနေ အရပ်ရပ်ကြောင့်  ပဋိပက္ခ များ ဖြစ်ပေါ်ခဲ့ပါ သည်။ ထို အခြေအနေ များတွင် ရှေ့ နောက် မြော်မြင်ကာ  ဆရာတော်ကြီးများ က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)ကို  ဖွဲ့စည်းပြီး အမျိုးစောင့် ဥပဒေလေးမျိုး ကို ပြဌာန်းပေး ရန် တောင်း ဆိုခဲ့ကြပါသည်။


အမျိုးစောင့်ဥပဒေ ဟူသည်

အမျိုးစောင့် ဥပဒေ ဆိုသည်မှာ လွယ်ကူအောင် ပေးခဲ့သော အမည်  ဖြစ်ပါသည်။ လူမျိုးတိုင်း၊ ဘာသာတိုင်း အတွက် မိမိ ၏ အမျိုး ကို ကာကွယ်ရန်  ဆောင်ရွက်သော ဥပဒေ ဖြစ်သည်။ ဆိုလိုသည် မှာ လူမျိုး၊ ဘာသာပေါင်းစုံ  လိုက်နာရမည့် ဥပဒေ (သို့) ဘုံ စည်းကမ်း ဖြစ်သည်။

 
အမျိုစောင့် ဥပဒေလေးမျိုး

(၁) ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ။
(၂) လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ။
(၃) တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ။
(၄) လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ။




(၁) ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ  ဥပဒေ အနှစ်ချုပ်

၁။ ဘာသာ တစ်ခုမှ ဘာသာ တစ်ခုသို့ ကူးပြောင်းနိုင်သည်။ သို့ရာတွင်  စဉ်းစား ဆုံးဖြတ်နိုင်သည့် အရွယ် အသက် (၁၈)နှစ် ပြည့်ပြီး သူ ဖြစ်ရမည်။  (ပဋိညာဉ် ဥပဒေအရ အသက်ဖြစ်သည်။)
 

၂။ ဘာသာ ကူးပြောင်း ရာတွင် အတင်းအကြပ် ကူးပြောင်းစေခြင်း၊ ဖြားယောင်း  သွေးဆောင် မှုကြောင့် ကူးပြောင်း လိုက်ရခြင်းဟူ သော သံသယ မျိုး မဖြစ်စေရန်  မြို့နယ်ထွေ/အုပ် ထံ စာတင်ပြီး စီစစ်ပြီးမှသာ သက်ဆိုင်ရာ ဘာသာ၏  ဓလေ့ ထုံးစံအတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်။
 

၃။ ဘာသာ ကူးပြောင်း ရာတွင် လွတ်လပ်သော ဆန္ဒဖြင့် ကူးပြောင်း စေပြီး  ပွင့်လင်းမြင် သာစွာ ဆောင်ရွက် မှုကြောင့် ဘာသာတစ်ခု နှင့် တစ်ခုအကြား  သံသယ ကင်းရှင်းကာ ပဋိပက္ခ မှုကို အတိုင်း အတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပေမည်။
 

၎။ အိမ်ထောင်ခန်း ပြဿ           နာများ ကို ဖြေရှင်း ရာတွင် ကိုးကွယ်ရာ ဘာသာ တရား၏  အိမ်ထောင် ခန်း ဥပဒေဖြင့် သာ ဆုံးဖြတ်ကြရ ၍ အငြင်းပွားမှု မဖြစ်ပေါ်စေရန်  အတိုင်းအတာ တစ်ခုထိ ကာ ကွယ်ပေးသွား မည် ဖြစ်သည်။


(၂) လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ (အနှစ်ချုပ်)

၁။ ဘာသာ မတူလျှင်လည်း လက်ထပ်ခွင့် ရှိပါသည်။ သို့ရာတွင် လက်ထပ် လိုလျှင် မိန်းကလေး ၏ အသက် သည် (၁၈)နှစ် ပြည့်ရမည်။  မိဘ အုပ်ထိန်းသူ သဘော မတူလျှင် အသက် (၂၀)ပြည့်ရန် လိုအပ်သည်။
(ပဋိညာဉ် ဥပဒေပါ ပြဋ္ဌာန်းချက်)။
 

၂။ ဘာသာ မတူဘဲ လက်ထပ် လိုသည့် အခါ မြို့နယ် ထွေ/အုပ်သို့  တင်ပြရမည်။ စီစစ်ပြီး လက်ထပ် စာချုပ် ပြုလုပ်ပေးသည်။
 

၃။ ယခင်က လက်ထပ်သည့် အခါ -
 

(က) ဗုဒ္ဓဘာသာ+အစ္စလာမ် = နေကာရ်ဖတ် ၍ အစ္စလာမ်ဘာ သာဝင် ဖြစ်သွားသည်။
(ခ) ဗုဒ္ဓဘာသာ+ခရစ်ယာန် = သင်းအုပ် ဆရာ လက်ထပ်ပေး၍ ခရစ်ယာန်ဘာသာဝင်ဖြစ်သွားသည်။
(ဂ) ခရစ်ယာန်+အစ္စလာမ် = နေကာရ်ဖတ် ၍ အစ္စလာမ် ဘာသာဝင် ဖြစ်သွားသည်။
 

၎။ ယခုအခါ ဤ ဥပဒေကြောင့် ဘာသာမတူဘဲ လက်ထပ် ရစေကာမူ  အခြား ဘာသာ သို့ ကူးပြောင်းပေး ရန် မလိုတော့ဘဲ မိမိ ၏ မူလဘာသာ ကို  ဆက်လက် ကိုးကွယ်ခွင့် ရရှိမည် ဖြစ်သည်။
 

၅။ ပစ္စည်း ခွဲဝေမှု = ဗုဒ္ဓဘာသာ ဝင် မိန်းကလေးသည် ဘာသာခြားနှင့်  လက်ထပ် ခဲ့လျှင် ပစ္စည်းခန်း ၌ ယခင်က ရပိုင်ခွင့် မရှိ။ ယခုအခါ  မြန်မာ့ ဓလေ့ထုံးတမ်း အတိုင်း ခံစားခွင့် ရှိသည်။
 

၆။ ကွာရှင်း ခွင့်/သားသမီး ထိန်းသိမ်းခွင့်/အမွေ ဆက်ခံခွင့် များကို  မြန်မာ့ ဓလေ့ထုံးတမ်း အတိုင်း ခံစားခွင့် ရရှိမည်။  (၁၉၅၄ ခုနှစ် ဥပဒေ သည် မလုံလောက်ပါ)။

(၃) တစ်လင် တစ်မယား စနစ်  ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ(အနှစ်ချုပ်)

၁။ အချို့သော ဘာသာတရား များသည် အိမ်ထောင်ပြုရာတွင်  မယား တစ်ဦးထက် ပိုမိုယူခွင့် ပြုထားသည်။
ဥပမာ-
(က) အစ္စလာမ် ဘာသာ = လေးဦး။
(ခ) ဗုဒ္ဓဘာသာ = ကန့်သတ်ထား မှု မရှိ။
 

၂။ မယား တစ်ဦးထက် ပိုယူသည့် အခါ အိမ်ထောင်ခန်း ပြဿ         နာများ ဖြစ်ပွားပြီး  ပဋိပက္ခများ မကြာ ခဏ ဖြစ် ပွားလေ့ ရှိသည်။ ဤဥ ပဒေ သည် ထိုပြဿ        နာနှင့်  ပတ်သက်၍ ငြိမ်းအေးစေမည် ဖြစ်သည်။
 

၃။ မယား တစ်ဦးထက် ပိုယူ လိုလျှင် ပထမ မယားကြီး သဘော မတူလျှင် ယူခွင့် မရှိပါ။  ယူလို လျှင် မယားကြီး ကို တရားဝင် ကွာ ရှင်းပြီး ပစ္စည်းခန်း များ ခွဲဝေပေးခဲ့ရမည်။
 

၎။ မယားကြီး က သဘော မတူဘဲ၊ မကွာရှင်း ဘဲ နောက်မယား ယူလျင်  အိမ်ထောင်ရေးပြစ်မှု ကျူးလွန်ခြင်း ဖြစ်ပြီး ယောကျာ်းသည် ထောင်ဒဏ်၊ ပြစ်ဒဏ်  ကျခံရမည့် အပြင် ပစ္စည်းခန်း များကို လက် လွတ်ဆုံးရှုံး ခံရမည်။ သားသမီး များကို  မိခင် အုပ်ထိန်း မှုအောက် သို့ ပေးခဲ့ ရပြီး အရွယ်ရောက်သည်အထိ ပညာသင်စရိတ်၊  စားစရိတ်များ ထောက်ပံ့ပေးရမည်။
 

၅။ မယားကြီး ရှိလျက် ထိုယောကျာ်း ကို လင်ယောကျာ်း အဖြစ် တရားမဝင်  ရယူ ခဲ့သော ထို မိန်းမသည် မည်သည့် ခံစားခွင့် ကိုမှ မရနိုင်သည့် အပြင်  မွေးလာသည့် သားသမီး များသည် လည်း မည်သည့် ခံစား ခွင့်ကိုမျှ မရနိုင်ပါ။  (ဆိုလိုသည် မှာ အငယ် အနှောင်းကြောင့် စိတ်ဆင်းရဲနေရ သည့် အိမ်ရှင်မ များကို
ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ခြေရှုပ်သည် ယောကျာ်းများကိုလည်း  တားဆီးနိုင်မည် ဖြစ်ပြီး အပျော် မယား အဖြစ် နေလိုသူများကိုလည်း တားဆီးနိုင်မည် ဖြစ်သည်။


(၄) လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ  ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ(အနှစ်ချုပ်)

၁။ မိသားစု လူဦးရေ မွေးဖွားနှုန်း များပြား မှုကြောင့် စားဝတ်နေရေး၊  ကျန်းမာရေး၊ ပညာရေး၊ လူနေမှုဘဝ ဖွံ့ဖြိုးရေး အစရှိသည့်  ဒုက္ခ များကို ခံစားရသည်။ (ဥပမာ = ဘင်္ဂလားဒေ့ရှ်နိုင်ငံ)
 

၂။ လူဦးရေပေါက်ဖွားမှု မြင့်မားနေသော ပြည်နယ်/တိုင်း/မြို့များတွင်  ကုလသမဂ္ဂ ၏ ကျန်းမာရေးစောင့်ရှောက် မှု မူဝါဒနှင့် အညီ  သားဆက်ခြားခြင်း စနစ်မျိုး ကျင့်သုံးရန် ဖြစ်သည်။
 

တစ်နိုင်ငံလုံး ရှိ မိသားစုတိုင်း ကို ဆိုလိုခြင်း မဟုတ်။


အမျိုး၊ ဘာသာ၊ သာသနာ အဓိဋ္ဌာန်သုံးချက်

၁။ ငါတို့သည် ငါတို့ ပြည်ထောင်စုဖွား တိုင်းရင်းသားများ  မကွယ် ပျောက်အောင် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်း စောင့်ရှောက်ပါမည်။
 

၂။ ငါတို့သည် ငါတို့ ပြည်ထောင်စုဖွား တိုင်းရင်းသား အများစု  ကိုးကွယ်ရာ ဖြစ်သော ဗုဒ္ဓဘာသာ သာသနာ ကို အရှည်တည်တံ့အောင်  ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပါမည်။
 

၃။ ငါတို့သည် ငါတို့ ပြည်ထောင်စုဖွား တိုင်းရင်းသား အများ စုပေါင်း နေထိုင် ရာ ပြည်ထောင် စု မြန်မာနိုင် ငံတော်ကြီး ကို  မကွယ်ပျောက် အောင် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်း စောင့်ရှောက် ပါမည်။ ။

 



အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)
မေတ္တာဖြင့်-
ဆြာတော်လေး
(၁၃၇၇ ခုနှစ်၊ တော်သလင်းလ)



 Ashin Nyanawbhasa20 October at 18:20 · 


No comments:

Post a Comment