Sunday, November 29, 2015

ပြူတင်းပေါက် ကို ဖွင့်ကြည့် လိုက်ပါ


နှလုံးသားအာဟာရရသစာများ's photo.


Don't worry..... be happy

တစ်ခါ က လူတစ်ဦး သည် တောထဲတွင် လှည့်လည်နေရင်း  ဆာလောင်နေသော ခြင်္သေ့ တစ်ကောင်နှင့် တိုးသည်။ ခြင်္သေ့ မှာ ဟိန်းဟောက်ပြီး သူ့ ကို ခုန်အုပ်လေသည်။
 

ထိုလူ မှာ ရှိသမျှ ခွန်အားဖြင့် အသက်ဘေး မှ လွတ်မြောက်အောင်  ပြေးလေတော့ သည်။ ပြေးရင်း လွှား ရင်း ချောက်ကမ်းပါး တစ်ခုသို့  ရောက်လာခဲ့သည်။ 

သူသည် ချောက်ကမ်းပါး ထိပ်တွင်ရပ်ပြီး “ခြင်္သေ့ ဖမ်းမိပြီး အရှင် လတ်လတ် အစားခံရမဲ့ အတူ  ချောက်ထဲ ခုန်ချ လိုက်တာ ပိုကောင်းမယ်။ မတော်တဆ  အသက်ရှင်နိုင်သေး တယ်” ထိုသို့တွေးမိပြီး ချောက်ထဲသို့
ခုန်ချ လိုက်လေသည်။ 


ကံကောင်း ထောက်မစွာ ချောက်ကမ်းပါး ဘေးတွင် ပေါက်နေသော သစ်ပင် တစ်ပင်ပေါ် တွင် ခံနေခဲ့သည်။
ထို သစ်ပင်ပေါ် တွင် ချိုမြိန်သော အသီး များဖြင့် ပြည့်နှက်နေခဲ့သည်။
 

ထိုအချိန်တွင် ချောက်အောက် မှ ဟိန်းဟောက်သံ ကြားသော ကြောင့် ကြည့်လိုက် ရာ သူကျ အလာ ကို စောင့်နေသော ကျားတစ်ကောင်ကို တွေ့လိုက်ပြန်သည်။

“ခြင်္သေ့ နဲ့ ကျား ကြမ်းတမ်း တဲ့ အကောင်တွေဖြစ်တယ်။ အပေါ်ပဲ တက်တက် အောက်ပဲ ဆင်းဆင်း အစား ခံရမယ့် အတူ  အပင်ပေါ်မှာ ခဏနားနေ လိုက်တာ ကောင်းမယ်”  ဟုတွေးလိုက်မိသည်။ 


 
နားရန် ဆုံးဖြတ်လိုက်စဉ် အသံ တစ်သံ ကို  ကြားလိုက်မိပြန် သည်။ အသံ လာရာသို့ ကြည့်လိုက် ရာ
ကြွက်ဖြူ  ကြွက်မဲနှစ်ကောင် မှာ သူရှိနေသော သစ်ကိုင်းအား ကိုက်ဖြတ်နေသည် ကို တွေ့လိုက်မိသည်။ 


သူ တုန်လှုပ်သွား မိပြီး “ ကျားကိုက်ပြီး သေမယ့် အတူတူ သစ်ကိုင်း ကျိုးကျပြီး သေတာ က ကောင်းဦး မယ်” ဟု တွေးလိုက်မိပြန်သည်။
 

ထို့နောက် သစ်ကိုင်းပေါ်တွင် နားနေပြီး ဆာလောင် လာသော ကြောင့် သစ်သီး များ ကို ခူးစားလေတော့ သည်။ ဗိုက်ပြည့်သော အခါ “သေရမဲ့ အတူတူ မသေခင် တစ်ရေး အိပ်လိုက်ဦးမယ်”  ဟုတွေးပြီး သစ်ကိုင်း ကို မှီပြီး အိပ်နေခဲ့သည်။ 

သူနိုးလာသော အချိန်တွင် သစ်ကိုင်း ကို ကိုက်ဖြတ်နေသော ကြွက်နှစ်ကောင် ကို  မတွေ့တော့။ ထို့ အတူ ခြင်္သေ့နှင့် ကျား ကိုလည်း မတွေ့တော့ပေ။
 

အကြောင်းမှာ သူအိပ်ပျော်နေသော အချိန် တွင် ဆာလောင်သော ခြင်္သေ့ က အစာ ကို မစောင့်နိုင် သဖြင့် ချောက်ထဲ သို့ လိုက်ခုန်ချ ခဲ့သည်။ ချောက်အောက် ရှိ ကျားနှင့် တိုးပြီး အချင်းချင်း ကိုက်ဖြတ်ကာ
အသီးသီး ဒဏ်ရာရပြီး ထွက်ပြေး ကုန်ကြသောကြောင့်ဖြစ်သည်။


ခြင်္သေ့နှင့် ကျား ဟိန်းသံကြားသောကြောင့် ကြွက်နှစ်ကောင် မှာ လည်းလန့်ပြီး ထွက်ပြေး ခဲ့ကြ သည်။
ထို အခါမှ သူသည် သစ်ပင်ပေါ်မှ ဆင်းပြီး သတိနှင့် ကမ်းပါး ထိပ်သို့ တက်ရောက်ခဲ့ သဖြင့် အသက်ဘေး မှ လွှတ်မြောက်ခဲ့ရသည်။


ကျွန်တော်တို့ မွေးဖွားကြီးပြင်း လာသည့် အချိန်မှ စ၍ ပင်ပန်း ဆင်းရဲခြင်း သည် ဆာလောင်နေသော ခြင်္သေ့ တစ်ကောင် ကဲ့သို့  ကျွန်တော်တို့ အား လိုက်နေခဲ့သည်။
 

 သေဆုံးခြင်း သည် ရက်စက်သော ကျား တစ်ကောင် ကဲ့သို့  ချောက်အောက် တွင် ကျွန်တော်တို့ အား စောင့်နေ ခဲ့သည်။
 

 နေ့နှင့်ည ပြောင်းလဲနေသော အချိန် များသည် ကြွက်ဖြူနှင့်  ကြွက်မဲ ကဲ့သို့ ကျွန်တော် တို့ ခဏ သာ ရပ် တည်နေသော (ဘ၀) သစ်ပင် ကို ကိုက်ဖြတ်နေကြသည်။
 

တစ်နေ့နေ့ တွင် ကျွန်တော်တို့ သည် ခြင်္သေ့နှင့် ကျား ၏ အစား ကို  ခံရမည်ဖြစ် သည်။ ထိုသို့ အစား မခံရခင် သစ်ပင်ပေါ် ရှိ ချိုမြိန်သော အသီး များကို စားသုံးရင်း အပင်ပေါ်မှနေ၍ လှပသော ရှုခင်း များကို  ခံစားနေ မည် ဆိုလျှင် စိတ်သည် ရိုးရှင်းပြီး စိုးရိမ် ပူပန်မှုများ  ကင်းရှင်းနေလိမ့်မည်။ 

သင် ၏ အချိန် တစ်မိနစ် တစ်စက္ကန့် ကို  ကောင်းသော အတွေး၊ လှပသော အရာများနှင့် ခံစား ခဲ့ဖူးပါ သလား?

သူငယ်ချင်း မိတ်ဆွေ၊ ချစ်သူရည်းစား၊ အိမ်သူ အိမ်သားများနှင့်  ဘာမှ မဟုတ်သော ပြဿ  နာ သေးသေး မွှားမွှားဖြင့် သင့်ကိုယ် အား ဒေါသငွေ့ များ ဖုံးလွှမ်းစေပါ သလား?
 

 ပြူတင်းပေါက် ကို ဖွင့်ကြည့် လိုက်ပါ။ သို့မဟုတ် လျှင် ကြည်လင်သော  ကောင်းကင်ပေါ် တွင် ဟိုဒီ ပြေးလွှား ကစားနေသော  တိမ်ဖြူလေးများဖြင့် လှပသောနေ့ရက် တစ်ရက် ကို  သင် လက်လွှတ် သွားပါလိမ့်မည်။

Credit: နိုင်းနိုင်းစနေ

 နှလုံးသားအဟာရရသစာများ

No comments:

Post a Comment