Monday, November 30, 2015

ရုရှ ခြေလှမ်း ကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ......


Sai Pyae Han Phyo's photo.
 


ရုရှ က သူ့လေယာဉ် ပစ်ချ ခံရပြီးတဲ့နောက် တူရကီ ကို စီးပွားရေး အရ လက်စားချေဖို့ လုပ်လာတာ ကို တွေ့ ရတယ်...... ရုရှဝန်ကြီးချုပ် မက်ဒီဗက် က တူရကီ နဲ့ ပူးပေါင်း လုပ်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ကို ရပ်ဆိုင်းထားဖို့ တူရကီ ကို ဆန့်ကျင် တဲ့ သူ့ ရပ်တည်ချက် ကို ထုတ်ဖော်ပြသလိုက်တယ်......

ဒီ့ အတွက် ရုရှ နဲ့ တူရကီ ကြားမှာ အပြန်အလှန် သဘောတူရှိမှုတွေ ရှိထားတဲ့ ကုန်သွယ်မှု၊ အခြေခံ အဆောက် အဦး တည်ဆောင်မှုတွေကို ပါ ထိခိုက်မယ့်သဘောမှာ ရှိတယ်...... အဲ့ဒိ အထဲမှာ Akkuyu နြူ စွမ်းအင် သုံး ဓါတ်အားပေး စက်ရုံ တစ်ခု လည်း ပါနေတယ်......

ရုရှ စီးပွားရေး ဝန်ကြီး ကလည်း တူရကီ နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ဇုန် စီမံကိန်း ကို ရပ်ဆိုင်း ဖို့ ပြင် ဆင်နေ တယ်....... တူရကီ ရဲ့ စွမ်းအင် မဟာဗျူဟာ က ရုရှ အပေါ်မှာ မှီခိုနေရ တဲ့ နိုင်ငံ တစ်ခုဖြစ်ပြီးတော့ နိုင်ငံ က အသုံးပြုနေတဲ့ ၅၅% သဘာဝ ဓါတ်ငွေ့တွေ နဲ့ ၃၀% သော ရေနံတွေ ကို ရုရှ ကနေ တင်သွင်းနေရတယ်...... 

ဒီ့ အတွက် အဲ့ဒိ စွမ်းအင် ကဏ္ဍတွေ အပြင် နြူ    စွမ်းအင်တွေ အပေါ်မှာ ပါ ဒီကိစ္စ ဟာ သက်ရောက်မှု ရှိမယ် လို့ တူရကီ က Professor Gurkan Kumbaroglu က ပြောတယ်......

နောက်ထပ် ထိခိုက် မှာ က ခရီးသွား လုပ်ငန်း....... ၂၀၁၃ ခုနှစ် ပထမ ၉ လ အတွင်း မှာ ရုရှ က ခရီးသွား ၃.၆ သန်း ဟာ တူရကီ ကို အလည် အပတ် သွားရောက်ခဲ့တာ ကို စာရင်းတွေ အရ သိရတယ်....... တူရကီ ဟာ ရုရှတွေ အပေါ် ထင်ပေါ်ကျော်ကြား တဲ့ ခရီးသွား စရာ နေရာ တစ်ခုပဲ....

ကမ္ဘာ့ခရီးသွား လုပ်ငန်း ကောင်စီ က ထုတ်ပြန်ချက် အရ ၂၀၁၄ မှာ တူရကီ ဟာ ခရီးသွား လုပ်ငန်းကနေ တိုက်ရိုက် (သို့) သွယ်ဝိုက် ရတဲ့ ပိုက်ဆံ ဟာ တူရကီ GDP ၉၆ ဘီလျံရှိတယ်......



ခရီးသွား လုပ်ငန်း ကနေ နိုင်ငံတွင်း မှာ အလုပ် အကိုင်ပေါင်း ၂.၁ သန်း ကို ဖန်တီးထားတယ်...... အဲ့ဒိ ပမာဏ ဟာ အခြားသော သတ္ထု  တူးဖော်ရေး၊ ဓါတု ပစ္စည်း ထုတ်လုပ်ရေး၊ ကား ထုတ်လုပ်ရေး ၊ ငွေကြေး စီမံ ခန့်ခွဲ မှု၊ ဘဏ် လုပ်ငန်းတွေထက် အများကြီး ပိုတယ်...... 

ရုရှ နိုင်ငံခြားရေး ဝန်ကြီး ကတော့ တူရကီ ကို ရုရှတွေ မသွားဖို့ တိုက်တွန်းသလို စီးပွားရေး ဝန်ကြီးကတော့ တူရကီ ကို မသွားဖို့ အတွက် ကန့်သတ်သင့်တယ် လို့ ထုတ်ပြောနေတယ်......


 နောက်ဆုံး သိရတာ ကတော့ ရုရှ က ခရီးသွားလာ  မှု စီစဉ် တဲ့ ကုမ္ပဏီတွေ ဟာ တူရကီ ခရီးစဉ် ကို ရောင်း ချခွင့် မရှိတော့ဘူး..... တူရကီ မှာ ရောက်နေတဲ့ ရုရှတွေ ကို လည်း နိုင်ငံကို အမြန်ဆုံး ပြန်လာခိုင်းနေ တယ်   ...... ဒါဟာ ခရီးသွားလုပ်ငန်း ကနေ ရတဲ့ ဝင်ငွေတွေ ကို မှီခိုနေရ တဲ့ တူရကီ အတွက်တော့ ဆိုးဝါးတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်တယ်......

ကုန်သွယ်မှုတွေ မှာ ဆိုရင်လည်း တူရကီ ရဲ့ အသီးအနှံတွေ ရုရှ ကို တင်ပို့မှု ဟာ တစ်နိုင်ငံလုံး က ထွက်တဲ့ ပမာဏ ရဲ့ ၂၀% နီးပါး တင်ပို့နေရတယ်..... ရုရှ ကို ကုန်တင်ပို့မှု ကနေ တူရကီ ဟာ ၂၀၁၄ မှာ ၅.၉ ဘီလျံ တန်ဖိုး ရှိပြီး ရုရှ ကနေ ပြည်တွင်း ကို ပြန်လည်တင်ပို့မှု ဟာ ၂၅.၂ ဘီလျံ တန်ဖိုးရှိတယ်...... 

တူရကီ သမ္မတ က ပြီးခဲ့တဲ့ စက်တင်ဘာ မှာ ပြောခဲ့တာ ကတော့ နှစ်နိုင်ငံ ကုန်သွယ်မှု ကို ၂၀၂၃ ရောက်ရင် ဘီလျံ ၁၀၀ အထိ တိုးမြှင့်မယ်လို့ ဆိုခဲ့တယ်......

ရုရှ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးကတော့ နိုင်ငံအနှံ့ က စားသောက်ကုန် ထုတ်တဲ့ ကုမ္ပဏီတွေ ကို တူရကီ က တင်သွင်းတဲ့ စားသောက်ကုန် နဲ့ လယ်ယာ ထွက်ကုန်တွေ ကို စနစ် တကျ စစ်ဆေး ဖို့ ကြာသပတေးနေ့ က စတင်လုပ်ဆောင်နေတယ်...... 

 အရင် ကလည်း ရုရှ ဟာ တူရကီ က တင်သွင်းတဲ့ စားသောက်ကုန်တွေ ဟာ ရုရှ စံ နှုန်းနဲ့ မကိုက်ညီ လို့ ပြဿ  နာ တက်ခဲ့ တာတွေ ရှိခဲ့တယ်......

ကရင်မလင် ကတော့ လောလောဆယ် မှာ အဲ့ဒိ အသီးအနှံ တင်ပို့မှုတွေနေရာ မှာ တူရကီ ကို အစားထိုးဖို့ စီစဉ်ထားတာ မရှိသေးဘူးလို့ ဆိုသလို ဒါဟာ ဆန်းရှင်း အဖြစ် သတ်မှတ် ဖို့ စဉ်းစားစရာ ကို မလိုဘူး လို့ လဲ ပြောလိုက်တယ်...... 

ဒါပေမယ့်လည်း ရုရှ ဆန်းရှင်း ကြောင့် စ တင် ထိခိုက်လာမှာ ကတော့ ဒီ ကုန်သွယ်မှုတွေ က အစ ပျိုးမယ်လို့ ခန့်မှန်းရတယ်........

တူရကီ ကို မှီခိုနေရ တဲ့ ရုရှ အတွက်လည်း ဆန်ရှင် ချလိုက်ခြင်း ရဲ့ အကျိုးအပြစ်တွေ ကို ခံစားရမယ့် အနေ အထား မှာ ရှိတယ်....... ရှေ့ဆက် ဘာဖြစ် လာမလဲ စိတ်ဝင် တစား စောင့်ကြည့်ရတော့မယ်....... 

OIC အဓိပတိ နိုင်ငံကြီး ကို ကိုင်လှုပ်တော့မယ့် ရုရှခြေလှမ်း ကတော့ စိတ်ဝင်စားဖို့ ကောင်းနေပြီ.......



Credit -Voice Of JameMint
Sai Pyae Han Phyo

 

No comments:

Post a Comment