Friday, November 6, 2015

ခါး နာခြင်းနှင့်ကျောရိုးဆစ် လွဲသွားခြင်း တို့ မဖြစ်ပွားရအောင် ကာကွယ်နည်း


Healthcare.com.mm's photo. 


ခါးနာခြင်းနှင့်ကျောရိုးဆစ် လွဲသွားခြင်း တို့ မဖြစ်ပွားရအောင် ကာကွယ်နည်း မှာ .........
 

မာသောမွေ့ယာပေါ် ၌ အိပ်ခြင်းနှင့် ခါးရိုး တစ်လျှောက်ရှိ ကြွက်သားများ၊ အရွတ်များ သန်မာ လာစေ မည့် လေ့ကျင့်ခန်း များ မှန်မှန် ပြုလုပ်ပေးခြင်း ပင်ဖြစ်သည်၊ ၎င်းတို့မှာ-

(၁) လမ်း မှန်မှန် လျှောက်ပေးခြင်းဖြင့် ခါးရှိုး ကြွက်သား များကို သန်မာစေသည့် အပြင် ခါးရိုး ကို ထောက် ပံ့ပေးထား သည့် အရွတ် များကိုလဲ အားရှိစေပါသည်၊

(၂) လမ်း မှန်မှန် မလျှောက်နိုင်သူများ အဖို့ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်း များကို နေ့စဉ် မှန်မှန် ပြု လုပ်ပေး ပါက ခါးနာခြင်းမှ ကင်းဝေးစေပါသည်။

 ရှေးဦးစွာ မွေ့ယာတစ်ခုပေါ်တွင် မှောက်လျက် အိပ် ပါ၊လက်နှစ်ဖက် ကို ဘေးတစ်ဖက် တစ်ချက်စီ တွင် ချ ထားပါ၊ ထို့နောက်ခေါင်း၊ လည်ပင်းနှင့် ရင်ပိုင်း တို့ကို(ခါးကော့ပြီး) အပေါ်သို့ မနိုင် သလောက်မပါ၊ 

ထို့နောက် ပြီးလျှင် ပြန်ချပါ၊ ထိုသို (၁၀)ကြိမ် ပြုလုပ်ပါ၊ ထို့နောက် ဒူး မကွေးစေဘဲ ခြေတောက် ကို အပေါ်သို့ မပေးပါ၊ ထို့နောက်ပြန်ချပါ၊ 


 
ထိုသို့ (၁၀) ကြိမ်ပြုလုပ်ပါ၊ နောက်ဆုံး တွင် ခေါင်းပိုင်းရော၊ ခြေတောက်ပိုင်းပါ (ခါးကြော့ပီး) တပြိုင် နက် (၁၀) ကြိမ် မ ပါ၊ ပြန်ချပါ။ (ထိုသို့ ပြုလုပ်ရာ တွင် လက်နှစ်ဖက် ၏ အကူအညီ မပါဘဲ ပြုလုပ်ရပါမည်၊)

(၃) နောက် လေ့ကျင့်ခန်း တစ်ခုမှာ ခါး ကို မတ်မတ် ထားပြီး ခြေဖျားထောက် ၍ ထိုင်ထ ပြုလုပ်ပါ၊ တစ်နေ့ လျှင် (၁၅) ကြိမ် ပြုလုပ်ပါ၊  ( ထိုသို့ ပြုလုပ်စဉ် လက်နှစ်ဖက် ကို ခါးတွင် ထောက်ထားပါ၊)

အထက်ပါ လေ့ကျင့်ခန်း  များကို မှန်မှန် ပြုလုပ်ပေးပါ က ခါးနာခြင်း၊ ခါးဆစ်လွဲခြင်း တို့ အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ပါသည်။


Ref:
Mg Mandalay စာကြည့်ခန်း
( ခါးနာခြင်းနှင့်ခါးဆစ်လွဲခြင်းတို့မဖြစ်အောင်ကာကွယ်နည်းများ မှ ကာကွယ်နည်း ဟု ထပ်မံသိရှိနိုင်စေရန် ကောက်နုတ်ချက်အဖြင့် တင်ပြလိုက်ရပါသည် ။ )
Friday, January 30, 2015

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment
(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။


 Healthcare.com.mm

No comments:

Post a Comment