Monday, November 2, 2015

ကျွဲကောသီး အကြောင်း သိကောင်းစရာ


ဆေးဒါန's photo.



 


ကျွဲကောသီးတို့သည် အချဉ်ဓာတ် အက်ဆစ် ပါရှိသော အသီးမျိုးနွယ်ဝင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ အချဉ်သီးမျိုးနွယ် ထဲတွင် အကြီးဆုံး အမျိုးအစား ဖြစ်ပါသည်။ အရှေ့တောင် အာရှနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယ နယ် စပ် တို့တွင် စတင် ပေါက်ရောက်ကြပြီး ဂျပန်၊ ကာရေဘီယန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်တွေ့ မြင်ရပါသည်။ 

“တရုပ်ပြည်တွင် ဂရိတ်ဖရု သီး” အဖြစ် ခေါ်ဝေါ်လေ့ ရှိပြီး၊ တရုတ် ရိုးရာ များတွင် “ နမိတ်ကောင်းတဲ့ မင်္ဂလာ ရှိသော အသီး” အဖြစ် အခမ်းအနား များတွင် အသုံးပြုလေ့ရှိကြပါသည်။ 

အသီး ၏ ပုံသဏ္ဍာန် မှာ လုံးဝန်းပြီး၊ အချင်းမှာ ၃၀-စင်တီမီတာလောက် ရှိတတ်ပါသည်။ ရေမြေ သဘာဝနှင့် အမျိုးအစားပေါ် လိုက်၍ အသီး ၏ အရွယ်သည် ပေါင် ၂၀ ကျော် အလေးချိန် ရှိတတ်ပါသည်။

အပြင်ပိုင်း အခွံအရောင် သည် အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ အသီး မှည့်လာသော အခါတွင် အဝါရောင် ပြောင်း သွားပါသည်။ အပေါ်ယံ အခွံသည် တော်တော် ထူသော်လည်း၊ သိပ် မမာသည့် အတွက် ခွာရ လွယ်ကူပါ သည်။ 

ထို အခွံအောက် တွင် ရေမြှုပ် သဏ္ဍာန် အဖြူရောင် အခွံ အခေါက်တို့  ရှိပါသည်။ အသီးအမြွှာ လေးများပေါ် တွင် အခွံပါး တစ်ထပ် ဖုံးအုပ် ထားပြီး၊ ထို အခွံပါး တို့သည် အရသာ ခါးတတ် သဖြင့် ကုန်စင်အောင် နွှာပြီးမှ စားကြပါသည်။ 

ဂရိတ်ဖရုသီး ၏ အရာသာနှင့် ခပ်ဆင်ဆင် တူပါသည်။ သို့သော် ကျွဲကောသီး က မဆိုသလောက် အရသာ ခါးသက်သက် ရှိပါသည်။ အသီးထဲရှိ အသားသည် များသော အားဖြင့် အဖြူရောင်ဖြစ်ပြီး၊ ချိုချဉ် အရသာ ရှိပါ သည်။ တခါ တရံ ပန်းရောင် (သို့မဟုတ်) အနီရောင် တို့ ကို တွေ့ရတတ်ပြီး၊ ထို အမျိုးအစား က အဖြူသီး ထက် အချိုဓာတ် ပိုကဲပါသည်။

 မြန်မာပြည် တွင် မွန်ပြည်နယ်၊ မော်လမြိုင်နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့တို့မှ ထွက်ရှိသော ကျွဲကောသီး က အလွန် နာမည်ကြီးပါသည်။ မိုးရာသီ တွင် လှိုင်လှိုင်ပေါ ပါသည်။


ပုံမှန်အားဖြင့် ကျွဲကောသီး ကို သူ့ချည်းဘဲ အစိပ်လိုက် အခွံနွှာ၍ စားကြ သလို၊ ဖျော်ရည်အဖြစ် ဖျော်သောက် ကြ ပါသည်။ အချဉ်ဓာတ် ကဲသော ကျွဲကောသီး ကိုတော့ သကြား (သို့မဟုတ်) ပျားရည် (သို့မဟုတ်) နွယ် ချိုမှုန် ၊့ ဆား အနည်းငယ်နှင့် ငရုပ်သီးမှုန့် တို့ဖြင့် ရောစပ်၍ စားကြပါသည်။ 

ဟင်းလျာ အဖြစ် အသုပ် သုပ် စားလို့ရပါသည်။ တရုတ်နိုင်ငံ တွင် ကျွဲကောသီး အခွံ ၏ အနံ့ အရသာဖြင့် သကြား လုံး ပြုလုပ်ကြသလို၊ တရုတ် ရိုးရာ အချိုပွဲ ဟင်းရည် အဖြစ် သောက်သုံးလေ့ ရှိကြပါသည်။

 ဆေးပညာ ရှုထောင့်မှ ကြည့်ပါက၊ ၁၉၀-ဂရမ် ရှိသော ကျွဲကောသီး ထဲတွင် 
ဆိုဒီယမ် (၂) မီလီဂရမ်၊ 
ကစီဓာတ် (၁၈.၃) ဂရမ်၊ 
ပရိုတင်း (၁.၄) ဂရမ်၊ 
ဗီတာမင်စီ (၁၁၅.၉) ဂရမ်၊ 
ကယ်စီယမ် (၈) မီလီဂရမ်၊ 
သံဓာတ် (၀.၂) မီလီဂရမ်၊ 
မဂ္ဂနီစီယမ် (၁၁) မီလီ ဂရမ်၊
 ဖော့စဖရက်စ် (၃၂) မီလီဂရမ်၊ 
ပိုတက်စီယမ် (၄၁၀) မီလီဂရမ်၊ 
ဇင့် (၀.၁၅) မီလီဂရမ်၊
 ကော့ပါး (၀.၀၉၁) မီလီဂရမ်၊ 
မင်းဂ္ဂနီစ် (၀.၀၃၂) မီလီဂရမ်၊ 
သီအာမင် (၀.၀၆၅) မီလီဂရမ်၊ 
 ရီဘိုဖလာဗင် (၀.၀၅၁) မီလီဂရမ်၊ 
နီအာစင် (၀.၀၄၁၈) မီလီဂရမ် နှင့် 
ကယ်လိုရီ (၇၂) ပါ ရှိပါသည်။ 

အဆိုပါ အာဟာဓာတ် များဖြင့် ပေါ ကြွယ်ဝသည့် အတွက် ကျွဲကောသီး က လူသား တို့ ကျန်းမာရေး ကို တစ် ဖက် တစ်လမ်း မှ များစွာ အထောက်အကူ ပြုပေးနိုင်ပါသည်။ 

အထူးသဖြင့် တရုတ်ရိုးရာဆေးမြီးတို ကုထုံး များတွင် ကျွဲကောသီး ကို အသုံးပြုလေ့ ရှိကြပါသည်။
ကျွဲကောသီး ၏ အရည် က အစာအိမ် ကို အယ်ကာလိုင်း အဖြစ် ဓာတ်ပြုပေးနိုင်သောကြောင့်၊ အစာ ကို ကောင်းစွာ ချေဖျက်ပေးနိုင်ပါသည်။ 

ထမင်းစားသောက်ပြီးနောက် အစောကြေဆေး အဖြစ် ကျွဲကောသီး ကို မှီဝဲနိုင်ပါသည်။ ဝမ်းချုပ်ခြင်း မှ လဲ ကင်းဝေးစေနိုင်ပါသည်။
 

ကျွဲကောသီး ၏ အသား ကို ဖုံးအုပ်ထားသော အဖြူရောင် အခွံပါးလွှာ ထဲတွင် bioflavonoid ဓာတ် ပါရှိပေရာ၊ ထို ဓာတ်က ခန္ဓာကိုယ် ထဲရှိ ကင်ဆာဆဲလ် များ ပျံ့ နှံ့ မှု ကို လျော့ချပေးနိုင်စွမ်း ရှိပါသည်။ ထို့ပြင် ခန္ဓာကိုယ် အတွက် ပိုလျှံသော estrogen များ ကို ရှင်းလင်းပေးသည့် အတွက် ရင်သား ကင်ဆာဆဲလ် များ ပြန့်ပွားမှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါသည်။ 

အစာအိမ်နှင့် မုန့်ချိုအိတ် ကင်ဆာ တို့ကိုလဲ သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ အူမကြီး ကင်ဆာကို မဖြစ်စေနိုင်ပါ။
 

ဗီတာမင်စီ အမြောက်မြား ပါရှိသည့် အတွက် သွေးလွှတ်ကြောများ ကို ဆန့်၊ ကျုံ့ ပျော့ပြောင်းစေနိုင် သည့်ပြင် pection ဓာတ် ပါရှိ သဖြင့် သွေးလွှတ်ကြောများ ပိတ်ဆို့ မှုမဖြစ်စေဘဲ၊ သွေးကို ကောင်းစွာစီးဆင်း လည်ပတ်စေနိုင် သဖြင့် နှလုံးကို ကျန်းမာစေပါသည်။ 

ထို့ပြင် ကျွဲကောသီး ကို မှန်မှန် စားပေးခြင်းဖြင့် ကိုလက်စထရောလ် ကျစေနိုင်သောကြောင့် နှလုံးရော ဂါ ဖြစ်ပေါ် မှု အလားအလာ ကို ဟန့်တားပေးနိုင်ပါသည်။
 

ခန္ဓာကိုယ် အလေးချိန် ကျလိုသူများ အတွက် ကျွဲကောသီး က ကောင်းကျိုးပြုပါသည်။ အင်ဇိုင်း ကို လောင် ကျွမ်းစေပြီး ၊ ခန္ဓာကိုယ် ထဲရှိ ကစီနှင့် သကြား တို့ကို စုပ်ယူပေး သဖြင့် ကိုယ်အလေးချိန် ကို ကျစေပါသည်။ 
ထို့ပြင် ကျွဲကောသီး ထဲတွင် အမျှင်ဓာတ် အမြောက် အများ ပါရှိခြင်းကြောင့်၊ အစာခံနိုင်ပြီး၊ မကြာခဏ အစာ စားချင်စိတ် ကို မဖြစ်ပေါ်စေပါဘူး။
 

ကျွဲကောသီး သည် ခန္ဓာကိုယ် ထဲရှိ အဆိပ်အတောက် များကို ဖယ်ထုတ်ပေးကာ၊ သွေးကိုလဲ သန့်စင်စေ ပါသည်။
 

ကျွဲကောသီး စားသုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ဘဲ  မျက်စေ့ကြောင်ခြင်း၊ လည်ပင်းနာခြင်းနှင့် ဆီးချိုရောဂါ တို့ကို သက်သာ ကောင်းမွန်စေနိုင်ပါသည်။ ကိုယ်ခံစွမ်းအား ကိုလဲ တိုးတက်ကောင်း မွန်စေသောကြောင့် အဖျားရောဂါများ မဖြစ်စေနိုင်ပါ။
 

ကျွဲကောသီး ထဲတွင် ပိုတက်စီယမ် အမြောက်အမြား ပါရှိသည့် အတွက်၊ သွေးကို ပုံမှန် ဖြစ်စေ သဖြင့် သွေး တိုးရောဂါ ဝေဒနာသည် များ စားသုံးသင့်ပါသည်။ ကျွဲကောသီး က သွေးတိုးရောဂါပျောက် ဆေးဝါးများ ထက် ပိုမို အစွမ်းထက်မြက်သည်ဟု ဆိုပါသည်။

ပန်းနာရင်ကြပ် ကို သက်သာ ပျောက်ကင်းစေပါသည်။ ကိုယ်ဝန်ဆောင် မိခင် များ ခန္ဓာကိုယ် ဖောရောင်ခြင်း အတွက် ကျွဲကောသီး စားပေးသင့်ပါသည်။
 

ဗီတာမင်စီ အမြောက် အမြား ပါရှိခြင်းကြောင့် အနာ များကို ကျက်စေပါသည်။ သွားဖုံး သွေးယိုစီးခြင်း ကို ကာကွယ်ပေးပြီး သွားများ ကို ခိုင်မာစေပါသည်။ ခံတွင်း ရနံ့ဆိုးများ မဖြစ်ပေါ်စေပါ။ 

အအေးမိနှာစေး၊ ချောင်းဆိုးခြင်းနှင့် ရာသီဖျား များ ကို အလွယ် တကူ မကူးစက်စေနိုင်ပါ။ ကျွဲကောသီး ထဲ တွင် ပါရှိသော ပိုတက်စီယမ် က၊ အရိုးပွခြင်း ကို ကာကွယ်ပေးနိုင်ပြီး၊ အရိုး ကို ခိုင်မာစေပါသည်။ ထို့ပြင် ကြွက်သား များ ကျုံ့ခြင်း၊ ဆန့်ခြင်း ကို အားပေးသဖြင့် ခြေသလုံး ကြွက်သားများကို ကြွက်မတက်စေနိုင်ပါ။
သွေးအားနည်းရောဂါ မှ ကာကွယ်ပေးနိုင်ပါသည်။
 

*အသားအရေ အတွက် ကျွဲကောသီး အစွမ်း။
အသားအရေ ဆိုသည် မှာ ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို လွှမ်းခြုံ  ကာရံပေးထားသော အကြီးဆုံး အင်္ဂါ တစ်ခုဖြစ် သည့် အရေပြား ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ 

မိမိ ၏ နေ့တဒူဝ နေထိုင် စားသောက်မှုကြောင့် ဝက်ခြံ၊ အဖု အပိမ့်နှင့် အစက် အပြောက်များ ထွက်လာနိုင် သလို၊ ကြည်လင် စိုပြည်သည့် အသားအရေ ကိုလည်း ပိုင်ဆိုင်နိုင်ပါသည်။ ဘေးဥပါသ် ကင်းဝေးစွာဖြင့် အသား အရေ လှပမှု အတွက် အထောက် အကူဖြစ်စေတဲ့ အစား အစာများ ကတော့ အရောင်အဆင်း အမျိုးမျိုး ရှိသော သစ်သီး ဝလံနှင့် ဟင်းသီး ဟင်းရွက်များသာ ဖြစ်ပါသည်။

ကျွဲကောသီး သည် အချဉ်သီး မျိုးနွယ် ထဲတွင် အကြီးဆုံး အသီး ဖြစ်သဖြင့် ဗီတာမင်စီ ကြွယ်ဝစွာ ပါ ရှိခြင်းခြင်းကြောင့် အရေပြား ထဲက ကိုလေဂျင်ခေါ် အမျှင်ဓာတ် ကို ကျန်းမာပြီး တင်းရင်းစေသည့် အတွက် အသားအရေကို နုပျိုလှပစေကာ အရွယ်တင် နိုပျိုစေမှာ အမှန်ပါ။ 

အထူးသဖြင့် ကျွဲကောသီး အခွံ ထဲတွင် အသားအရေ ကို ဖြူစင် ဝင်းမွတ်စေသည့် ဆေးဘက်ဝင် အစွမ်း ထက်မြတ်သော အဆီ တစ်မျိုး ပါရှိပါသည်။ ထို အဆီ ကို အခြေခံ ၍ မျက်နှာလိမ်း ကရင်မ်၊ ကိုယ်လိမ်း ကရင်မ် နှင့် ဂျိုင်းလိမ်း Roll On တို့  ထုတ်လုပ်ကြပါသည်။

မပင် မပန်း အလုပ် မရှုပ်စေဘဲ၊ မိမိ အိမ်မှာပင် ကျွဲကောသီးဖြင့် အသားအရေ ကို ထိန်းသိမ်းနိုင်ပါသည်။ ဦးစွာ ရေချိုးပြီးနောက်၊ မျက်နှာ အနှံ့နှင့် ဂျိုင်းသား များကို အရည်ညှစ် ထားသော ကျွဲကောသီး အရည်ဖြင့် စိမ့်ဝင်အောင် လိမ်းပေးပါ။ 

ကျွဲကောသီး အခွံ ကို အနည်းငယ် ညှစ်ပြီး ထွက်လာသော သတ္တုရည်ဖြင့် ဂျိုင်းသား များကို လိမ်းကျံပေးနိုင် ပါသည်။ နောက် ၁၅-မိနစ်ခန့် အကြာ တွင် မျက်နှာနှင့် ဂျိုင်းသားများ ကို ရေအေးဖြင့် ပြန် လည် ဆေးကြောပေး ဘို့ မမေ့ပါနှင့်။ 

ထိုကဲ့သို့  တစ်နေ့ တစ်ကြိမ် မှန်မှန် လိမ်းပေးရုံဖြင့် ရက်သတ္တပတ် အနည်းငယ် အတွင်း ဂျိုင်းသား များ ဖြူဖွေး လာပါလိမ့်မည်။ မျက်နှာ အသားအရေ ကို အစိုဓာတ် ထိန်းသိမ်းပေးပြီး တင်းရင်း ဝင်းစို လာခြင်း၊ ချွေးပေါက် များ ပွင့်စေပြီး ဝက်ခြံပျောက်ခြင်း ...စသည်ဖြင့် အကျိုးကျေးဇူးများစွာ ခံစားနိုင်ပါလိမ့်မည်။


*မှတ်ချက်။
(၁) အသား ကို ဖုံးအုပ်ထားသော အဖြူရောင် အခွံပါး သည် အတန်ငယ် ခါးသက်သက် ရှိသော်လဲ၊ ကင်ဆာ ဆဲလ်များ ကို ကောင်းစွာ နှိမ်နှင်းနိုင်သည့် အတွက် ထို အခွံပါး ကို စားပေးသင့် ပါသည်။
 

(၂) အလေးချိန် စီးသော ကျွဲကောသီး သည် အရည်လည်း ပိုရွှမ်းပါသည်။
 

(၃) အဖြူရောင် အသီးထက် ပန်းရောင် (သို့ မဟုတ်) အနီရောင် အသီး တို့က အရသာ ပိုချိုပြီး၊ အာဟာရဓာတ် လဲ ပိုပါသည်။
 

(၄) အမှည့် လွန်ပြီး ပျော့နေသော အသီး များနှင့် ဒဏ်ရာ ရှိနေသော အသီးများ ကို ရှောင်ရှားသင့်ပါသည်။


*သတိပြုရန်။
(၁) အချို့သော သူများသည် မွေးရာပါ ဗိုက်တာမင်စီနှင့် ဓာတ် မတည့်သူများ ရှိတတ်သည့် အတွက် ဗိုက်တာမင် စီ ကြွယ်ဝသော ကျွဲကောသီး ကို စားမိ ပါက၊ အရေပြားပေါ်တွင် အဖု အပိမ့် အနီစက်များ ထွက်ပြီး၊ အရေပြား ကို ရောင်ရမ်း စေတတ်ပါသည်။
 

(၂) ဗိုက်တာမင်စီ ကြွယ်ဝသော သီးနှံဖြစ်သဖြင့် အလွန် အကျွံ စားသုံးပါက၊ ကျောက်ကပ် ကျောက်တည်ခြင်း၊ ဝမ်းချုပ်ခြင်း စသည့် ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
 

(၃) ကျွဲကောသီး ကို သံပုရာသီးနှင့် တွဲဖက် မစားသင့်ပါ။ သေစေနိုင်ပါသည်။

“ အာရောဂျံ ပရမံလာဘံ ” ကျန်းမာရေး သည် လာဘ်ကြီး တစ်ပါးပါ။ ရောဂါဖြစ်လာ မှ ကုသခြင်းထက်၊ ကြိုတင် ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းပါ။ 

ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်များပြီး၊ ကုသရန် ခက်ခဲသော ကင်ဆာရောဂါ ဆိုးကြီးများ အတွက် ကျွဲကောသီး က တစ်ဖက် တစ်လမ်း မှ ကောင်းကျိုးပြုပေးလျှက်ရှိရာ၊ ယခုလို မိုးရာသီ တွင်သာ ပေါပေါ များများ ရရှိသော ရာသီစာ သီးနှံ တစ်ခုဖြစ်သည့် ကျွဲကောသီး ကို ကင်ဆာ ကာကွယ်ဆေးအဖြစ် “ အစာလဲ ဆေး၊ ဆေးလဲ အစာ ” ဆိုသလို သင့်တင့် မျှတစွာ စားသုံးပေးကြစေလိုပါကြောင်း……..။


ဘာသာပြန်သူ (ပေါက်ပေါက်)
 ဆေးဒါန

No comments:

Post a Comment