Monday, November 21, 2016

သေခါနီး အချိန်




လူ့ လောကတွင် လူတစ်ဦးသည် တစ်ဘ၀လုံး မကောင်းမှု ဒုစရိုက်ကို ပြုလုပ်လာခဲ့သည်။ သို့သော် သေခါနီး ကာလ တစ်ဒင်္ဂလေးမှာ အလှူဒါန အမျှပေးဝေသောအခါ သာဓုခေါ်နိုင်ခြင်းသည် ကောင်းရာ သုဂတိသို့ သွားပါမည်လား။

တစ်သက်လုံး စိတ်ကောင်း ထားကာ အလှူ  ဒါနဖြင့် မွေ့လျော်ခဲ့ပြီး သေခါနီး တစ်ဒင်္ဂလေးမှာ ဇောစိတ်ကြောင့် အယူလွဲမှား၍ အသက်ဆုံးခဲ့လျှင် ဒုဂ္ဂတိ ဘုံသို့ သွားပါမည်လား။

(ဖြေ) ပါကဒါန ပရိယာယ-ကံလေးပါးတွင် အာသန္နကံ ဟူသည်မှာ သေခါနီး၌ အောက်မေ့အပ် ပြုအပ်သော ကံဖြစ်၍ အားနည်းလင့် ကစား အာစိဏ္ဏကံ- စသော အားကြီးသော ကံ  များကို ဖြတ်၍ အကျိုးပေးတတ်ပါ သည်။

နွားခြံ ၌ နွား အများရှိရာ နွားအိုကြီးသည် ခြံဝင်၌ အားနည်း၍ နောက်ဆုံးမှ ၀င်ရသော်လည်း ခြံထွက်တွင်
အပေါက်ဝနှင့် နီး သဖြင့် ရှေးဦးစွာ ထွက်နိုင်သကဲ့သို့ ဖြစ်ကြောင်း ဥပမာ ပြပါသည်။





ထို့ကြောင့် သေခါနီး၌ အောက်မေ့အပ်၊ ပြုအပ်သော ကံ သည် အကျိုးပေးတတ်သဖြင့် သေခါနီး၌ တရားစာပေ  ရွတ်ဖတ်ပေးခြင်း ၊ ဟောပြောပေးခြင်း ၊ ကုသိုလ်ပြုပေးခြင်း စသည်ဖြင့်  မိတ်ဆွေကောင်း  လိုအပ်ကြောင်း သတိပြုအပ်ပါသည်။



 ( ဘဒ္ဒန္တ တိလောကသာရ )

(Credit To : Ashin Mu Nain Da )
c/o ( မူကြို ဆရာ )



No comments:

Post a Comment