Thursday, November 3, 2016

လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားသူများ





နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကို ရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ် ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..

ဖော်ရွေတယ်..တာဝန်ယူလိုစိတ် ရှိတယ်..အမြဲတမ်းကျော်ကြားသူတစ်ယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တစ်ခါ တစ်ရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတစ်ပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.

မိမိကိုယ်ကို ယုံကြည်တတ်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်.. ဒါပေမယ့်..   ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထပ်ဖြစ်ကြတာ များပါတယ်..

အမြင်မတူတဲ့ သူတွေနဲ့ ပြဿ      နာ  တက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတတ်ကြတယ်..အသုံးအဖြုန်းကြီးသူတစ်ယောက်ဖြစ်ပေမယ့်..
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတတ်ပါတယ်..

မင်းသာ အမျိုးသားဆိုရင်..အရမ်း နာမည်ကျော်မယ်.. ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီါ်..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတစ်ယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုး အပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ..

ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော် များများကို မင်းက တစ်ဖတ်ကန်းခတ်အောင် သိနေတတ်တယ်..
ဒါပေမယ့်..မင်းရဲ့ ဘ၀မှာ..တစ်ချို့လူတွေက မင်းဘ၀နှိပ့်ကျ သွားအောင်..နာမည် ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတတ်ပါတယ်...

ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့ မနာလိုမှုကြောင့်ပါပဲ..
မင်းရဲ့ မိသားစု ဘ၀က အေးချမ်းလွန်းပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီး.. ချစ်စဖွယ်သားသမီးတွေ နဲ့ နေထိုင်ရပါလိမ့်မယ်..




မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူ တစ်ယောက်ပါပဲ..

မင်းရဲ့ အကောင်းဆုံး အဖော်မွန် နံပါတ်တွေ ကတော့.. 4, 6, 8 ...
သင့်တင်တဲ့ သူတွေကတော့.. 3, 5, 7


No comments:

Post a Comment