Thursday, November 3, 2016

လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ် ဆိုရင်..






နံပါတ် (၃)

နှလုံးသား မာကျောပြီ.. တစ်ကိုယ်ကောင်း ဆန်တတ်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတတ်သူတစ်ဦးပါ.. တိုးတက်မှုကို မြတ်နိုးတဲ့သူ တစ်ဦးပါ.. မင်းဟာ မိသားစုပြဿ       နာတွေကို လျှော့ကျဖို့ လိုလားပေမယ့်.. ပြဿ       နာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတတ်တာ များပါတယ်..
မင်းဟာ သြဇာ အာဏာကြီးမားပြီး.. နှစ်လိုဖွယ် မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..

ဒါကြောင့်.. ဘယ်နေရာကို သွားသွား.. မင်း အလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တစ်ခုခုကို ရဖို့ အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတတ်တယ်..

မကြိုးစားဘဲနဲ့ ရလာတာ ဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက် ငယ်ရွယ်သူတွေကို ဆိုဆုံးမတတ်တယ်..
ဘာကြောင့်လဲ ဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲဒီလို  လည်း  မင်းဟာ စံပြနေလေ့ရှိပါတယ်.. 

ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူ တယောက် မဟုတ်ပါဘူး..
မင်းနဲ့ ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့ အလုပ်တစ်ခုပါ..မင်းဟာ စိတ်ဓာတ်မာတဲ့ ပြိုင်ဘက်  တစ်ယာက်လိုပဲ...

ဒါပေမယ့်လည်း.. တစ်စုံ တစ်ယောက်ရဲ့ အပြုအမှုကို မင်း သဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတတ်ပါတယ်...

မင်းဟာ အမြဲလိုလို..သူတစ်ပါး ဆီက လေးစားမှုကို ရရှိနေတတ်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿ        နာတွေ အများကြီး  ရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..

ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင် တစ်ယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါ တယ်..မင်းဟာ ပိုက်ဆံကို အနည်းငယ် ပို မက်မောတဲ့ အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..မင်းဟာ နပန်းလုံးနေရတတ်တယ်...မင်းဟာ အမျိုးသား တစ်ဦး ဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. 



မိသားစုကို စောင့်ရှောက်တယ်..သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူ မပါပါ). ပြီးတော့ မင်းဟာ စံပြ တစ်ယောက်ဖြစ်နေပါလိမ့်မယ်..

တစ်ကယ်လို့..မင်းဟာ အမျိုးသမီး ဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေး သိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..

မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံ စူးစိုက်လုပ်တတ်သူ
ပြီးတော့.  ကမ္ဘာ ကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...


မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. 

သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5







No comments:

Post a Comment