Saturday, January 25, 2014

၂၀၁၇ခုနှစ်တွင် Facebook ပျောက်ကွယ်သွားမည်ဟု သုတေသီများကဆို

TechSpace Journal's photo.TechSpace Journal's photo.

လူအများကြားတွင် နာမည်ကြီးခဲ့တဲ့ Facebook ဟာ ၂၀၁၂ နောက် ပိုင်းနှစ်တွေမှာ လူသုံးနည်း လာတာကြောင့် ၂၀၁၇ခုနှစ်တွင် တဖြည်းဖြည်းပျောက်ကွယ်လာတော့မည်ဖြစ်ကြောင်း ပရင့်(စ်)တန် တက္ကသိုလ်က သုတေသနပြုလုပ်သူများ၏ စစ်တမ်းကောက်မှု စာရင်းအရသိရသည်။


ဒါ့ အပြင်သိပ္ပံပညာရှင်များ ကလည်း ၂၀၁၇ခုနှစ်မှာ Facebook ဟာ User ၈၀ရာခိုင်နှုန်းကို ဆုံးရှုံး ရမည်ဖြစ် ကြောင်းပြောကြားသည်။


Facebook ဟာ လာမည့်ဖေဖော်ဝါရီလ (၄)ရက်နေ့ မှာ သူရဲ့ ၁၀ ကြိမ်မြောက်မွေးနေ့ပွဲကို ကျင်းပမည် ဖြစ် ရာ ယင်းလူမှုကွန်ရက်အား အခြားသောလူမှုကွန်ရက်များဖြစ်သည့် Myspace ၊ Bebo ၊ hi5 စတာတွေ ထက် ပိုပြီးသက်တမ်း ကြားရှည်ခဲ့ကြောင်းသိရသည်။

ယခုလက်ရှိ မှာတော့ Facebook ဟာ အသုံးပြုသူ ၁.၂ဘီလီယံ အထိတိုးခဲ့ကြောင်း ပြီးခဲ့တဲ့ အောက်တို ဘာလ ကထုတ်ပြန်ကြေညာခဲ့ပြီး ယင်းအသုံးပြုသူများဟာစမတ်ဖုန်း ၊ တက်ဘလက်များကသုံးသူများ သာဖြစ်ပြီး ကွန်ပျူတာကနေ အသုံးပြုသူများကတော့ကျဆင်းနေကြောင်း သိရသည်။

Black Flame : (TSJ Team)
 From...TechSpace Journal
 
 

 
 

No comments:

Post a Comment