Tuesday, January 14, 2014

ကျေးလက် ဒေသများတွင် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် နော်ဝေဆက်သွယ်ရေး ကုမ္ပဏီဝန်ဆောင်မှု ပေးမည်



Mon, 01/13/2014 - 12:49

မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားသည့် Telenor ကုမ္ပဏီက ၄င်းတို့၏ မိုဘိုင်းဖုန်း ဆင်းကတ်များကို ကျေးလက် ဒေသတွင် နေထိုင်သည့် ဒေသခံများ အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန်အတွက် မြို့ကြီးများနှင့် တန်းတူရောင်းခြင်းကို ဆောင်ရွက်သွား မည်ဟုသတင်း ရရှိသည်။

နော်ဝေးနိုင်ငံ အခြေစိုက်သည့် Telenor ကုမ္ပဏီအနေဖြင့် ၎င်းတို့ရောင်းချမည့် ဆင်းကတ်များကို  အများပြည်သူ အမှန်တကယ် သုံးစွဲနိုင်ရန်အတွက် ရည်ရွယ်ရောင်းချ မည်ဖြစ်သဖြင့် ကျေးလက်ဒေသ များတွင်နေထိုင် သူများအတွက်ပါ အလေးပေးဆောင်ရွက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ထိုကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။




တယ်လီဖုန်း ဆက်သွယ်မှု အသုံးပြုနိုင်သည့် မည်သည့်နေရာတွင်မဆို ၎င်းတို့၏ဆင်းကတ်များကို အလွယ် တကူ ဝယ်ယူရရှိနိုင်ရန်အတွက် လက်လီအရောင်း ဆိုင်များကို တစ်နိုင်ငံလုံး အနှံ့အပြားတွင် ဖွင့်လှစ်ပေး သွား မည် ဖြစ်သည်။

ထို့အတွက် Telenor သည် ဆက်သွယ်ရေး တာဝါတိုင်များကို တည်ဆောက်သွားမည် ဖြစ်ပြီး ၎င်းအ တွက် ပြည် ပတာဝါတိုင် တည်ဆောက်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Apollo Towers နှင့်လည်း သဘော တူညီမှု ရရှိထားပြီးဖြစ်သည်။

“နိုင်ငံခြားကုမ္ပဏီတွေက ဖုန်းကတ်တွေကို ဈေးသက်သက်သာသာ နဲ့ ကျေးရွာတွေမှာပါ ရောင်းပေးမယ် ဆိုတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ မျှော်လည်းမျှော်လင့်ကြတယ်။ ကျွန်မတို့လို မြို့ကြီးပြကြီး မဟုတ် တဲ့ ကျေးရွာတွေမှာ အခုအချိန်ထိ ဖုန်းသုံးနိုင်တာ သိပ်မရှိသေးပါဘူး” ဟု ထားဝယ်မြို့အတွင်း ရှိ လောင်း လုံကျေးရွာ ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၁၅၀၀ တန်မိုဘိုင်းဖုန်း ဆင်းကတ်များကို အရစ်ကျစနစ်ဖြင့် ရောင်း ချပေးနေခြင်းဖြစ်ပြီး ထိုရောင်းချမှုပုံစံသည် အမှန်တကယ် လိုအပ်သည့် အခြေခံလူတန်းစား အများစုထံသို့ မရောက်ရှိကြောင်း သိရသည်။

ထို့ကြောင့်တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို အရေအတွက် သန်းသုံးဆယ်အထိ ငါးနှစ်အတွင်း ရောင်းချပေး မည်ဟု ကတိပေးထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဝန်ဆောင်မှုများသည် ယခုလက် ရှိအချိန် အထိ အခြေခံလူတန်းစားများနှင့် အလှမ်းဝေးလျက် ရှိနေဆဲဟု မိုဘိုင်းဖုန်း အသုံးပြုလိုသူများက ဆိုကြ သည်။

-ယုဇနကိုကို



ကျေးလက် ဒေသများတွင် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် နော်ဝေဆက်သွယ်ရေး ကုမ္ပဏီဝန်ဆောင်မှု ပေးမည်




မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားသည့် Telenor ကုမ္ပဏီက ၄င်းတို့၏ မိုဘိုင်းဖုန်း ဆင်းကတ်များကို ကျေးလက် ဒေသတွင် နေထိုင်သည့် ဒေသခံများ အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန်အတွက် မြို့ကြီးများနှင့် တန်းတူရောင်းခြင်းကို ဆောင်ရွက်သွား မည်ဟုသတင်း ရရှိသည်။

နော်ဝေးနိုင်ငံ အခြေစိုက်သည့် Telenor ကုမ္ပဏီအနေဖြင့် ၎င်းတို့ရောင်းချမည့် ဆင်းကတ်များကို  အများပြည်သူ အမှန်တကယ် သုံးစွဲနိုင်ရန်အတွက် ရည်ရွယ်ရောင်းချ မည်ဖြစ်သဖြင့် ကျေးလက်ဒေသ များတွင်နေထိုင် သူများအတွက်ပါ အလေးပေးဆောင်ရွက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ထိုကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တယ်လီဖုန်း ဆက်သွယ်မှု အသုံးပြုနိုင်သည့် မည်သည့်နေရာတွင်မဆို ၎င်းတို့၏ဆင်းကတ်များကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် လက်လီအရောင်း ဆိုင်များကို တစ်နိုင်ငံလုံး အနှံ့အပြားတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

ထို့အတွက် Telenor သည် ဆက်သွယ်ရေး တာဝါတိုင်များကို တည်ဆောက်သွားမည် ဖြစ်ပြီး၎င်းအတွက် ပြည်ပတာဝါတိုင် တည်ဆောက်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Apollo Towers နှင့်လည်း သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။

“နိုင်ငံခြားကုမ္ပဏီတွေက ဖုန်းကတ်တွေကို ဈေးသက်သက်သာသာနဲ့ ကျေးရွာတွေမှာပါ ရောင်းပေးမယ်ဆိုတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ မျှော်လည်းမျှော်လင့်ကြတယ်။ ကျွန်မတို့လို မြို့ကြီးပြကြီးမဟုတ်တဲ့ ကျေးရွာတွေမှာ အခုအချိန်ထိ ဖုန်းသုံးနိုင်တာ သိပ်မရှိသေးပါဘူး” ဟု ထားဝယ်မြို့အတွင်းရှိ လောင်းလုံကျေးရွာ ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၁၅၀၀ တန်မိုဘိုင်းဖုန်း ဆင်းကတ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ထိုရောင်းချမှုပုံစံသည် အမှန်တကယ် လိုအပ်သည့် အခြေခံလူတန်းစား အများစုထံသို့ မရောက်ရှိကြောင်း သိရသည်။

ထို့ကြောင့်တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို အရေအတွက် သန်းသုံးဆယ်အထိ ငါးနှစ်အတွင်း ရောင်းချပေးမည်ဟု ကတိပေးထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဝန်ဆောင်မှုများသည် ယခုလက် ရှိအချိန်အထိ အခြေခံလူတန်းစားများနှင့် အလှမ်းဝေးလျက် ရှိနေဆဲဟု မိုဘိုင်းဖုန်း အသုံးပြုလိုသူများက ဆိုကြသည်။
-ယုဇနကိုကို
- See more at: http://www.myanmarinternetjournal.com/content/10536#sthash.6biVKIVD.dpuf

No comments:

Post a Comment