ယီမင်နိုင်ငံ ရဲ့ပြည်တွင်းစစ်ကြီးဟာ၂၁ ရာစုအတွင်း ကမ္ဘာ့သမိုင်းမှာ အကြီးဆုံးသော လူသားများ အများဆုံးသေကြေ ပျက်သုဉ်းမှူကြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ထုတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့၂ နှစ်ခွဲက စပြီး ယီမင်နိုင်ငံဟာ Failed State လို့ခေါ်တဲ့ ကျဆုံး ပျက်စီးတဲ့ နိုင်ငံဘ၀ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ ဗုံးကြဲခံရမှု ဒဏ်ချက်တွေကြောင့် တံတားတွေ ၊ဆေးရုံတွေ၊ စက်ရုံတွေ အားလုံး ပျက်စီးခဲ့ရပါတယ်။ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေ ဆရာဝန်တွေဟာလည်း သူတို့အတွက် လခ ဆိုတာ မရှိတော့ပါဘူး ။
အဟာရ ချို့တဲ့မှုတွေ နဲ့ချို့တဲ့ပြတ်တောက်သွားတဲ့ ကျန်းမာရေး စောင့်ရှောက် မှုတွေကြောင့် လူနာတွေဟာလည်း မသေသင့်ဘဲ သေဆုံးကုန်ကြပါ တယ် ။ မြို့တော်ဆာနား လေဆိပ်ကလည်း ပြီးခဲ့တဲ့ တစ်နှစ်လောက်ကထဲက ပိတ်လိုက်ရပြီး သွားလာမှူနဲ့ကုန်သွယ်မှုတွေပြတ်တောက်သွားခဲ့ပါတယ်။
အဟာရ ချို့တဲ့မှုတွေနဲ့ မိလ္လာရေဆိုးထုတ် စနစ်တွေ မရှိတော့တဲ့ အတွက်လည်း အရှေ့အလယ်ပိုင်းမှာ အဆင်းရဲဆုံးနိုင်ငံလေး ခမြာမှာ သမိုင်းမှာ အဆိုးဆုံး ရောဂါဘယ လှိုင်းတွေ ဆက်တိုက် ကျရောက်လာပါတော့တယ်။
ပြီးခဲ့တဲ့ သုံးလလောက် အတွင်းမှာ ၀မ်းရောဂါ ကပ်ဘေးကြီး ကျရောက်လာပြီး လူနှစ်ထောင်ကျော်သေဆုံးခဲ့ကာ၊ လူတစ်သန်းကျော်လောက်ဟာ ကပ်ဘေး သင့်နေကြရပါတယ်။ အဲ့ဒီ အဖြစ်ဆိုးကြီးဟာ လွန်ခဲ့တဲ့အနှစ် (၅၀) အတွင်း ကမ္ဘာပေါ်မှာ အကြီးမားဆုံးသေဆုံးတဲ့ ကပ်ဘေးကြီးဖြစ်တယ်လို့ဆိုပါတယ်။
ယီမင် စစ်သား အယ်ဂျူဖီ က သူလစာ မရတာ ၈ လ ရှိပြီး မိသားစု အတွက် မရတာ ၆ လ ရှိပြီလို့ဆိုပါ တယ်။ သူဟာ အသက်ငင်နေသူလိုဖြစ်နေပြီး၊ သူ့ရဲ့သမီးကတော့ ဆာနားဆေးရုံမှာ ကာလ၀မ်း ရောဂါ
ရယ် အားပြတ်မှုရယ်နဲ့ အသက်ငင်နေပြီလို့ဆိုပါတယ်။ ယီမင်နိုင်ငံသား၂၈ သန်း နီးပါးထဲက တစ်ဝက်လောက်ဟာ ဆေးရုံဆေး ခန်းတွေကို မရောက်နိုင်ကြတော့ပါဘူး။
အယ်ဂျူဖီ ဟာ သူ့သမီးလေးကို ဆေးကုနိုင်ဖို့ဆွေမျိုးတွေဆီက ရသမျှငွေတွေချေးငှားပြီး မြို့တော် ဆာနား ကို သူ့ရွာလေးကနေ တက်လာခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံကြီး အခုလို ဘာဖြစ်လို့ပြိုကွဲပြီး အခုလို ကယ်သူမဲ့ အခြေ အနေတွေဖြစ်နေရတာလဲဗျာ လို့သူ ငိုကြွေးရင်းညည်းငြူနေပါတယ်။
အာရပ် ကမ္ဘာထဲမှာ အဆင်းရဲဆုံးနိုင်ငံလေး ဖြစ်တဲ့ ယီမင် ဟာ အတော မသတ်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ၂၀၁၄ မှာ စခဲ့တဲ့နောက်ဆုံး ပဋိပက္ခဟာ ဟူသီ သူပုန်တွေကနေ သမတကို တိုက် ထုတ်ပြီးမြို့တော်ကို သိမ်းပိုက်ရာက စခဲ့ပါတယ်။

၂၀၁၅ မတ်လ မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ တပ်တွေ ၀င်ရောက်လာပြီး ယီမင် သမတ ဟာဒီ ဘက်ကနေ ကူတိုက်ဖို့ အာရပ်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့ အနေနဲ့စတင် တိုက်ခိုက်လာခဲ့ပါတယ်။ ဒါပေမည့်လည်း သူတို့ရဲ့ စစ်ဆင်ရေးဟာ အောင်မြင်ခြင်း မရှိဘဲ ဟူသီတွေက ယီမင် ရဲ့နိုင်ငံဒေသ တစ်ဝက်ကို ဆက်လက် ထိန်းချုပ်ထားလိုက်တဲ့အတွက်နိုင်ငံဟာနှစ်ပိုင်း ကွဲသွားခဲ့ပါတော့တယ်။