Wednesday, July 19, 2017

နယူးယောက်မြို့သားများ ဝယ်ယူဖို့ တန်းစီနေရတဲ့ မြန်မာ့အစားအစာ



အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုရိုနာ စီရင်စု(Corona borough) ရှိ Queens နိုင်ငံတစ်ကာ ညဈေး တွင်ရောင်းချနေတဲ့ မြန်မာလူမျိုး ကိုမျိုးလင်းသွေး ရဲ့ ပလာတာ ဟာ လူကြိုက်များလွန်းတဲ့ အတွက် ညဘက်ညဘက်ဆို နယူးယောက်မြို့သားများ တန်းစီပြီး ဝယ်ယူနေကြပါတယ်။ 

ကိုမျိုးလင်းသွေး ဟာ Diamond District ရှော့ပင်းမောလ်တွင် အလုပ် လုပ်နေသူ တစ်ယောက်ဖြစ်ပြီး စနေနေ့ ညတိုင်းမှာ New York Hall of Science ပြတိုက်ရဲ့ ကားပါကင် နေရာနားမှာ ပလာတာပြုလုပ်ရောင်းချလေ့ရှိပါတယ်။ 

ကိုမျိုးလင်းသွေး ဟာ ပလာတာ လုပ်နည်းကို သူ့ရဲ့ ဇာတိဖြစ်တဲ့ ဟသာင်္တမြို့ ရှိ သုံးဘီး ဆိုင်ကယ်မောင်းသမား တစ်ယောက်ဆီမှ သင်ယူ ထားခဲ့တာ ဖြစ်ပြီး အချိန် ရရင်တော့ ကိုမျိုးလင်းသွေးဟာ ထပ်တရာ မုန့်  ( htut thayar or hundred layers) ကိုပါ ပြုလုပ်ပြီး ရောင်းချတယ် လို့သိရပါတယ်။ 


Ref : Newyork Times,Insider News : New Yorkers are lining up for this Burmese street food 





ဒါပေမဲ့ ကွင်းစ် ညဈေးမှာ လူ အရမ်းများတဲ့အတွက် သူဟာ ထပ်တရာ မုန့်ကို မပြုလုပ်ဘဲ ရိုးရိုး ပလာတာကို ကြက်သားဟင်းနဲ့ ပေါင်းကာ ကြက်သား ပလာတာ အဖြစ်ရောင်းချပါတယ်။ 

ဒါ့အပြင် နောက်တစ်မျိုး ရောင်းချတာကတော့ အုန်းနို့ခေါက်ဆွဲဖြစ်ပြီး နှစ်မျိုးပေါင်းကို ၅ ဒေါ်လာခန့်သာ ကျသင့်တယ် လို့သိရပါတယ်။


Source


No comments:

Post a Comment