Thursday, February 5, 2015

အသားစား ငါးအုပ်မှ ဝိုင်းကိုက် ခံရပြီးတဲ့နောက် ကလေးမလေး တစ်ယောက် အသက်ဆုံးရှုံး

ဇန်နဝါရီ ၂၇ ရက်နေ့ က အသက် (၆)နှစ် အရွယ် ကလေးမလေး တစ်ယောက် ဟာ ဘရာဇီးလ်နိုင်ငံ မှာ သူမ ရဲ့မိဘနှစ်ပါး ရယ်၊ ဘိုးဘွားတွေ ရယ်၊ တခြားသော ကလေး ၄ ယောက်နဲ့ အတူ အားလပ်ရက် အပန်း ဖြေ ထွက်ကြနေချိန် အတွင်း Rio Maricuru မှာ အသေးစား လှေမှောက်သွား ခဲ့တာကြောင့် အသားစား ငါး တစ် အုပ် ဝိုင်းကိုက် ခံရပြီး သေဆုံး သွားခဲ့ကြောင်း Independent မှ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

"သူမ ကို ဆွဲထား ခဲ့ပေမယ့် ဘေးနား က အခြား ကလေးတွကြောင့် လက်ထဲ ကနေ လွတ်ထွက် သွားတယ်။ ကမ်းနား ရောက်တဲ့ အချိန်မှာ သူမ ကို မတွေ့ရတော့ ဘူး” လို့ သူမ အဘွားဖြစ်သူ က ဒေသ သတင်း မီဒီယာ ကို ပြောပြခဲ့တယ် လို့ ဆိုပါတယ်။

ကလေးမ ရဲ့ အလောင်း ကို ပြန်တွေ့တဲ့ အချိန်မှာတော့ သူမ ရဲ့ ခြေထောက်တွေ ကို အပိုင်းပိုင်း ဝါးမျို ခံခဲ့ ၇တာ ကို ၀မ်းနည်းကြေကွဲဖွယ် မြင်တွေ့ ခဲ့ရပါတယ်။ ။ သူမ အလောင်း ကို Monte Alegre က အစိုးရဆေးရုံ က ရင်ခွဲရုံ မှာ ပို့ထားခဲ့တယ်။

Wednesday, February 4, 2015

သပိတ်မှောက်ကျောင်းသားကျောင်းသူ ညီငယ် ညီမငယ်များ သိစေရန်

Aung Naing's photo.Aung Naing's photo.


အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ကျောင်းသားတွေတောင်းဆို တဲ့ အချက် ဆယ့်တစ်ချက် ထဲမှာ ကျန်တဲ့ အချက်တွေနဲ့ ပက်သက်ပြီး မပြောချင်ပေမဲ့ အချက် နံပတ်(၇) မိခင် ဘာသာ အခြေပြု သင်ကြားရေး ဆိုတာနဲ့ ပက်သက်ပြီး ပြောပြပါရစေ။

မိခင် ဘာသာ အခြေပြု  သင်ကြားရေး ဆိုတာနဲ့ ပက်သက်ရင် တကယ်တန်း သူတို့ရဲ့တောင်းဆိုချက် အပြည့် အစုံက.......
" တိုင်းရင်းသား မျိုးနွယ်စု များ ဘာသာ စကား လွတ်လပ်ခွင့်နှင့် မိခင် ဘာသာစကား အခြေပြု ဘာသာစကား စုံ ပညာရေး စနစ်  (Mother tongue based multi- lingual education) ကို အမျိုးသား ပညာရေးဥပဒေ တွင် ထည့် သွင်းပြဋ္ဌာန်း ရန်" ဆိုပြီးဖြစ်ပါတယ်။


ဆိုလိုချင်တာ က ကမ္ဘာသုံး ဘာသာ စကားဖြစ်တဲ့ အင်္ဂလိပ်စာ အပြင် တခြား ဘာသာ စကားတွေဖြစ်တဲ့ တရုတ်စာ ဂျပန်စာ အာရေဗီစာတွေ ကို အလုပ်ကိုင် အခွင့်အလန်းတွေနဲ့ ပတ်သက်ပြီး တရားဝင် သင်ကြား ခွင့် ရရှိစေဖို့ အတွက်ပဲဖြစ်ပါတယ်။





တခြား ဘာသာစကားတွေ က အယောင်ပြသာဖြစ်ပြီး အဓိက ကတော့ အာရေဗီ ဘာသာကို တရားဝင် သင်ကြားနိုင်ရေး ကို  ဦးတည်   လာခဲ့ခြင်း ပဲဖြစ်ပါတယ်။


မိမိနိုင်ငံသား များကို သတ်ပစ် လိုက်သည့် အိုင်အက်စ် စစ်သွေးကြွများ ကို ဂလဲ့စားချေမည် ဟု အာဘေးပြော

hkg10143646 5c1b45415da8590861e77ee5a3b585d7

တိုကျို၊ ဖေဖော်ဝါရီ ၂။       ။  အစ္စလာ မ္မစ်နိုင်ငံတော်  အိုင်အက်စ်  စစ်သွေး  ကြွများက  ဒုတိယမြောက်  ဂျပန်နိုင်ငံ သား ဓားစာခံ  ဂျာနယ်လစ်  တစ်ဦးကို သတ်ဖြတ်ကြောင်းပြော  ကြားခဲ့သည့် ဗီဒီယို တစ်ခု ထုတ်လွှင့်ခဲ့  ပြီးနောက်ပိုင်း ဂျပန် ဝန်ကြီးချုပ်  ရှင်ဇို အာဘေးက  ယင်းသို့ ရက်စက်စွာ သတ်ဖြတ် ခဲ့ခြင်း အပေါ်ပြင်းပြင်း ထန်ထန်ရှုတ် ချလိုက်ပြီး ''အကြမ်း ဖက်သမားများအား ၄င်းတို့ လုပ်ဆောင်ခဲ့သမျှတိုင်း အတွက် ပြန်လည်ပေး ဆပ်ခိုင်းမည်'' ဟုကတိပြုပြော ကြားသွားသည်။

အစွန်းရောက် အကြမ်းဖက်မှု များနှင့် ရင်ဆိုင် ခဲ့ရချိန်တွင် အနောက်နိုင်ငံ များ မှခေါင်းဆောင် များ က ထိုကဲ့ သို့ကြွေးကြော်မှု များရှိခဲ့သော် လည်း လက်ရှိ အချိန်ထိ ၄င်းတို့နှင့် စစ်သွေးကြွများ အကြား ထိပ်တိုက်တွေ့ ဆုံမှုမျိုး ကိုတွေ့မြင် ရသေးခြင်း မရှိသေးပေ။

စစ်သွေးကြွ များ ၏ ဓားစာခံ အဖြစ် ဖမ်းဆီး ခံခဲ့ရသော ဂျပန်နိုင်ငံ သား ကန်ဂျီဂိုတို နှင့် ဟာရူနာ ယူကာဝါ တို့ သတ်ဖြတ် ခံခဲ့ ရပြီးနောက်ပိုင်း ထိုကဲ့သို့ ဝန်ကြီးချုပ် အာဘေးက လက်တုန့်ပြန်မည် ဟုပြောကြား လိုက်ခြင်း သည် စစ်ရေးဆိုင်ရာ ရှေးရိုးစွဲဝါဒီ နိုင်ငံတွင် အံအားသင့် စရာဖြစ်ခဲ့ရသည်။


Tuesday, February 3, 2015

ရာသီဥတု အပြောင်း အလဲ တွင် အအေးမိခြင်း ကုသရန် အိမ်သုံး နည်းလမ်းများ


ဆောင်းရာသီ မှ နွေရာသီ သို့ ပြောင်းတော့မည့် အချိန်တွင် ရာသီဥတုရောနှောနေ မှုကြောင့် ချောင်း ဆိုးခြင်း ၊ အအေးမိခြင်း ကဲ့ သို့ ကျန်းမာရေးပြဿ       နာများ အမြဲဖြစ်လေ့ရှိသည်။ ယင်းသို့ ဖြစ် တတ်သည့် အကြိမ်တိုင်း ဆေးဝါးများဖြင့် ကုသရန်ချည်းသာ အကြံ ပြု၍မရပေ။

 ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဥပေက္ခာပြု ၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများ မရှိသော လွယ်ကူ ရိုးရှင်း စွာ ကုသနိုင် မည့် အိမ်သုံးနည်းလမ်း အချို့ကို ဖော်ပြပေး လိုက်ပါသည်။

ဆား အနည်းငယ် ထည့်ထားသော ရေနွေးဖြင့် ပလုတ်ကျင်း လိုက်ပါ။ လည်ပင်းနာကျင်ခြင်း ပျောက်ကင်းရန် အထောက်အကူ ဖြစ်ပါလိမ့်မည်။



Telenor ဆင်းမ်ကတ် များအား ဈေးပို မဝယ်ရန် ပြောကြား

d1


Telenor ဆင်းမ်ကတ် များအား သတ်မှတ် ထားသောဈေးထက် ပို၍ မဝယ် ယူကြရန် Telenor မှ Mr.Hanne Knudsen (VP, Head of Communication), CEO Office က ပြောကြားသည်။

“Telenor သုံးစွဲ တဲ့ သူတွေ ကို ပြောချင်တာ က ၁,၅၀၀ ကျပ်ထက် ပိုပေးပြီးတော့ မဝယ်ကြ ပါနဲ့။ Telenor ရဲ့ သက်ဆိုင် ရာ လက်လီ အရောင်းဆိုင်တွေ ကို မြန်မာနိုင်ငံ အနှံ့မှာ ဖြန့်ကြက် ထားပြီး ဖြစ်ပါတယ်။ 

အဲဒီ ဆိုင်တွေ ကနေ ပုံမှန်နှုန်းထား နဲ့ လွယ်လွယ် ကူကူ ဝယ်လို့ ရရှိနိုင်ပါတယ်” ဟု Mr.Hanne Knudsen က ပြောကြားသည်။

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် .... အပိုင်း (၅)




ပါဏာတိ ပါတကံ ကံကြောင့် ရရှိမည့်နောက် အကျိ
ုဆက် တစ်ခုသည်  ဥပပီဠက ကံ ကပ်၍ ညှင်းပန်းနှိပ် စက်တက်သော ကံ ဖြစ်ပါသည်။  


ထို  ပါဏာတိပါတ ကံကြောင့် လူအဖြစ် သို့ အမိ ဝမ်းကြာတိုက် တွင် စတင်ပြီးရောက်သော အခါ တွင် ထို ကလေး ၏ အကုသိုလ် ကံကြောင့် မိဘနှစ်ပါးတွင် ရှိသော စည်းစိမ် ဥစ္စာ တို့ သည် ဆားသည် ရေ တွင်ပျော် ဝင် သကဲ့သို့ ရန်သူမျိုး ငါးပါး ကြောင့်ပျောက်ဆုံး ပျက်စီးသွား ကြပါသည်။ 

မိမိအိမ် ၌ ခိုင်းစေသော နွား တို့သည် ကြမ်းတမ်း လာ ကြသည်။ နို့ထွက်သောနွားမ တို့သည် နို့မထွက်တော့။ မိမိ ခိုင်းသောနွား တို့သည် ကျိုးကုန် ကန်းကုန်ကြပါသည်။ နွားခြံ ထဲတွင် မမျှော်လင့်ဘဲရောဂါ အမျိုးမျိုး
သည်ဖြစ်ပေါ် လာပါတော့သည်။

အိမ်၌ ရှိသော အိမ်စေ တို့သည် ထို ကလေး ၏ မိဘ တို့ အမိန့် ကို မနာ ခံ၊ မျိုးစေ့ တို့သည် အပင် မပေါက် ဖြစ် လာကြသည်။ အိမ်မှာ ရှိသော ပစ္စည်း ဥစ္စာ သည် အိမ်၌ ပင် ဆုံးရှုံးကုန် သည်။ တော၌ ရှိသော ပစ္စည်း ဥစ္စာ သည်တောမှာ ပင်ဆုံးရှုံး ကုန်သည်။ 



သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၄)





မိမိသည် ခေတ်ကာလကောင်းနှင့် ကြုံရ ပါက ကုသိုလ် အလွယ် တကူဖြစ်နိုင်ပေ သည်။ ခေတ် ကာလ ဆိုးနှင့်ကြုံတွေ့ရ ပါက ကုသိုလ်ဖြစ်ဖို့ များစွာ ကြိုးစားရပါသည်။ အလွယ် အားဖြင့် မိမိသည် သမ္ပတ္တိ စက် ၄ ပါးနှင့်ပြည့်စုံ ပါက ကောင်းမွန်သော သုဂတိ ကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်၍ ဝိပတ္တိ ၄ ပါးနှင့် ပြည့်စုံပါက မကောင်းသော ဘဝ ကို အလွယ် တကူ ရရှိနိုင်မည်ဖြစ်သည်။

အသက်တို ရခြင်း
=========

"ဒါကာတော် သုဘ လုလင် ဤလောက ၌ အချို့သော အမျိုးသမီး သည်သော်လည်း ကောင်း အချို့သော အမျိုးသား သည်သော် လည်းကောင်း သူ့ အသက်ကို သတ် လေ့ ရှိသည်ဖြစ်၏။ ရက်စက်ကြမ်းကြုတ်သော စိတ်ထား ရှိသည်ဖြစ်၏။


 သွေးစွန်း သောလက် မမြဲ ရှိသည်ဖြစ် ၏။ သတ်ဖြတ် ညင်းဆဲခြင်း အမှု   ၌ သက်ဝင်၍ တည်နေ သည်ဖြစ်၏ ။ ကြင်နာစိတ် မရှိသည်ဖြစ်၏။ 

ထို ပါဏာတိပါတကံ ထြူေ ပာနေ သော ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာ ဆောက်တည်ထား အပ်သော ထို ပါဏာတိပါ တ အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက် ကာလ ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ  မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လားရောက်ရာဖြစ် သော အလိုဆန္ဒ ကင်းလျက် ဖရို ဖရဲပြိုကွဲ ပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရပေ၏။


စွမ်း အင် ထက် မြက် သော ရှား စောင်း လက် ပတ်



ရှားစောင်းလက်ပတ် ဆိုတာ အလှအပ အတွက်သာ မကပါဘူး။ ဆေးဝါး အနေနဲ့ပါ ဘက်စုံ အသုံးပြုနိုင် တဲ့ အတွက် အံ့သြစရာကောင်း တဲ့ အပင် တစ်ပင် အဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။ ရှားစောင်းလက်ပတ် မှာ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်ဘီ1 ဘီ2 ဘီ3 ဘီ6 ဘီ12 ဗီတာမင်စီနဲ့ Folic Acid ကြွယ်ဝစွာ ပါဝင်ကြ ပါတယ်။ 


ယင်း ဗီတာမင်တွေ အပြင် ကော့ပါး၊ သံဓာတ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ဇင့်၊ ပိုတက်ဆီယမ်၊ ခရိုမီယမ်၊ မဂ္ဂနီဆီယမ်၊ မန်ဂနီစ်စတဲ့ သတ္တုဓာတ်တွေ လည်း ပါဝင်ကြပါတယ်။
 


ကျန်းမာရေး ပညာရှင် တို့ကတော့ ရှားစောင်းလက်ပတ် ကို သဘာဝစွယ် စုံရဆေးဝါး တစ်ခု အဖြစ် သတ် မှတ် ထားကြပါတယ်။ အဲဒီ လို စွယ်စုံရဆေးဝါး တစ်မျိုးဖြစ်တဲ့ သဘာဝ ရှားစောင်းလက်ပတ် က ဘာတွေ လုပ်ပေးနိုင်သလဲ။




အသည်း အဆီဖုံးခြင်း အတွက် သဘာဝဆေးနည်းများ



အသည်း အဆီဖုံးရောဂါ ဟာ နေ့စဉ် စားသောက်နေ တဲ့ အစားအစာတွေ ထဲမှာ အဆီ အဆိမ့်များခြင်း၊ အထိုင် များ၍ လှုပ်ရှားမှု နည်းပါးခြင်း၊ အအိပ်များခြင်း၊ ဇိမ်ခံလွန်းခြင်း စသည်တို့ကြောင့် ဖြစ်ရပါတယ်။

အသည်း အဆီဖုံးရောဂါ ကို ခံစားနေရသော ဝေဒနာရှင် များမှ သဘာဝဆေး နည်းလေးဖြင့် ကုသနိုင်ရန် မကြာခဏ တောင်းဆို လာကြသည့် အတွက် ကျန်းမာရေး သတင်းများမှ ဆေနည်းများကို မျှဝေပေးလိုက်ပါတယ်။

ဆေးနည်း (၁)

၁။ တောင်ဆီးဖြူပင်၏ အရွက်ကို လက်တစ်ဆုပ်ခန့် ရေနှင့် ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ သောက်ပါ။

၂။ ဆေးသောက်ပြီး လျှင် ချောကလက် ကို ၂ ထောင့်ခန့် စားပေးပါ။

၃။ နာရီဝက် ခန့်ကြာသော အခါ ကျွဲကောသီး ၂ စိတ် စားပေးပါ။


Monday, February 2, 2015

ကမ္ဘာ အပေါင်း........အံတုကာ ဆုတောင်း တဲ့သူ




***  ယသော်ဓရာထေရီ နောက်ဆုံးလျှောက်တင်ခြင်း 
ပရိနိဗ္ဗာန် စံကာ နီး မြတ်ဘုရား ကို နှုတ်ဆက် ဦးတင် ခန်း စာပန်းချီလေး ပါရှင့်။

မြတ်သော အနှိုင်းမဲ့ ရှင် မုနိ သခင်ဘုရား....

ဘဒ္ဒကစ္စနာ နာမည် ချယ်သ အလှမှာ ယှဉ်တမူ ယှဉ်သူ မရှိ
ပျိုမြစ် နုနယ် ယသော်ဓရာ အရှင်မ ပါ ဘုရားးး

ကြီးကျယ်သော အဘိဥာဏ် ပညာ
ရောက်သည့်နေရာ ယှဉ်သူ မရှိ
ဧတဒဂ် ဘွဲ့တော် ရရန် ပဒုမုတ္တ ဘုရားရှင် ထံ ကထဲ က ဆုပန်သခဲ့ရ အရှင်မထေရီ ယသော်ဓရာ ပါ မြတ်သော အရှင် ဘုရား သခင်ရယ်..........


ဒီပင်္ကာရာ မြတ်ဘုရား ထံ ကြာပန်းခိုင် နဲ့
တူစုံလှူ   မျှ ပူဇော်ကြတုန်း သုမေဓာရှင်ရသေ့လေး ရဲ့ လောက လူသား ကောင်းကျိုး ပွားဖို့ ကိုယ်ကျိုး စွန့်သူပေါ် မေတ္တာတော် ယူမိခဲ့ ကမ္ဘာပေါင်း လေးသင်္ချေ  တသိန်း မယိမ်းတဲ့ သစ္စာတည်ပါစေ စိတ်ရည်မှန်း ဆုတောင်း  ပါရမီဖြည့်လျှန်းလေ
သော
အရှင်မ ဘဒ္ဒကစ္စနာထေရီပါဘုရားးး

LinkedIn အကောင့် ဖွင့် လို့ အလုပ်အကိုင် အခွင့်အလမ်းများ ရယူပါ




Facebook ကို ဖွင့်ပြီး တစ်ရက်ပြီး တစ်ရက် အချိန် ကုန်နေတာထက် အသုံး ဝင်တဲ့ အခြားသော Social Networking ဝဘ်ဆိုဒ်တွေ အများကြီးပါ။ ယင်း အထဲမှာ မှ တစ်ခု အနေနဲ့ ကတော့ LinkedIn.com ဖြစ်ပြီး သူ့ ထဲမှာ အကောင့် ဖွင့်ထားခြင်းဖြင့် အလုပ်ရှင် များက မိမိကို ဆက်သွယ် လာပါ လိမ့်မယ် ။

မိမိရဲ့ ပညာ အရည်အချင်း နဲ့ အလုပ်အကိုင် အတွေ့အကြုံ အစုံ များကို တင်ထားခြင်းဖြင့် ၊ ဆက်သွယ် ရမယ့် အီးမေးလ် တို့ ဖုန်းတို့ ထည့်ထားခြင်းဖြင့် လုပ်ငန်းရှင်များ က သင့်ကို ရှာဖွေလာကြ ပါလိမ့်မယ်။

လက်ရှိ မြန်မာပြည် မှာ အသုံးပြုသူ ၅ သောင်းဝန်း ကျင် အထိ ရှိလာနေပြီ ဖြစ်ပါ တယ်။ နိုင်ငံတကာ နဲ့ ကုမ္ပဏီကြီး များ ဝင်ရောက်မှု အရေအတွက် ဟာလည်း ထောင် ဂဏန်း နဲ့ ချီနေပြီ ဖြစ်ပြီး တစ်နေ့ပြီး တစ်နေ့ LinkedIn ကနေ ဝန်ထမ်းကောင်း များ ရရှိ ဖို့ အတွက် ရှာဖွေမှု များ ပြုလုပ်လျက် ရှိပါတယ်။


မြန်မာနိုင်ငံ သို့ အလည် အပတ် သွားရင် စားသင်တဲ့ အစား အစာ ၁၀ မျိုး


ဒီ သတင်း ကိုတော့ CNN သတင်း ဝက်ဘ်ဆိုက် ကနေ ဖော်ပြရခြင်း ဖြစ်ပါတယ်။ အထူး သဖြင့်ကတော့ နိုင်ငံခြား ကနေ မြန်မာနိုင်ငံသို့ အလည်အပတ် သွားတဲ့ အခါ စားသင့် တဲ့ အစားအစာ ၁၀ မျိုး ကို အခုလို သူတို့က ဖော်ပြထားပါတယ်။ အဲဒါတွေ ကတော့ -

(၁) လက်ဖက်သုပ်
 


(၂) ရှမ်း ထမင်းချဉ်
 


(၃) မြန်မာ့ ထမင်းဝိုင်း
 





သင့် မှာ ဘာလမ်းကြောင်းလေးတွေ ပါလဲ???

 


******  သင့် ရဲ့လက် မှာ ဘာ လမ်းကြောင်းလေးတွေ ပါလဲ ဆိုတာ ကို ရှာကြည့် ရအောင်နော်။
 
၀၁.     ဒီ လမ်းကြောင်းလေး ကတော့ အသက် လမ်းကြောင်းကနေ ဆက်ပြီး ရှည်ထွက် လာတဲ့ လမ်းကြောင်းလေးပါ။ ဒီ လမ်းကြောင်းလေး ပါရင်တော့ သင်ဟာ ကံ အလွန်ကောင်းသော သူဖြစ်ပြီး အခြားသောသူတွေ ကို ဆွဲဆောင်နိုင်စွမ်း ရှိသူဖြစ်ပြီး အရာရာ မှာအောင်မြင်သူဖြစ်ပါလိမ့်မယ်။
 
၀၂. ဒီလမ်းကြောင်းလေးကတော့ အိမ်ထောင်ရေးကံကောင်းသူဖြစ်မှာပါ။ ဆိုလိုတာက သူဌေးသား၊ သူဌေးသမီးနဲ့ အိမ်ထောင်ကျပါလိမ့်မယ်။
 
၀၃. ဒီလမ်းကြောင်းလေးပါသူကတော့ စိတ်ကူးကောင်းပြီး တီထွင်ကြံဆတတ်သူဖြစ်ပြီး လူအကဲခတ်တော်သူလည်း ဖြစ်ပါလိမ့်မယ်။

ပြန်လည်ပြင်ဆင် ရန် လိုအပ်သော . . .

 




တရုတ် လုပ်ငန်း စု COSCO က လေလံ ရရှိထားသော ဂရိနိုင်ငံ ၏ အကြီးဆုံး ဆိပ်ကမ်း Piraeus ကို ပုဂ္ဂလိ က ပိုင်ပြုလုပ်မှု အား ရပ်တန့် သွားမည်ဖြစ်ကြောင်း ဂရိအစိုးရသစ် က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြား ခဲ့သည်။ 

ယင်း ဆိပ်ကမ်း သည် ဥရောပတိုက် ၏ အလုပ် အများဆုံး ဆိပ်ကမ်းများ ထဲတွင် ပါဝင်ပြီး ဥရောပနှင့် အာရှ ဆက်သွယ် ရာ၌ အဓိက ကျသော ဆိပ်ကမ်း လည်းဖြစ်သည်။ ယင်း ဆိပ်ကမ်း ၏ ရှယ်ယာ ၆၇ ရာခိုင်နှုန်း ကို ရောင်းချ ရန် ယခင် ဂရိ အစိုးရ က စီစဉ် ထားခဲ့ပြီး မတ်လ တွင် နောက်ဆုံး ထား၍ တင်ဒါခေါ်ယူ ထားခဲ့သည်။ 

COSCO သည် Piraeus ဆိပ်ကမ်း ကို ဝယ်ယူခွင့် ရနိုင်သည့် ကုမ္ပဏီ အဖြစ် ယခင် ဂရိအစိုးရ က သတ်မှတ် ခဲ့ပြီး တင်ဒါခေါ်ယူမှု တွင် နောက်ဆုံး ဆန်ခါတင် စာရင်း၌ ထည့်သွင်း ထားသည်။ 


ကလေး အငို တိတ်ရန် လည်ပင်း ကို ဓါးဖြင့် မွှမ်းသည့် မိခင် ဖမ်းဆီး ခံရ

baby-big


ဝါရှင်တန်တွင် နေထိုင် သည့် ငယ်ရွယ်သူ မိခင် တစ်ဦးသည် သူ၏ ကလေးငယ် လည်ပင်း ကို ဓါးဖြင့်မွှန်း ခဲ့သော ကြောင့် ရဲတပ်ဖွဲ့ ၏ စွဲချက်တင် ခံနေရကြောင်းသိရသည်။ ငိုယိုနေသော ကလေးငယ် ၏ အသံ တိတ်ရန် လည်ချောင်း ကို ဓါးဖြင့်မွှန်း ခဲ့ခြင်းဖြစ်သည် ဟု ထွက်ဆို ထားကြောင်း ရဲတပ်ဖွဲ့ က ပြောသည်။

လွန်ခဲ့သည့် တပတ်ခန့် က ခရစ္စတီယာနာဘုရှ် ဆိုသူ သည် ၉၁၁ သို့ ဖုန်းခေါ် ခဲ့ပြီး သူ၏ ကလေး သုံးယောက် မရပ် မနား ငိုနေ သဖြင့် ဆေးဝါးကုသမှု လိုအပ်ကြောင်း အကူ အညီတောင်း ခဲ့သည်ဟု သိရသည်။ 

အသက် ၂၈ နှစ် အရွယ် ခရစ္စတီယာနာဘုရှ်နှင့် သောမတ်စ်ဘုရှ် တို့ ဇနီးမောင်နှံ သည် အသက် ၂ နှစ် အရွယ် ကလေး တစ်ဦးနှင့် ခြောက်လ အရွယ် အမွှာပူး ကလေး စုစုပေါင်း သုံးဦး ရှိသည်ဟု သိရသည်။


ချစ်ခြင်း ရဲ့အနံ့ အသက်




တိုက်ခန်း ရဲ့ပထမထပ် မှာ ဇနီးမောင်နှံနှစ်ဦးနေပါတယ်။ သူတို့ ရဲ့နေ့စဉ် ဘဝ က စည်းကမ်း တကျပါပဲ။ မနက် ဆိုရင် ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်တယ်၊ ညနေ ဆိုရင် ပန်းခြံသွား လမ်းလျှောက်လေ့ ရှိတယ်။ ဘဝ ကို ရိုးရိုးရှင်းရှင်း သူတို့ဖြတ်ကျော်ကြတယ်။ 

တိုက်ခန်း က လမ်းဖက်ကို မျက်နှာမူ ထားတော့ သူတို့ က ဝရံတာ တံခါး ကို အမြဲ ဖွင့်ထားပြီး အဲဒီမှာ ထိုင် ရင်း စာအုပ် ဖတ်တယ်၊ ရေနွေးကြမ်းသောက်တယ်၊ ဒါမှ မဟုတ် လမ်းသွား လမ်းလာတွေ ကို ကြည့်ပါတယ်။
သူတို့ ရဲ့တိုက်ခန်း ထဲကနေ ဟင်းနံ့တွေ မွှေးမွှေးကြိုင်ကြိုင် ပျံ့လွှင့် လာပြီ ဆိုရင် ဒါဟာ သူတို့ ရဲ့သား အိမ်ပြန် လာပြီ ဆိုတာကို ကျွန်မ သိလိုက်တယ်။ 

သူတို့ ရဲ့သား က ကျောင်းပြီး တာနဲ့ တခြားမြို့ မှာ အလုပ် သွားလုပ်နေတာဖြစ်ပြီး အိမ်ပြန် ခဲပါတယ်။ ကြာကြာနေလို့ တစ်ခါ သားပြန် လာပြီ ဆိုရင် သူတို့ ဇနီးမောင်နှံ အလုပ် များတော့ တာပဲ။


အန်ကောဝပ် ဘုရားကျောင်း တွင် ကိုယ်လုံးတီး ဓာတ်ပုံ များ ရိုက်ကူး ခဲ့သော ပြင်သစ်နိုင်ငံ သား များအား ဖမ်းဆီး

14377_834909129899347_6979999442988644112_n


ကမ္ဘောဒီးယားနိုင်ငံ ၏ ကမ္ဘာကျော် ဘုရားကျောင်း တစ်ခုဖြစ်သည့် အန်ကောဝပ် ဘုရား ကျောင်းဝင်း ထဲတွင် ဝတ်လစ် စလစ် ဓာတ်ပုံများ ရိုက်ခဲ့သည့် ပြင်သစ်နိုင်ငံသား သုံးဦး ကို လုံခြုံရေး အရာရှိ များက ဖမ်းဆီး ခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီ ၂၉ ရက်က အန်ကောဝပ် ဘုရားကျောင်းဝင်း ရှိ ”ဘန်တေကိတ်ဒ်” ဘုရား ထဲတွင် အဆို ပါ ပြင်သစ် နိုင်ငံသား သုံးဦး ကို တွေ့ရှိ ခဲ့ကြောင်း အန်ကောဝပ် ဘုရား ကျောင်း ထိန်း သိမ်း စောင့်ရှောက်ရေး အစိုးရအေဂျင်စီ အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ က အေအက်ဖ်ပီ သတင်းဌာန သို့ ပြောကြား သည်။

”အန်ကောဝပ်  ဟာ ဘာသာရေး ဆိုင်ရာနေရာ ပါ။ သူတို့တွေ ရဲ့ အပြု အမူတွေ နဲ့ လုံးဝ မအပ်စပ် ပါ ဘူး”ဟု ၎င်း က ဆက်လက်ပြောသည်။