Thursday, October 9, 2014

သေပြီးစ အချိန် တွင်ပင် လူ၌ ခံစားမှု ရှိနေသေး

Death

သေပြီးစ အချိန်တွင်ပင် လူ၏ ခန္ဓာကိုယ်၌ အသိတရား ဆက်ရှိ နေသည်ဟု သိပ္ပံ ပညာရှင်များ ယခု လက်ခံ လိုက်ပြီ ဖြစ်သည်။ သေခါနီး အခြေအနေကို သုတေသန ပြုချက် အရ ဦးဏှောက် လုပ်ငန်း ရပ် ဆိုင်း သွားသည့် အခါမှာပင် ခံစားမှု ဆက်လက် ရှိနေ သေးသည်ဟု သုတေသ နပြု တွေ့ ရှိ ခဲ့သည်။

သုတေသန ကို ဆောက်တမ်တန် တက္ကသိုလ် မှ သိပ္ပံပညာ ရှင် များက ဗြိတိန်၊ အမေရိကန်နှင့် သြစတြေးလျ နိုင်ငံများ ရှိ ဆေးရုံ ၁၅ ခုတွင် ပြုလုပ် ခဲ့ခြင်း ဖြစ် သည်။ နှလုံးဖောက် ကာ သေ ငယ်ဇော ရှိသည့် လူနာများဖြင့် စမ်းသပ် ခဲ့ခြင်း ဖြစ်ပြီး ထိုလူနာများ မြောသွားသည့် အချိန်တွင် မည်သို့ ရှိမည် ဆိုသည်ကို စမ်းသပ် ခဲ့ခြင်း ဖြစ်သည်။


Wednesday, October 8, 2014

သံသ၇ာ ဟူသည် အဘယ်နည်း



  " အ၇ှင် နာဂသေန ဘု၇ား ၊ သံသ၇ာ ဟူသည် အဘယ်ပါနည်း "
       " မင်းမြတ် .. ဤအ၇ပ် ဤဘုံ၌  မွေးဖွား၍ သေဆုံးပြီးလျှင် .. အခြားအ၇ပ် အခြားဘုံ၌
မွေးဖွား၍  သေဆုံး၏ ။ ထိုမှတစ်ဖန်  အခြားအ၇ပ် .. အခြားဘုံ၌  မွေးဖွားပြန်၏ ။ ဤသည်ပင်
လျှင် သံသ၇ာပေတည်း ။

    " အ၇ှင်ဘု၇ား  .. ဥပမာပြု တော်မူပါဦး "
      " မင်းမြတ် .. ယောင်္ကျားတစ်ယောက်သည် .. သ၇က်သီးကို စားကာ သ၇က်စေ့ကို စိုက်ပျိုး၇ာ၏ ။ 

Tuesday, October 7, 2014

မြန်မာနှစ်ဦး က လူသတ် တရားခံ အစစ်လား



ဓာတ်ပုံ − ရိုက်တာ

‘‘ဒီမြန်မာတွေ ဟာ လူသတ် သမား အစစ်တွေ လို့ သင်ထင် ပါသလား’’
၉၅ ရာခိုင်နှုန်းကျော် က ‘‘မထင်ဘူး’’ ဟု ဖြေဆိုကြပြီး ၄ ရာခိုင်နှုန်းကျော် က ‘‘ထင်တယ်’’ ဟု ဖြေဆို ထားသည်။

ယင်း စစ်တမ်း ကို ထိုင်း ရဲတပ်ဖွဲ့ နှင့် သဘောထားချင်း မတူညီ သည့် ထိုင်း ပြည်သူများ တည်ထောင်ထားသော ‘‘CSI LA’’ အဖွဲ့က ကောက်ယူနေခြင်း ဖြစ်သည်။
အောက်တိုဘာ ၄ ရက်တွင် ယင်း စစ်တမ်း ကို Survey Planet မှတစ်ဆင့် ကောက်ယူ ခဲ့ရာ ခေတ္တမျှ အတွင်း လူ တစ်ထောင်ခန့် က ၀င်ရောက်ဖြေဆို ခဲ့ ကြသည်။
CSI LA ၏ ဖေ့စ်ဘွတ်ခ် စာ မျက်နှာတွင် လည်း ဤ အမှု အ ကြောင်းကို စဉ်ဆက် မပြတ် တင် ပြနေပြီး ရဲ တပ်ဖွဲ့သို့ မေးခွန်းများ မေးမြန်းနေကာ ရဲတပ်ဖွဲ့ အနေ ဖြင့် ပွင့်လင်းမြင်သာမှု ရှိရန် တိုက် တွန်းနေသည်။ 


ယင်း စာမျက်နှာ ကို အားပေးစောင့်ကြည့်ဖတ်ရှု သူ ပေါင်း မူလက သောင်းဂဏန်း မျှ သာ ရှိခဲ့ ရာမှ အောက်တိုဘာ ၄ ရက် တစ်ရက်တည်း တွင် တစ် သိန်းကိုးထောင်ကျော် သို့ရောက် ရှိ သွားကြောင်း တွေ့ရသည်။


ရင်ထဲ က ဆရာ များနေ့

 

ဆရာ ဟူသည် “ဆာယာ” ဟူသော ပါဠိသက်ဝေါဟာရ မှလာခြင်းဖြစ်သည်။ ဆာယာ သည် အေးရိပ် ဟု အဓိပ္ပာယ် ရသည်။ တပည့် များ နားခိုစေရန် အေးမြသော အရိပ် ကို ပေးစွမ်းနိုင်သောကြောင့် ဆရာ ဟု ခေါ်သည်။ 

ဆရာ သည် “ဆ” နှင့် “ရာ” ဟူသော စကားလုံးနှစ်လုံး ပေါင်းစပ် ထားခြင်းဖြစ်သည်။ “ဆ” သည် နှိုင်းဆခြင်း၊ ချိန် ဆခြင်းဖြစ်ပြီး “ရာ” မှာ ရာဖြတ်ခြင်း၊ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း သဘောဆောင်သည်။ 

ထို့ကြောင့် ဆရာ ဟူသည် တပည့် တို့အား နှိုင်းဆ အကဲဖြတ် ပေးတတ်သူ ဟု အဓိပ္ပာယ် ရ ကြောင်းရှေး ပညာရှင် များက ဆိုကြသည်။ လောကနီတိ ပျို့ တွင် ဆရာ တို့၏ အရိပ် သည် အေးချမ်း သာမှုကို ပေးစွမ်းကြောင်း ဖော်ကျူး ခဲ့သည်။ 


သင့် စိတ်ကူး အိပ်မက်တွေ ကို အမြဲ ယုံကြည်နေသင့် တဲ့ အကြောင်း အရင်း (၉) ချက်

သင့် စိတ်ကူး အိပ်မက်တွေ က ဘာပါလဲ။ ပင်လယ်ကူး သင်္ဘောနဲ့ ကမ္ဘာ ပတ်ချင်တာ၊ ဂုဏ်သရေ ရှိ လူကြီး လူကောင်းများ နဲ့ ဆုံတွေ့ ချင်တာ၊ နိုဘယ်လ် ဆု ရချင်တာမျိုးတွေလား။ ဘယ်လို စိတ်ကူးယဉ် အိပ်မက်မျိုးဖြစ်ပါစေ စတင် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာနဲ့ တစ်ဝက်အောင်မြင် ပါပြီ။
  ၁။ စိတ်ကူး အိပ်မက်တွေ က ဘဝ ကိုပိုပြီး စိတ်ဝင် စားစရာကောင်းစေပါတယ်။
ဆိုးရွား ခက်ခဲ လှတဲ့ နေ့ရက်တွေကြုံတွေ့နေရတာ ဖြစ်ပါစေ၊ သင့် လက်ထဲမှာ ကိုယ်ပိုင် စိတ်ကူး အိပ်မက်တွေ ဆုပ်ကိုင် ထားမယ် ဆိုရင်တော့ ခွန်အားတွေ၊ သတ္တိတွေ သူ့ အလိုလို ရရှိနေပါလိမ့်မယ်။ 

စိတ်ကူး အိပ်မက်တွေ က နံနက်ခင်းတွေ မှာ အဓိပ္ပာယ် ရှိရှိ ခွန်အားပြည့်ဝ စွာ နိုးထ လာစေတဲ့ အကြောင်းပြချက်ကောင်းတွေ ပါပဲ။ ပိုပြီးကောင်းမွန်စွာ ကြိုးစား အားထုတ်လေလေ ဘဝမှာ ပိုပြီးနေပျော်လာလေလေ ပါပဲ။

ကွမ်းလုံ ရက် (၄၀) တိုက်ပွဲကြီး အကြောင်း

အခုတလော ကွမ်းလုံ ရက်(၄၀)ကြာ တိုက်ပွဲကြီး အကြောင်း ရုပ်ရှင်ရိုက်ကူး မည်ဟု ကြား သိရပါသည်။

အတော်များများက ထို အကြောင်းပြောကြသော်လည်း ယခင့် ယခင် အစိုးရလက်ထက် မှာကဲ့သို့ အတုံးလိုက် အတစ်လိုက် ၀ါဒဖြန့်သည်မှ လွဲ၍“အမိမြေမှ သားကောင်းများ”ကဲ့ သို့သောဖြစ် ရပ်မှန် ..စစ်ရုပ်ရှင် ဇာတ်ကားကောင်း တစ်ကား မဖြစ်လာမည်ကို လည်းပူပန်ကြ သူများရှိ ပါသည်။


Monday, October 6, 2014

အသက် ၂၀ ကျော် အရွယ်ရောက်လာတဲ့ အခါ မလုပ် သင့်တဲ့ အရာများ

 

သင့်ရဲ့ကျောင်းသား ဘ၀နေ့ရက်တွေ ကုန်ဆုံး သွားတဲ့ အခါ သင့်ရဲ့ ရင့်ကျက်စ အရွယ် ကိုရောက် လာခဲ့ပါတယ်။ အဲဒီ အခါမှာ သင်ဟာ ဘ၀တစ်ခု ရဲ့ အစ ဖြစ်နေတဲ့ ကိုယ့်အား ကိုယ်ကိုး စ အသက် အရွယ်မှာ အထက်တန်းကျောင်းသား ဘ၀တုန်း ကလို ပြုမူနေထိုင်နေလို့ မရတော့ပါဘူး၊။ 

ဦးနှောက် ကို သုံးပြီး စဉ်းစား ဖို့ လိုအပ် လာပါပြီ။ အသက် ၂၀ ကျော် အရွယ်မှာ အမျိုးသားတွေ မလုပ်သင့် တာလေးတွေ ရှိပါတယ်။

၁။ အသင့် စား အစားအစာတွေ ကို မစွဲလန်း ပါစေနဲ့
**************************************
သင်ဟာ အမေချက်ကျွေးတဲ့ ထမင်း၊ ဟင်းတွေ ကို စားသုံး ဖို့ မဖြစ်နိုင်တော့ပါဘူး။ သင်ဟာ သင့် အလုပ် နဲ့ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေပါပြီ။ အဲဒီ အခါမှာ ပီဇာ လိုမျိုး အသင့် စား အစားအစာတွေ ကို မမှီခို ပါနဲ့။ အဲဒီ အစားအစာတွေ က သင့် ကို အာဟာရ လုံးဝ မဖြစ်စေ ပါဘူး။


ဘာမြူ ဒါ သွားတဲ့ ငြိမ်းချမ်းရေး သမားကို ကယ်တင် လိုက်ရ

အမေရိကန် ပြည်ထောင်စု ဖလောရီဒါ ကမ်းခြေ ကနေ နာမည်ကြီး ဘာမြူ  ဒါတြိဂံဒေသ ကို လေပူပေါင်း နဲ့ ကူးခတ် သွားတဲ့ ငြိမ်းချမ်းရေး တက်ကြွ လှုပ်ရှားသူ တဦးကို အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က စနေနေ့က ကယ်တင် လိုက်ရပါတယ်။ 

အောက်တိုဘာလ ၅ ရက်နေ့က ပြည်ပ အခြေစိုက် အီရန်အမျိုးသား Reza Baluchi ကို ဖလော်ရီဒါ ကမ်းခြေ ကနေ မိုင် ၁ဝ၃၃ မိုင်ကွာ ဘာမြူ   တာ ဒေသကို လေပူပေါင်းနဲ့  ဦးတည် ကူးခတ် သွားနေတုန်း  ရေမိုင် ၇ဝ လောက် မှာ အားအင် ချိနဲ့ လာစဉ် ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်လိုက် တာဖြစ်တယ်လို့ စကိုင်းနယူးစ်သတင်းတပုဒ် မှာ ဖော်ပြပါတယ်။ 


ကားတံခါး မှာ ဦးခေါင်း ညပ်ပြီး အသက်ရှု ရပ်သွားတဲ့ ကလေးငယ်ကို အရေး ပေါ် ကယ်ဆယ်နိုင်ခဲ့


ယနေ့ခေတ်တီထွင် မှု စွမ်းအားကောင်း လာတဲ့ ကားထုတ်လုပ်ရေးတွေ အ ကြားမှာ ကား တည်ဆောက်မှုတွေကို အကောင်းဆုံး အဆင့် အမြင့်ဆုံး တည် ဆောက်လာတာ က တစ်ခါ တစ်ရံ မှာ အသုံးတဲ့ပြီးတော့ တစ်ခါတစ်ရံမှာ ဘေး ဖြစ်တတ်ပါတယ်။

အခု လည်း တရုတ်နိုင်ငံ ဖူဇိုးပြည်နယ် က ကလေးငယ် တစ်ဦးရဲ့ ဦးခေါင်းက ကားမှန် တံခါး နဲ့ဘောင်ကြားမှာ ညပ်နေပြီး အသက်ရှု ရပ်သွားခဲ့တဲ့ အရေးပေါ် အခြေအနေကို အနီးအနား ကလူတွေနဲ့ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ ကူညီ ကယ်ဆယ် ခဲ့ကြရာ အသက် အန္တရာယ်မှ လွတ်မြောက် သွားခဲ့တယ်လို့သိရပါ တယ်။ 

အညောင်း အညာ ကင်းရှင်း လန်းဆန်း ကျန်းမာခြင်း

 
“ကျန်းမာခြင်း သည် လာဘ် တပါး” ဆို သလိုပဲ ကိုယ်ကျန်းမာ မှ စိတ်ချမ်း သာနိုင်မှာ ဖြစ်သလို စိတ်ရော ကိုယ်ပါ ကျန်းမာနေ မှလည်း မိမိ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာ မှန်သမျှ ကို အောင်အောင်မြင်မြင် အဆင်ပြေပြေ ချောချောမွေ့မွေ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါမယ်။

  စားဝတ်နေရေး အတွက် နိစ္စဓူဝ လှုပ်ရှား ရုန်းကန်နေကြ ရတဲ့ မြို့ပြ လူနေမှု ဘဝ ပုံစံတွေမှာ ကျန်းမာရေး အတွက် သီးသန့် အချိန်ပေးဖို့ အခွင့်အရေးက အင်မတန်မှ နည်းပါးလာတယ်လို့ ဆိုရပါမယ်။ 

နေ့စဉ် လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အလုပ် သွား၊ အလုပ်ပြန်၊ ကျောင်းသွား၊ ကျောင်းပြန် စတဲ့ ဗာဟီရတွေ နဲ့ပဲ  အချိန်တွေ ကုန်နေရ တာကြောင့် ကျန်းမာရေးအတွက် အားကစား လုပ်ဖို့ အချိန် သီးသန့်ပေးနိုင် ဖို့က ခဲယဉ်းလာကြပါတယ်။



ကံကောင်းခြင်းတွေ ကို ထွက်ပြေး သွားစေမယ့် ၆ ချက်


ဘယ်သူ မဆို ဘဝမှာ အောင်မြင်ချင် တာချည်းပါပဲ။ ဘဝမှာ အောင်မြင်ဖို့အတွက် ဘယ်လို လုပ်ရမှာလဲ။  အောင်မြင်ဖို့အတွက် လုပ်ရမယ့် အရာတွေ အများကြီး ရှိသလို မလုပ်သင့်သော အရာတွေ လည်း အများကြီး ရှိပါတယ်။

ဘဝမှာ အောင်မြင်စပြု လာရင် မလုပ်သင့်သော အချက်တွေကို တင်ပြလိုက်ပါတယ်။


၀၁. သူတပါး ရဲ့အောင်မြင်ခြင်း ကို အားကျခြင်း
*********************************
သူငယ်ချင်း ပဲဖြစ်ဖြစ် အသိမိတ်ဆွေ ပဲဖြစ်ဖြစ် သူတို့ကအောင်မြင်ပြီးတော့ နေတဲ့အိမ်၊ သုံးတဲ့ ပစ္စည်း၊ စီး တဲ့ကား စသည်ဖြင့် သူလိုနေထိုင် ချင်တယ်လို့ အားကျမိမှာပါ။



Website နှင့် Blog များတွင် Member ၀င်နည်း


Website နှင့် Blog  များတွင် လည်ပတ် လေ့လာကြ၇င်း Member ၀င်ချင်လျွှက် အခက်အခဲ ၇ှိနေတဲ
မိတ်ဆွေများ အတွက် { နည်းပညာမြို့တော် } မှ Member ၀င်နည်း အဆင့်ဆင့် ကို ထပ်ဆင့်မျှဝေ ဖေါ်ပြ
ပေးလိုက်ပါတယ်..........


အရင် Join This Site ဆိုတာ ကို အရင်နှိပ်ပါ။ ပြီးရင်အောက်မှာ ပုံ နဲ့ပြထား တဲ့ အတိုင်း
အဆင့်ဆင့် လုပ်သွား လိုက်ပါ။ Google အကောင့်ဖြင့်ဝင်မှာဖြစ်သောကြောင့် Google ကိုနှိပ်ပါ။



            

Sunday, October 5, 2014

မသန့်ရှင်း သည့် ရေနှင့် ရေပေါ် အိမ်သာကြောင့် ကြည်မြင်တိုင် တစ်ဖက်ကမ်း ၌ ကူးစက်ရောဂါ များ ဖြစ်ပွားနေ

ရန်ကုန်၊ ကြည်မြင့်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက် ၁၁ ခု၌ သန့်ရှင်း သည့် သောက်သုံးရေနှင့် ယင်လုံအိမ် သာများ အသုံးမပြုနိုင် ခြင်းကြောင့် ဝမ်းရောဂါ၊ သွေးလွန်တုတ်ကွေးနှင့် အသည်းရောင် အသားဝါ အစရှိသည့် ကူးစက်ရောဂါများ ခံစားနေရကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကွက် ၁၁ ခုသည် ကြည်မြင့်တိုင်မြို့နယ်တွင် ပါဝင်နေ ပြီး စွန့်ပစ် အမှိုက်နှင့် သောက် သုံးရေ မသန့်ရှင်းခြင်းတို့ကြောင့် ကူးစက် ရောဂါဖြစ်ပွား ရခြင်းဖြစ်သည် ဟု ဆေးဝါးကျွမ်းကျင်သူများက ဆိုသည်။


ကောင်းမွန်သော အမျိုးသမီး ဆိုတာ

women










(၁) အတွေးအခေါ် အယူအဆ ကောင်းမွန်သူ
(၂) သည်းခံ ခွင့်လွှတ်တတ်တဲ့ စိတ်ရှိသူ
(၃) ငွေကြး ဥစ္စာကို စီမံခံန့်ခွဲတတ်သူ
(၄) အိမ်ထောင်ရေးကို ထိမ်းသိမ်းနိုင်သူ
(၅) အသောက်အစား ကင်းသူ
 

ဆံပင်တွေ ကို မြိုချတဲ့ အကျင့်ကြောင့် ခွဲစိတ် ကုယူရ

hair7 










ကာဂျစ်စတန် နိုင်ငံ က အသက် ၁၈ နှစ် အရွယ် အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်ပါတယ်။ စိတ်ပိုင်း ဆိုင်ရာ အရ လည်း ဘာရောဂါ မှ မရှိကြောင်း ဆရာဝန်များက စစ်ဆေး ထွက်ဆို ထားပါတယ်။

 ဒါပေမယ့် သူ့မှာ ရှိတဲ့ အကျင့် ကလေး တစ်ခု ကတော့ ဆံပင်များ ကို စားခြင်း ဖြစ်ပါတယ်။ သူများတွေ လက်သည်း ကိုက်တတ် သလိုပဲ သူ့ဆီမှာ ရှိတဲ့ အကျင့်က ဆံပင်မွေး သေးသေး လေးတွေ ကို ကောက်စားတတ်ပါတယ်။

ပျော်ရွှင်မူ အတွက် နည်းလမ်းကောင်းလေးများ

happylife 








(၁) ကျန်းမာရေး ကောင်းအောင် ရေများများ သောက်ပါ။
(၂) မနက်စာ ကို ရှင်ဘုရင် လို စားပါ။ နေ့လယ်စာ ကို သူဌေး လို စားပြီး ညနေစာ ကို သူတောင်းစား လို စားပါ။
(၃) သဘာဝ အစား အစာများကို များများ စားပါ။ ထုတ်လုပ်စာများကို လျော့စားပါ။
(၄) အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် တွေးတော ဆင်ခြင်ပါ။
(၄) တရားထိုင်ပါ။
(၅) အားကစားလုပ်ပါ။

အောက်တိုဘာ လ အတွက် (၇)ရက် သားသမီး ဟောစာတမ်း

astro 







တနင်္ဂနွေသားသမီး ။ ။ 
ယခုလအတွင်း ထင်ပေါ်ကျော်ကြားခြင်း အကြီးအကဲ အဖြစ်မြှောက်စားခံ ရခြင်း ။ အလုပ် ရာထူး တက်ခြင်း လုပ်ငန်းများလည်း အောင်မြင်မှုရရှိ ခြင်းများ ကြုံတွေ့ ရပါမည် ။ မမျှော်လင့်ပဲ အလုပ်နှင့် ပတ်သက်ပြီး ငွေကြေးများ လည်းဝင်လာနိုင်ပါသည် ။ 

ခရီးသွား လုပ်ငန်း ဟိုတယ်လုပ်ငန်း အုပ်ချုပ်ရေး အဆောက်အဦ လုပ်ငန်း ငွေကြေး ငွေချေး လုပ်ငန်း ကျောက် ကား ရောင်း ၀ယ်ရေးလုပ်ငန်းများ အဆင်ပြေပါမည် ။ ငယ်ရွယ်သူများ အနေနီးစပ်မှု ကြောင့် ချစ်သူရလာနိုင်ပါသည် ။ စိတ်ဓါတ် ခိုင်မာပြတ်သားသော ချစ်သူမျိုးနှင့် ဖူးစာဆုံလိမ့်မည် ။ မမျှော်လင့်ပဲ ထီး နာရီ ထီလက်မှတ် ပျောက်တတ် ပါသည် ။ ကျမ္မာရေးနှင့် ပတ်သပ်၍ ဒူးနာရောဂါခံစား ရနိုင်ပါသည်။။။

ယတြာ ။ ။ မွေးနေ့ တွင် အာလူးကြော်ဖြင့် အိမ်မှ ဘုရား ကို ဆွမ်းကပ်လှုပြီး လိုရာ ဆုတောင်းပါ ။။