Tuesday, September 8, 2015

အပြင်မှာ မိုဘိုင်းလ် ဖုန်းတွေ သုံးစွဲခြင်း ဟာ အရေပြားကင်ဆာ ရောဂါ ဖြစ်လာစေနိုင်




မိုဘိုင်းလ် ဖုန်းတွေ ၊ တတ်ဘလတ် တွေ နဲ့ လက်ပ်တော့ပ် တွေဟာ သင့် ကို အရေပြား ကင်ဆာ ရောဂါ ဖြစ် လာစေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နေ ရဲ့ အန္တရာယ် အများဆုံး ခရမ်းလွန်ရောင်ခြည် တွေ ကို ထို နည်းပညာ ပစ္စည်းတွေ က ရောင်ပြန် ဟပ်စေနိုင်တာ ကြောင့်ဖြစ်တယ် လို့ သိပ္ပံ ပညာရှင်တွေ က သတိပေး ထားပါတယ်၊

 

လေ့လာမှု အသစ်တစ်ခု ကနေ ရှာဖွေတွေ့ရှိခဲ့တာတွေ က လူတွေ ကို နေရောင်ခံ ခရင်မ်တွေ လိမ်းဖို့ ၊ နေ ကာ မျက်မှန်တွေ တပ်ဆင်ဖို့ နဲ့ အပြင် မှာ သူတို့ ရဲ့ ဖုန်း တွေ ကို သုံးနေတဲ့ အခါ မျက်နှာ နဲ့ လည်ပင်းတွေ ကို ကာကွယ် ဖုံးအုပ်ထားဖို့ စတာတွေ ကို သုတေသီတွေ အနေနဲ့ လှုံ့ဆော် ပေးဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။
 

ထို စစ်ဆေးမှု ဟာ လူတွေ မှာ ပြုလုပ်ခဲ့တာတော့မဟုတ်ပါဘူး။ အထည်ဆိုင်တွေ မှာ အသုံးပြုတဲ့ လူ အရုပ်တွေ နဲ့ စမ်းသပ် ခဲ့တာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေ ရဲ့ သုံးသပ်ချက် အရတော့ ထို သုတေသန ဟာ လူတွေ အတွက် အရေးကြီး တဲ့ ရလဒ်တစ်ခု ကို ထုတ်ဖော်နိုင်ခဲ့တယ် လို့ သိရပါတယ်။



လေ့လာမှု ရဲ့ တွဲဖက် စာရေးဆရာ တစ်ယောက်ဖြစ် တဲ့ နယူး မက္ကဆီကို တက္ကသိုလ် က Mary Logue က "ဒီ ပစ္စည်းတွေ ဟာ များသော အားဖြင့် ဆက်သွယ်ရေး နဲ့ ဖျော်ဖြေရေး အတွက် အသုံးပြုကြပါတယ်။ ဒါကြောင့် သင်ဟာ ဒီ ပစ္စည်းတွေကို သုံးတဲ့ အခါ မျက်နှာပြင် ကို ကြည့်မိနေတဲ့ အတွက် ရောင်ပြန် ဟပ်ခြင်းက တစ် ဆင့် အရေပြား ကင်ဆာ ဖြစ်လာ ဖို့ လွယ်ကူနေတာပဲ ဖြစ်ပါတယ်။ " လို့ဆိုပါတယ်။

 

ပထမဆုံး လေ့လာမှု မှာတော့ ထို နည်းပညာ ကိရိယာ တွေဟာ ခရမ်းလွန်ရောင်ခြည် ဆင်ဆာ နဲ့ ၁၆.၅ လက်မ အကွာ မှာ ထားကြည့် ခဲ့ပါတယ်။ ဒုတိယ လေ့လာမှု မှာတော့ ၁၂.၂၅ လက်မ အကွာမှာသာ ထားခဲ့ပါတယ်။ 

ပထမလေ့လာမှု မှာတော့ ထိုနည်းပညာ ကိရိယာတွေ က တစ်ဆင့် ခရမ်းလွန်ရောင်ခြည် ရောင်ပြန် ဟပ်မှု ဟာ လူ အရုပ် တွေ ကို ရောင်ပြန်ဟပ် တာ တွေ့ရှိ ခဲ့ပြီး ထိုရောင်ပြန်ဟပ် တဲ့ ခရမ်းလွန်ရောင်ခြည် နှုန်း ထား ကို ဖုန်း မျက်နှာပြင် ရဲ့ Exposure နဲ့ တိုင်းထွာကြည့်တဲ့ အခါ ပျမ်းမျှအားဖြင့် ၄၆ ရာခိုင်နှုန်း အထိ ရှိနေတာကိုတွေ့ရပါတယ်။
 


ထိုလေ့လာမှု ကိုတော့ American Academy of Dermatology ဆိုတဲ့ ဂျာနယ်ထဲ မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail 


 http://health.thithtoolwin.com/2015/09/blog-post_57.html

No comments:

Post a Comment