Tuesday, September 8, 2015

သူဌေးတွေ နဲ့ သာမန် လူတွေ တွေးခေါ်ပုံ ဘယ်လို ကွာခြားသလဲ


SFJ Strategy First Journal's photo.






၁။ သာမန် လူတွေက ပိုက်ဆံ စုဖို့ပဲ စဉ်းစားတယ်၊ သူဌေးတွေ ကတော့ ပိုက်ဆံ ဘယ်လို ၀င်အောင်လုပ်မလဲ ဆိုတာ ကိုပဲ စဉ်းစားကြတယ်။
 

ကျွန်တော်တို့ ကို ငယ်ငယ်လေးကတည်း က ပိုက်ဆံ စုဖို့သင်ပေးကြပါတယ်။ သင်ဟာ တစ်လ ကို ၅ သိန်းရ တယ် ဆိုပါတော့၊ လတိုင်း ၁၀ ရာခိုင်နှုန်း စုရင် တစ်နှစ်ပြည့်ရင် ၆ သိန်း ပဲ စုမိ မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘယ်တော့မှ သူဌေးဖြစ်မှာ မဟုတ်ပါဘူး။
 

သူဌေးတွေ ဟာ စုတော့ စုပါတယ်၊ ဒါပေမဲ့ ရလာတဲ့ ပိုက်ဆံကို တိုးပွားအောင် အရင်လုပ်ပါတယ်။

၂။ လုပ်ငန်းသစ် တစ်ခု တည်ထောင်တော့မယ် ဆိုရင် လူတွေက ရှုံးမယ်၊ မအောင်မြင်နိုင်ဘူး လို့ မြင်ကြ တယ်၊ သူဌေးတွေ ကတော့ အောင်မြင်မယ့် လမ်းစ လို့ မြင်ကြပါတယ်။ လူတွေ ဟာ ၀င်ငွေ နဲ့ ပတ်သက် လာ ရင် ရိုးရိုး တန်း တန်း စဉ်းစားကြပါတယ်။ အလုပ် အချိန်ပို လုပ်ရင် လစာ ပိုရမယ်၊ ရာထူး တိုးရင် လစာ တိုး မယ် လို့ပဲ တွေးပါတယ်။ 

ပညာကောင်းကောင်းတတ် တဲ့ မန်နေဂျာ တွေတောင် လစာ တိုး အောင် MBA တက်ရမယ် လို့ပဲ တွေး ပါတယ်။
 

သူဌေးတွေ ဟာ တခြား လူတွေ ရဲ့အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း အသစ်တွေကို ရှာဖွေ ပါ တယ်၊ ဒီလို နည်းလမ်း အသစ်တွေ အကြံဥာဏ် အသစ်တွေ ကပဲ ပိုက်ဆံ ၀င်တာဖြစ်ပါတယ်။

၃။ သူဌေးတွေ ဟာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမှာ ကို မကြောက်ကြပါဘူး။ ရင်းနှီးမြှုပ်နှံမှု လုပ်ရာ မှာ ငွေဆုံးမှာ ကို ကြောက်စရာ မလိုပါဘူး၊ ရင်းနှီးမြှုပ်နှံ မှုတွေကမှသာ အခွင့်အလမ်းကောင်းတွေ နဲ့ လုပ်ပိုင်ခွင့် အသစ်တွေ ရရှိလာ မှာဖြစ်ပါတယ်။ 


 
၎။သူဌေးတွေ ဟာ ပန်းတိုင်တွေ ကို တိတိကျကျ ချမှတ်လေ့ ရှိပါတယ်။ သူဌေး တွေဟာ သူတို့ လုပ်ငန်း  အောင်မြင် မှု နဲ့ ငွေဝင်ဖို့ကိုပဲ အဓိက အာရုံစိုက်ပါ တယ်။ သူတို့ဟာ သူတို့ ချမှတ် ထားတဲ့ ပန်းတိုင်တွေ ကို အလွယ်လမ်း က မလိုက် ဘဲနဲ့ သေသေချာချာ အာရုံ စူးစိုက်လေ့ရှိပါတယ်။

၅။ သာမန် လူတွေက သူဌေးတွေလိုနေကြတယ်၊ သူဌေးတွေ က သာမန်သူ တွေလိုနေကြ တယ်။ Donald Trump( တရမ့် လုပ်ငန်းစု ဥက္ကဋ္ဌ) နဲ့ Richard Branson(ဗာဂျင် လုပ်ငန်းစု ပိုင်ရှင်) တို့လို သူဌေးတွေ ဟာ ကိုယ်ပိုင်ဂျက် လေယာဉ်တွေ နဲ့ ကမ္ဘာပတ်နေကြပေမယ့် ချမ်းသာဝကြွယ်ဝ တဲ့ လူအများစု ကတော့ သာမန် လိုပဲနေကြပြီးတော့ ဇိမ်ခံကားတွေ၊ စံအိမ်ကြီးတွေ နဲ့ မနေကြပါဘူး။

ကန်းထရီး အဆိုတော် Naomi Judd နဲ့ အင်တာဗျူး တဲ့ အခါမှာ သူဟာဈေးကြီး တဲ့ အ၀တ် အစားတွေ၊ လက်ဝတ် ရတနာတွေ ၀ယ်လေ့ မရှိပါဘူးလို့ ပြောပါ တယ်၊ သူ အခုလို ချမ်းသာကြွယ်ဝ လာတာဟာ ပိုက်ဆံ ကို မလိုဘဲ မသုံးလို့ ပါတဲ့။

Siebold ဆိုသူဟာ ချမ်းသာကြွယ်ဝသူ အယောက် ၃၀ ကျော် ကို အင်တာဗျူး ကြည့်တဲ့ အခါမှာ သူတို့ဖြေတဲ့ အဖြေတွေ မှာ တူညီတဲ့ အချက်တွေ ရှိပါတယ်တဲ့။
 

အဲဒါ ကတော့ သူတို့ဟာ သူများ လက်အောက်မှာ အလုပ် မလုပ်ချင်ကြ ဘဲနဲ့ လွတ်လပ်စွာ လုပ်ကိုင်ချင်ကြ ပါတယ်တဲ့။ 

ဒီလို လွတ်လပ်ချင်စိတ်ကပဲ ကိုယ် ပိုင် စီးပွားရေး လုပ်ငန်းတွေ တည်ထောင်ပြီး အောင်မြင်စေဖို့ တွန်းအားဖြစ် စေပါတယ်။


စာညွှန်း-dailyfinance.com မှာဖော်ပြထားတဲ့ 5 Ways Rich People Think Differently From the Rest of Us ကို ဆီလျော်အောင် ဘာသာပြန် ဆိုထားတာပါ။
 

ဓာတ်ပုံ- dailyfinance.com
 

- - - - - SFJ Strategy First Journal ကို Strategy First Institute က စီစဉ် တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ကာ Follow လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းတွေနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment