Tuesday, September 8, 2015

နကျယ်ကောင် ရဲ့ အဆိပ် ဟာ ကင်ဆာဆဲလ်တွေ ကို သတ်ပစ်နိုင်စွမ်းရှိ




ဘရာဇီးလ် နိုင်ငံ မှာ ရှိတဲ့ နကျယ်ကောင် ရဲ့ အဆိပ် ဟာ ကင်ဆာ ဆဲလ်တွေ ကို သတ်ပစ်နိုင်စွမ်း ရှိတယ်လို့ သိပ္ပံပညာ ရှင်တွေ က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ထို အဆိပ် ဟာ အခြား ကျန်းမာစေတဲ့ ဆဲလ်တွေ ကိုတော့ ထိခိုက်ခြင်း မရှိတဲ့ အတွက် သုတေသီတွေ ဟာ ထို အဆိပ်ကို ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရှာဖွေဖို့ ရှိပါတော့တယ်။

 

ထို အဆိပ် ဟာ ကင်ဆာ ဆဲလ်တွေ ကို ဘယ်လိုနည်းလမ်း နဲ့ သတ်ပစ်နိုင်စွမ်း ရှိတာလဲ ဆိုတာ ကိုလေ့ လာ ရင်း နဲ့ သုတေသီတွေ ဟာ MP1 လို့ခေါ်တဲ့ နကျယ်ကောင် ရဲ့ အဆိပ်ဟာ ကင်ဆာရောဂါ ကို တိုက်ခိုက်ဖို့ အတွက် ဆေးဝါး တစ်မျိုး ဖြစ်နိုင်တယ် ဆိုတာကို ယုံကြည်လာကြပါတယ်။ 

ထို အဆိပ် က သတ်ပစ်နိုင်တဲ့ ကင်ဆာဆဲလ် တွေ ကတော့ ဆီးအိမ် ၊ ပရောစတိတ် နဲ့ လူကေးမီးယား ကင်ဆာဆဲလ် တို့ပဲ ဖြစ်ပါတယ်။
 

"ဆဲလ်တွေ ရဲ့ အမြှေးပါး မှာ ရှိတဲ့ အဆီ ပေါင်းစည်းမှု ကို တိုက်ခိုက်နိုင်တဲ့ ကင်ဆာရောဂါ ကုထုံး ကတော့ ကင်ဆာ တိုက်ဖျက်ရေးဆေးဝါး တစ်ခုပဲ ဖြစ်ပါတယ်။ " လို့ လိဒ် တက္ကသိုလ်က ပါမောက္ခ Paul Beales က ဆိုပါတယ်။



တိကျ တဲ့ ဇီဝ ရုပဗေဒ နည်းလမ်းပေါင်း များစွာ ကို အသုံးပြုပြီး သုတေသီတွေ ဟာ ဆဲလ်တွေ ရဲ့ အမြှေးပါး ထဲ မှာ တွေ့ရ တတ်တဲ့ Phosphatidylserine ဟာ MP1 အဆိပ် ရဲ့ ကင်ဆာဆဲလ်တွေ ကို သတ်ပစ်နိုင်စွမ်း ကို ၇ ဆ ခန့် ပိုမို အားကောင်းလာစေပါတယ်။ 


ဒါ့ အပြင် Phosphatidylethanolamine လို့ခေါ်တဲ့ အဆီ တစ်မျိုးကတော့ အဆိပ် ရဲ့ ဆဲ့လ် အမြှေးပါးတွေ ကို ဖောက်ထွင်းနိုင်စွမ်း ကို အားကောင်းစေပါတယ်။  ထို အဆိပ် ဟာ ဆဲလ် အမြှေးပါးမှာ အပေါက်တွေဖြစ်ပေါ်စေပြီး ကင်ဆာဆဲလ်တွေ ကို အပြင်ကို ထွက်လာစေကာ သတ်ပစ်လိုက် တာပဲ ဖြစ် ပါတယ်။
 

သုတေသီတွေ ကတော့ ထို ဖြစ်စဉ် ရဲ့ အလုပ် လုပ်ပုံတွေ ကို တိတိ ကျကျ လေ့လာပြီး ကင်ဆာ ဆဲလ်တွေကို တိုက်ဖျက်နိုင်မယ့် ဆေးဝါး တစ်ခုဖြစ်လာဖို့ နကျယ်ကောင် ရဲ့ အဆိပ် ကို ဘယ်လို ပုံစံ နဲ့ အသုံးပြုရမယ် ဆိုတာ ကို ဆက်လက် လေ့လာနေကြပါတယ်။
 


ထိုလေ့လာမှု ကိုတော့ Biophysical ဂျာနယ် မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
( Mario )




#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi 


 http://health.thithtoolwin.com/2015/09/blog-post_78.html

No comments:

Post a Comment