Tuesday, May 19, 2015

သင့် ကား Dashboard မှာ ယခုလို မီးလေး လင်းနေသည် ဆိုပါက ….

Motors.com.mm's photo.



အင်ဂျင်ဝိုင် နဲ့ ပတ်သက် လို့ တခုခု ချို့ယွင်းနေပြီ ဆိုတာ သတိပေးတဲ့ အနေနဲ့ အချက်ပေးတာဖြစ်ပါတယ်၊ ဒါပေမဲ့ စက်နှိုးနှိုးချင်း မှာ လင်းနေပြီး သိပ်မကြာခင်ပြန်မှိတ် သွားပါတယ်၊

အင်ဂျင်ဝိုင် ဖိအား(Prssure ) မပြည့် ရင်လည်း လင်းတက် ပါတယ်၊ အင်ဂျင်ဝိုင် ဖိအားနည်းနေပါက အင်ဂျင်ကို အများကြီး ထိခိုက်စေပါတယ်၊

မီးလင်းနေတာ ကို ဆက်လက်မောင်းနှင် ပါက မကြာခင် စက်ထိုးရပ် သွားမှာဖြစ်လို့ လုံးဝရှောင် ရှား သင့် ပါတယ်၊


 

အင်ဂျင်ဝိုင် ဖိအား ကျဆင်းစေတဲ့ အချက်များ ကတော့ ဆီပန့်ကောင်းကောင်း အလုပ် မလုပ်ခြင်း၊ ဆီစစ်ညစ် ပတ်ပြီး ဂျီးများ ပိတ်နေခြင်း၊ ဆီ အရမ်းနည်းပြီး လမ်းကြောင်းမှာ တခုခု ချို့ယွင်းနေခြင်းတို့ကြောင့်ဖြစ်ပါတယ်၊

ဒါကြောင့် အင်ဂျင် ကို အများကြီး မထိခိုက်စေရန် အမြန်ဆုံး စစ်ဆေးပြုပြင်သင့် ပါကြောင်း ဖော်ပြ လိုက် ပါတယ်၊

www.motors.com.mm


No comments:

Post a Comment