Tuesday, May 26, 2015

ကျောက်မျက်ရတနာတွေ မှာ..သုံးတဲ့.. ကာရက်..နဲ့..ရတီ


Kyaw Win's photo.


သမိုင်းအလယ်ခေတ် က ကျောက်မျက်ရောင်းဝယ် ကြတဲ့အခါ သစ်စေ့တွေ အသုံးပြုပြီး ချိန် တွယ်ကြ တယ်။သစ်စေ့ ရတဲ့ အပင် Ceratonia Siliqua ဆိုတဲ့ အပင်။အဲဒီ အပင် ကို Greek ဘာသာလို Karation လို့ ခေါ်တယ်။

ဒါကြောင့် သုံးတဲ့ အလေးချိန် ကို Carat လို့ခေါ်တယ်။
1 carat မှာ ၂၀၀ မီလီဂရမ်တိတိရှိတယ်။

ဒါ့  ကြောင့် 5 carat= 1 gram ရှိတယ်။

ကရက် ကို ထပ်ပြီး အသေးစိပ် ရင် ...
 1carat= 100 points 
ဒါကြောင့် 1-1/2 'carat ရှိတယ် ဆို One point five zero or 1.25 carat လို့ ရေးကြပါတယ်။
 



ကရက်ချိန် ကို မိုးကုတ်ကျောက် များရောင်းကြ ဝယ်ကြရာ မှာသုးံကြပါတယ်။ စိန် အရောင်း အဝယ် မှာတော့ ယခင်က ရတီ ဆိုတာကိုပဲ သုံးတယ်။ အခု အချိန်ထိလဲ သုးံနေကြပါသေး တယ်။
 

ရတီ Rhatti ဆိုတာ Indian အသုးံအနှုံးပါ။ 
အဲဒီ Indians တွေ က မြန်မာပြည် မှာ စိန်လာရောင်းရင် ရတီ နဲ့ရောင်းခဲ့ကြလို့ ဆက် အသုးံပြုခဲ့နေကြတာပါ။ 

ဒါပေမဲ့ အခုတော့ Carat စံနစ် သုးံလာနေကြပါပြီ။ ဆက်စပ်ပုံ က......
 1Carat= 1.1 Rhatti. ပါ။ 

အကယ် ၍ တစ်ကရက်ဈေး နဲ့ ဝယ်ပြီး တစ်ရတီဈေးနဲ့ရောင်း ရရင် အလိုလို 0.1 rhattiချိန် အမြတ်ပါပြီဖြစ်တာပေါ့လေ။



 From...  Kyaw Win

No comments:

Post a Comment