Saturday, May 9, 2015

ဆီ ၊ရေ ၊လေ၊ ၀ိုင် ဆိုတဲ့ ဆိုရိုး စကား အတိုင်း

Motors.com.mm's photo.



 ဖော်ပြပါ ပုံ အတိုင်း မီးလင်းနေတာ က ရေနဲ့ ပတ်သတ်တဲ့ ပြဿ         နာကို အချက်ပေးနေတာဖြစ်ပါတယ်၊ ကား ရေတိုင်ကီကို ဖြည့်ပေးတဲ့  ပလတ်စတစ်ဘူး ထဲမှာ ရေကုန်သွားပြီး ရေထပ်မဖြည့်ပေးနိုင်တာကနေ
ရေနည်း သွားတတ် ပါတယ်၊


အထူး သတိထားရမှာ ကတော့ အင်ဂျင် ပူနေတုန်း ရေတိုင်ကီ အဖုံးကို လုံးဝ မဖွင့်ရပါ၊ ပန့်က ပေးထားတဲ့ ဖိအား မဆုံးရှုံးရအောင် ရေတိုင်ကီ အဖုံးကို အလုံပိတ် ထားပေးခြင်းဖြစ်ပါတယ်၊ 

ထိုအချိန်တွင် ဖွင့်လိုက်မိ ပါက ဖိအားက တွန်းကန် တာရယ်၊ ရေငွေ့တွေ တိုးထွက် လာတာ ရယ်ကြောင့် ရေ ပူတွေက ပန်းထွက် လာပြီးအပူလောင် တက်သောကြောင့်ဖြစ်ပါတယ်၊


တက်နိုင်ရင် အင်ဂျင်အေးသွား မှရေဖြည့်သင့် ပါတယ် ၊ရေထည့် ရာတွင် ကြုံရာရေကို မဖြည့်သင့် ပါဘူး၊ ထိုရေ များတွင် ဓါတ် တချို့   ပါဝင်နေသောကြောင့် အင်ဂျင်ပူ လို့ ရေပူတဲ့ အခါ ရေပတ် လမ်းကြောင်းတွင် ဂျိုးများ ကပ်ပြီး ပိတ်ဆို့ ရာမှ တဆင့်အင်ဂျင် မတရားပူလာတတ် ပါသည်၊

ထို့ကြောင့် ဘက်ထရီ များတွင် အသုံးပြုသော ပေါင်းခံရေ နှင့် သန့်သောရေသန့် ကိုသာ အသုံးပြုသင့် ပါသည် ဟု ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်…..


From...  www.motors.com.mm

No comments:

Post a Comment