Monday, May 25, 2015

မလေးရှားရောက်မြန်မာ များ အသွားအလာ ဆင်ခြင်ရန် မြန်မာသံရုံး သတိပေး

မေ ၂၁ ရက်က မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေသော မလေးရှားနိုင်ငံသား များ (ဓာတ်ပုံ- EPA)




လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ ၏ လက်ရှိ အခြေအနေများကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ သတိထား သွားလာ နေထိုင်ကြရန် မလေးရှားနိုင်ငံ  ဆိုင်ရာ မြန်မာသံရုံး က ယနေ့ မေလ ၂၅ ရက် ညနေပိုင်း၌ သတိပေးချက် ထုတ်ပြန်လိုက်သည်။
 
ယခု ကာအတွင်း ဖြစ်ပေါ်နေသော မလေးရှားနိုင်ငံ၏ အခြေအနေနှင့် နိုင်ငံတကာ ၌ လှုံ့ဆော် ချဲ့ကား ပြောကြားချက်များကြောင့် မလိုလားအပ်သော ကိစ္စများ မဖြစ်ပေါ်ရန်အတွက် နေထိုင်
သွားလာမှု ဆင်ခြင်ကြရန်နှင့် တစ်ဦးထဲ မသွားလာဘဲ အုပ်စုဖွဲ့နေထိုင်သွားလာကြရန် တိုက် တွန်းထားသည်ဟု ဖော်ပြထားသည်။




‘‘ဟိုနေ့ကလဲ မလေးရှား အစ္စလာမ်မစ်ပါတီခေါင်းဆောင် က မြန်မာသံရုံးရှေ့ ကို    ဆန္ဒပြ ပြီး မြန်မာတွေ ထွက်သွားဖို့ ပြောဆို ခဲ့တယ်။ နောက်ပြီး လှေစီးဒုက္ခသည်တွေကို လည်း မြန်မာနိုင်ငံကလက်ခံဖို့ အတွက် ပြောဆို ဆန္ဒပြခဲ့တာ။ 

အခု ရက်ပိုင်းမှာ အွန်လိုင်းတွေပေါ်မှာ လည်း သွေးထိုး လှုံ့ဆော်နေတာတွေ ရှိနေတယ်။ အဲဒါကြောင့်မြန်မာသံရုံး က သတိပေးချက် ထုတ်ပြန်တာနေမှာ"ဟု မလေးရှားနိုင်ငံရောက် မြန်မာ လုပ်သားတစ်ဦးဖြစ်သူ ကိုမြင့်သိန်းက ပြောသည်။
 
 ကြေညာချက်ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ 7Day Daily က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရသေးပါ။

From...   http://www.searchmyanmar.com/link/frame/cid/50516
 

No comments:

Post a Comment