Friday, May 29, 2015

သွေးကြောထူ သွေးကြောကျဉ်း ရောဂါ

 Yangon Media Group's photo.

 နှလုံးသွေးကြောကျဉ်းရောဂါ Coronary Artery Disease မှာ အဓိက လက်သည် က တော့ နှလုံးသွေးကြော မှာ အဆီတွေ များပြီး ထူနေတဲ့ Coronary Artery Atherosclerosis ပါ။

အသက်လေး နည်းနည်း ရလာပြီ၊ လူလေးလည်း ဝလာပြီ ဆိုရင်တော့ သွေးအဆီ ဓာတ် ကိုဖောက်ကြည့် လိုက်ရင် သွေးထဲ မှာ အဆီဓာတ်တွေ လည်း အနည်းနဲ့ အများ တက်နေတာ ကို တော်တော် များများ မှာတွေ့ကြရမှာပါ။ 

ဒါတောင် ပိန် တဲ့သူတွေကို လည်း စစ်ကြည့် လိုက်ရင် အဆီဓာတ် က တော့ များနေတာ ဖြစ် တတ်ပါတယ်။ အဆီဓာတ်တွေ များနေတာ ဆိုတာကို ပုံမှန်တွေးမယ် ဆိုရင်တော့ ဘာ ပြဿ  နာမှ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ 

ဒါ ပေမဲ့ ဒီလို အဆီတွေများတဲ့ အခါ နောက်ဆက်တွဲ ဘာ တွေဖြစ်လာသလဲ ဆိုတာကို ဒီဆောင်းပါး ကနေ တစ် ချက်လေ့လာကြည့်ကြရအောင်။


 သွေး အဆီဓာတ် များရာကနေ သွေးကြောတွေ ဘယ်လိုပြောင်းလဲ လာသလဲ 
စာရေးသူ တို့တွေ သွေး အဆီဓာတ်တွေရဲ့ အခြေအနေကိုသိချင်ရင် Lipid Profile ဆိုတာကိုစစ် ကြည့်ကြပါတယ်။ Total cholesterol အပါအဝင် မကောင်းတဲ့အဆီ LDLç Triglyceride အပါအဝင် ကောင်းတဲ့အဆီ HDL အစရှိသည်တို့ ပါဝင်ပါတယ်။ ဒီတော့ မကောင်းတဲ့အဆီတွေများပြီး ကောင်းတဲ့ အဆီ တွေနည်းနေတဲ့အခါမှာ ဖြစ်တာကတော့ သွေးကြော နံရံတွေ ထူလာတဲ့ရောဂါ Atherosclerosis (အာသရို စကယ်လ်ရိုးစစ်စ်)ပါပဲ။ 

 Yangon Media Group's photo.

စာရေးသူ တို့ရဲ့ သွေးကြောလေး တွေဟာ ပုံမှန် အားဖြင့်ဆိုရင် ကြွက်သားမျှင်တွေ ပါဝင် သလို ပျော့ပျောင်းပြီး သားရေကွင်းတွေ လိုပဲ ရှုံ့အား၊ ချဲ့ အားကောင်း ပါတယ်။ 

ဒါပေမဲ့ အဆီတွေ ပါဝင်တာ သွေး ထဲမှာ များလာတဲ့ အခါ သွေးကြောနံရံတွေ မှာ သွားကပ် တဲ့အဆီ ပိုတွေကြောင့် သွေးကြောတွေဟာ ပျော့ပျောင်း မှု မရှိတော့ဘဲ ထူလာ ပါတယ်။

ဒါတင် မကပါဘူး၊ ဒီလိုထူလာတဲ့ နံရံတွေမှာ ကပ်တဲ့ အဆီတွေ ကို ချေဖျက်ဖို့ အတွက် ထွက်ပေး တဲ့ ခန္ဓာကိုယ်ရဲ့တုံ့ပြန်ဆဲလ် Macrophages တွေ နဲ့ တခြား စုပုံ ပစ္စည်းတွေ (Smooth muscle cellsç fibroblastsç collagençetc.) ကြောင့် ထူတဲ့နေရာ မှာ သွေးကြော အခေါင်း ပေါက်ဟာ သွေး ကိုဖြောင့်ဖြူးစွာ မစီးဆင်း စေဘဲ အဖု၊ အထစ်တွေ ကို ဖြတ်ကျော်နေ ရတာမျိုးကိုဖြစ်စေပါတယ်။

ဒီလို သွေးစီး ရာ သွေးကြော အခေါင်းပေါက် ဘက်ကို ဖု ထွက်နေ တဲ့ အဆီဖုလေးတွေ ကိုတော့ Atheroscelerotic Plaque လို့ခေါ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို အများ အပြား ဖြစ်ပေါ်စေတတ်ပါတယ်။

 သွေးကြော နံရံတွေ ထူလာတာ၊ အတွင်းထဲ မှာ အဆီဖု လေးတွေ ရှိလာတာကြောင့် ဘာတွေ ဆက်ဖြစ်သလဲ
သွေးကြော နံရံ တွေထူ လာတာ Artheros-clerosis ဖြစ် တာကြောင့် သွေး စီးဆင်း တဲ့ လမ်းကြောင်း တွေ မှာ ပိတ်ဆို့မှုတွေဖြစ်တတ်ပါတယ်။


တစ်နည်း အား ဖြင့် ဆိုရရင်တော့ သွေးစီးရာမှာ လည်း ပုံမှန်လိုချောမွေ့ မနေတော့ပါဘူး။ ဒါတင် မကဘဲ သွေးကြောတွေမှာ သွေး ဖိအား ပိုများ လာတာဖြစ်ပြီး သွေးပေါင်ချိန် တက် တာတွေ ဖြစ်လာတတ်ပါတယ်။

 နောက်ဆက်တွဲ အားဖြင့်လည်း ခန္ဓာကိုယ်  အနှံ့အပြား က အတွင်း အင်္ဂါ Target Organs တွေ ဆီကို သွေးလျှောက်အား ပုံမှန် မဟုတ်တဲ့ အတွက် အောက်ဆီဂျင် ဓာတ်တွေ လည်း လျော့နည်း လာတာဖြစ် တတ်ပါတယ်။ 

ဒီအခါမှာ အဓိက အားဖြင့် လက္ခဏာ ပြပြီး ဒဏ်ခံရတာ ကတော့ နှလုံးသွေးကြောကျဉ်းရောဂါ ပဲဖြစ်ပါတယ်။ အမောဒဏ် မခံနိုင်ဘဲ ရင်ဘတ်က အောင့် အောင့်နေ တတ်ပြီး နိုက်ထရော လို ဆေးမျိုး ငုံလိုက်မှ သက်သာ ပါတယ်လို့ ဆိုသူတွေရဲ့ Stable Angina လို ရောဂါမျိုးတွေ မှာ သွေး အဆီဓာတ် များပြီး သွေးကြော နံရံတွေထူတဲ့ Atherosclerosis ဟာ အဓိက ကုသသင့် တဲ့ လက်သည် တစ်ခုဖြစ်ပါတယ်။

ဒီလို သွေးကြောကျဉ်း စေတဲ့ Atherosclerosis ကြောင့်လည်း လမ်း လျှောက်ရတာ မကောင်း ဘဲ လျှောက် တာကြာရင် နာလာတဲ့ Intermittent claudication ဖြစ်တတ် ပါတယ်။ ဆေးလိပ် သောက်တာ များတဲ့သူ တွေမှာ ပိုလို့တောင် ဖြစ်တတ်တာ ကို တွေ့ နိုင် ပါတယ်။

ဒါတွေ ကတော့ Athe-rosclerosis က နေဖြစ်တတ်တဲ့ အရေးပေါ် မဟုတ် နိုင်တဲ့ရောဂါလက္ခ ဏာ တချို့ပါ။ တစ်ခါ တစ်ရံ မှာတော့ ဒီလို သွေးကြောကျဉ်း စေတဲ့ အဆီဖု Artherosclerotic plaque တွေဟာ အသက်အန္တရာယ် ရှိလောက်တဲ့ အထိ ဒုက္ခပေးတတ်ပါတယ်။

ဘယ်လိုပေးသလဲ ဆိုရင်တော့ ဒီလို အဆီဖုတွေ ဟာ ပေါက်ထွက် သွားမယ်၊ သွေးခဲဖြစ် မယ် ဆိုတာ ကနေ စဖြစ်နိုင်တာ ပါပဲ။ ဒီ အခါမှာ Artherosclerotic plaque ၊ ပေါက်ထွက် လို့ သွေးခဲ(Thrombosis) အ နေနဲ့ ဖြစ်သွားတာနဲ့vမရပ်ဘဲ အဲဒီသွေးခဲvဟာ ခဲတဲ့နေ ရာ ကနေ ပြုတ်ထွက်ပြီး သွေးလမ်းကြောင်း တစ်လျှောက် သွားပြီးတော့ အရေးကြီး တဲ့သွေးကြောတွေ မှာ ထပ်ဆင့် သွားပိတ်နိုင်ပါတယ်။ 

ဒီလို ပိတ်တဲ့အတွက် အပိတ် ခံရ တဲ့နေရာပေါ်မှာ မူတည်ပြီး အသက် အန္တရာယ်ဖြစ်စေ နိုင်တဲ့ အခြေအနေ ရောက်သွားတတ်ပါတယ်။

ဥပမာ အားဖြင့် Heart Attack လို့ခေါ်တဲ့ နှလုံးပုပ် သွားတဲ့ Myocardial Infarction လို၊ ဒါမှ မဟုတ် ဦးနှောက် သွေး ငတ်ပြီး လေဖြတ် တဲ့ Ischaemic Stroke လိုမျိုးတွေ ဖြစ်စေနိုင်တာ မို့ သွေးထဲ မှာ အဆီ များတယ်၊ သွေးကြော ကျဉ်းတဲ့ Atherosclerosis ကို လျှော့မတွက် သင့်ပါဘူး။
 
ဘယ်လို လူမျိုးတွေ ဟာ သွေး ကြောတွေ ထူတဲ့ Atheroscle-rosis ပိုဖြစ်တတ် သလဲ


အကြမ်းဖျင်း အားဖြင့်တော့ Atherosclerosis ပိုဖြစ်နိုင် သူတွေ ဟာ
- ဆေးလိပ်သောက်သူများ
- အဆီဓာတ် များကို အလွန်အ ကျွံ စားသုံးသူများ
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများ
- ဆီးချို၊ သွေးချိုရောဂါ ရှိသူများ
- သွေးတိုးရောဂါ ရှိသူများ
- သွေးတွင်း အဆီဓာတ် များသူများ တို့ပဲ ဖြစ်ပါတယ်။


(ဒါတွေကို ကြည့်လိုက်ရင်တော့ သွေးတွင်း အဆီဓာတ် များတာ တစ်ခုတည်းကြောင့်ပဲ Atherosclerosis ဖြစ် တယ် ဆိုလို့ မရနိုင်တာကို တွေ့ရပါလိမ့်မယ်။ 

တခြား သောရောဂါတွေ နဲ့ပါ တွဲဖက်ဖြစ်နေတတ်တယ် ဆိုတာ ကို သတိပြုသင့်ပါတယ်။)

Atheros clerosis ကို ဘယ်လို ကုသသင့်သလဲ
ဒီလို သွေးစီး ဆင်းမှု ကို အ နှောင့် အယှက် ဖြစ်စေတဲ့ Athero- sclerosis ကို ကုသတယ် ဆို တာဟာ ရေရှည် ကုသ ရပါတယ်။ ရှိပြီး သားရော ဂါကြောင့် နောက်ထပ် ဆိုးကျိုးတွေ ထပ် မဖြစ် လာအောင် ကာကွယ် ပေးရတာ ပဲဖြစ်ပါ တယ်။


ဒီလို ကာ ကွယ်မှု အထမြောက်စေဖို့ ကတော့ ဖြစ်စေ နိုင်တဲ့ အချက်အလက် တွေကို ထိရောက်စွာ ကာကွယ် မယ်၊ ရှိပြီးရင် လည်း ဂရုတစိုက် ကုသ ရတာပါပဲ။

ဥပမာအားဖြင့် ဆိုရရင် ဆီးချို  ရှိသူတွေ ဟာ အချိုဓာတ် ကို အလွန်အကျွံ မများစေဘဲ ဂရု တစိုက် စည်း စနစ် ကျကျ ကုသမှု ခံယူပေးတာ၊ ဆေးလိပ်ဖြတ်တာ၊ ကိုယ်လက်လှုပ်ရှားမှု များများ ပြုလုပ်ပေးတာ၊ သွေးတွင်း များနေတဲ့ အဆီဓာတ်တွေ ကို သွေး အဆီချဆေးတွေ နဲ့ သေချာ သုံးစွဲ ကုသပေးတာ အစ ရှိတဲ့ သင့်တော် သလို ကုထုံးတွေနဲ့ လိုက်လျော ညီထွေဖြစ်စေမှ သာ Atherosclerosis ဟာ ဆိုးကျိုးနည်းမှာဖြစ်ပါတယ်။
ကုသမှု အ ထမြောက်စေ မှာဖြစ်ပါတယ်။ 

ဒါကြောင့် အချိန်မတန် ခင် မဖြစ်သင့်တာ မဖြစ် ရလေအောင် သွေးကြောလေး တွေ ကျန်း မာအောင်၊ ကိုယ်ကိုယ်တိုင် လည်း ကျန်းမာအောင် ဂရုပြုပြီး ကြိုတင် ကာကွယ်ကြပါလို့ တိုက် တွန်းရင်း သွေး အဆီဓာတ်များ တာ၊ သွေးကြော ထူတာ၊ သွေးကြောပိတ် တာနဲ့ပတ်သက်ပြီး ဒီဆောင်းပါးလေးကို စာရေးသူအ နေနဲ့ ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။





| နေခြည် (ဆေး-၁) |
#‎TheFlowerNews‬

www.facebook.com/YangonMediaGroup www.yangonmedia.com


No comments:

Post a Comment