Saturday, June 24, 2017

ကုပ် ကျီးပေါင်း တက်ခြင်း



မွေးကင်းစ ကလေး တစ်ယောက်မှာ အရိုးပေါင်း ၂၇ဝ လောက် ရှိပါတယ်။ အသက် အရွယ် တစ်ဖြည်းဖြည်း ရလာတော့ အရိုးတွေ တစ်ခုနဲ့ တစ်ခု ပေါင်းစပ်လာပြီး နောက်ဆုံးမှာ ၂ဝ၆ ရိုး လောက်ပဲ ကျန်တော့ တယ်။ 

ဒီအထဲမှာမှ လူ့ ခန္ဓာကိုယ် တစ်ခုလုံးကို ထောက်ပံ့ ထားတဲ့ အဓိက အရိုး ကတော့ ကျောရိုးဆစ် မကြီး ( Spinal Column ) ဖြစ်ပါတယ်။ ကျောရိုးဆစ် ဆိုတာ အရိုးဆစ် ပေါင်း ၃၃ ခုနဲ့ တွယ်ဆက် ထားပြီး ကုပ်ကနေ မြီးညောင်းရိုးထိ ၂၈ လက်မ လောက် ရှည်တယ်။ 

ခန္ဓာကိုယ် လှုပ်ရှား မှုအတွက် အရေးကြီးတဲ့ အရိုးဖြစ် သလို ဒုက္ခ အပေးနိုင်ဆုံး အရိုးလဲ ဖြစ်တယ်။ ခန္ဓာဗေဒကို လေ့လာ ကြည့်ရင် အရိုးတွေဟာ အုတ်ခဲတွေ စီထားသလို တစ်ခု နဲ့ တစ်ခု ထပ်နေတယ်။

ကြားထဲမှာ အင်္ဂတေလိုမျိုး ကြားခံ Intervertebral Disc ဆိုတာက ခံပေးထား ရတယ်။ ကူရှင် သဘော ဖိအား ကို အလိုက်သင့် ထိန်းပေးဖို့ ဖြစ်ပါတယ်။ အရိုးတွေကို တည်ငြိမ် နေအောင်၊ မြဲမြံနေအောင် တွယ် ဆက် ပေးရတာက အရွတ်တွေ ဖြစ်ပါတယ်။ 


အဆစ်ကတော့ လှုပ်ရှား နိုင်အောင် ပြုလုပ်ပေး သလို လှုပ်ရှားမှု ကိုလဲ ကန့်သတ် ပေးတယ်။ ကြွက်သား  တွေကတော့ အရိုးအဆစ် တွေရဲ့ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ကျောရိုးဆစ် တွေရဲ့ အလယ် မှာ Spinal Cord ခေါ်တဲ့ အာရုံ ကြောမကြီး တစ်ချောင်းက ဖြတ်သွားတယ်။ အဲဒီ ကျောရိုးမရဲ့ တစ်ဖက် တစ်ချက်စီက ထွက်လာတဲ့ အာရုံကြော သေးသေးလေး တွေက ခံစားမှုနဲ့ လှုပ်ရှားမှုကို ဖြစ်စေတယ်။

အသက်အရွယ် ကြီးရင့် လာတဲ့အခါ အရိုးတွေ ကြားမှာရှိတဲ့ Intervertebral Disc ကြားခံလွှာက ကြွပ်ဆတ် လာတယ်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံ ထားရ တာကြောင့် ကြားခံလွှာက ပြားချပ် လာပါတယ်။ ရလဒ် ကတော့ အဆစ်တွေ ကျွံပြီး အထဲမှာရှိတဲ့ ကျောရိုးမ (သို့မဟုတ်) ကျောရိုးက ထွက်လာတဲ့ အာရုံကြော တွေကို သွားဖိပြီး ကျီးပေါင်းရဲ့ လက္ခဏာ တွေ ခံစား လာရတယ်။


ကုပ်မှာဖြစ်ရင် ကုပ်ကျီးပေါင်း ( Cervicalspondylosis ) လို့ ခေါ်ပါတယ်။ ကျီးပေါင်းကြောင့် လက်ပြင်အောင့် သလို တင်းပြီး နာကျင် နေတတ်တယ်။ ပခုံးကနေ လက်ချောင်းတွေ ထိ အပ်နဲ့ ထိုးသလို တစ်ဆစ် ဆစ် ထုံကျင် နေတာလဲ ရှိတယ်။ ဘယ်ဘက် လက်မှာ ဖြစ်ရင် နှလုံးရောဂါနဲ့ မှားတတ်တယ်။ 


ကုပ်ကျီးပေါင်း ကနေ အာရုံကြောမ Spinal Cord ကို သွားထိရင် Cervical Myelopathy ဆိုတာ ဖြစ်လာတယ်။ ရောဂါက ပိုဆိုး လာတယ်။ ကျောရိုး အထက် အာရုံကြော အရင်းပိုင်းကို ထိခိုက်လို့ ခန္ဓာကိုယ် အောက် ပိုင်းမှာ အားနည်း လာတယ်။ 

အထူးသဖြင့် ကျောရိုးက ထောက်ပံ့တဲ့ ခြေထောက်ရဲ့ လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုကို ထိခိုက် စေတယ်။ ခြေထောက် အားယုတ် လာသလို ဖြစ်ပြီး အကြောတွေ တောင့်တင်း လေးလံလာတယ်။ လမ်းလျှောက်ပုံ မမှန်ဘဲယိမ်းယိုင် နေတယ်။

ဖြစ်တဲ့ ပုံစံက ဒူး အဆစ်ရောင် တာနဲ့လဲ မှားတတ်တယ်။ ညဘက် ဆီး မကြာခဏ သွားတာ ကျောမှာ ရှိတဲ့ အာရုံကြောမ ကြီးပေါ် သက်ရောက်မှု ကြောင့် ဖြစ်ပါတယ်။ မကုဘဲ ထားရင် နောက်ပိုင်းမှာ ဆီး၊ ဝမ်း မထိန်းနိုင် တာမျိုးထိ ဖြစ်လာ တတ်တယ်။ ကုသနည်းတွေက ရောဂါ လက္ခဏာ ပေါ်မူတည်ပြီး ကွဲပြား သွား တယ်။ 



လေဖြတ် မည့် ရှေ့ပြေး လက္ခဏာ (၁၀) ချက်



၁။ ဦးခေါင်းနောက်စေ့ တွင် ခေါင်းကိုက် ခြင်း၊ မကြာ ခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ လက် တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)


၃။ မျက်ခွံနှင့် မျက်နှာကြွက်သား တို့ ဆတ်ခနဲ လှုပ်ခြင်း၊ အသားကွက် ၍ တစ်ဆတ်ဆတ် လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)


၎။ မကြာ ခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)
၅။ ညအိပ် ချိန် ကျဉ် ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)


၆။ ဆီး အနီရောင် သွားခြင်း။
(Redness discolouration of urine)


၇။ ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊ မကြာ ခဏ လွတ်ကျ တတ်ခြင်း။
(Freguent fall down of objects when bandling)


၈။ ဘယ်ဘက် လက် ကိုက်ခဲပြီး လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ ဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)




Friday, June 23, 2017

အမေက ကျမကို လူကြီးတစ်ယောက်နဲ့ လိင်ဆက်ဆံဘို့ ရောင်းခဲ့တယ်



ထိုင်းနိုင်ငံမှ အသက် ၁၂ နှစ် အရွယ်သာ ရှိသေးတဲ့ ကျောင်းသူလေးတစ်ဦး ဟာ  သက်ကြီးရွယ်အို အမျိုးသားတစ်ဦး နဲ့ လိင်ဆက်ဆံဖို့  မိခင်ရဲ့ ရောင်းချခြင်းကို ခံခဲ့ရပါတယ်။ 

“ကျမ လိင်ဆက်ဆံမှုပြုလုပ်တဲ့ တစ်ကြိမ်ကို ဘတ် ၅၀၀ ရပါတယ်။ ကျမ အမေ့ ကို ငြင်းလိုက်ရင် ရိုက်ခံရလိမ့်မယ်။ ကျမ ကြာရှည်သည်း မခံနိုင်တော့ပါဘူး”  ဒီအဖြစ်အပျက်ဟာ အလွယ်တစ်ကူပေါ်ပေါက်လာခဲ့တာတော့ မဟုတ်ပါဘူး။ 

အဲဒီ ကျောင်းသူကလေးဟာ ကျောင်းကရေးခိုင်းတဲ့ အက်ဆေးတစ်ပုဒ်ထဲမှာ သူ့ရဲ့ ဘ၀ အကြောင်း ကို ထည့် သွင်းရေးသားခဲ့ရာကနေ ပေါ်ပေါက်လာခဲ့ရတာလို့ ထိုင်း ဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်  သတင်း တပုဒ် မှာ ဖော်ပြပါတယ်။ 

မိခင်က သူ့ကို ရောင်းချပြီး လိင်ဆက်ဆံစေခဲ့သူ အမျိုးသားဟာ ဘန်ဂလာမန် ခရိုင်တွင်းမှ အစိုးရ အာဏာပိုင်အဖွဲ့ တစ်ဖွဲ့က ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းသူ မိန်းကလေး ရဲ့ ကျောင်းမှ ဆရာမက ရဲတွေကို အသိပေး အကြောင်း ကြားခဲ့ပြီးနောက်မှာတော့ အမှုကို စုံစမ်းဖော်ထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။

 ကျောင်းသူ မိန်းကလေးဟာ နောက်ပိုင်းမှာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်ကို ထွက်ပြေးခဲ့ပြီး သူငယ် ချင်း ရဲ့ မိခင်ဖြစ်သူက ပ၀ီနာ ဟောင်ဆာကားလ် လူမှုရေးဖောင် ဒေးရှင်းနဲ့ ဆက်သွယ် အကူ အညီတောင်းခံပေးခဲ့တာပါ။ 


Saturday, June 17, 2017

အကြီးအကျယ် လာဘ်စားနေကြသူများ



တစ်ကယ်လို့ များ ဂျပန်မှာနေတဲ့အမျိုး တစ်ယောက်က Alphard 2005 2.4 ကား တစ်စီး လက်ဆောင်ပေးခဲ့သည်ရှိသော်.....

Custom Duty ကြေး ဆောင်ရမှာက 41 သိန်း ၊
ကညန အခွန်က ၃၅.၅သိန်းကျော် ၊
စလစ် က ၁၀၅ သိန်း ၊
Total - 180 သိန်း လောက် ကုန် တယ် ။

သိန်း ၁၈၀ ဆိုတာ သဘောင်္ခ ကျန်သေးတယ်။ ထည့်မတွက်ထားဘူး။ ကားထုတ်တဲ့companyတောင် မြန်မာပြည်လောက် မမြတ်ဘူး။။ သူများနိုင်ငံက ၁၀ သိန်းလောက် ကားကို သိန်း၂၄၀ လောက်ပေးစီးနေရတာ။အသစ်လည်းမဟုတ်ဘူး။

အဲ့ဒီလို မြတ်လို့  အကောက်ခွန်ဌာန နဲ့အဆောက်ဦးတွေ တိုးတတ်လာ လား။ ကညန ဌာနကြီး တိုးတက်လာပြီး e- department ဖြစ်လာပြီလား ။နိုင်ငံတော်က အဲ့ဒီက ရတဲ့အခွန်နဲ့ လမ်းတွေ ခင်းနေပြီးသွားရေးလာရေး ကောင်းမွန်ပြီလား။


အဖြေကတော့ နိုးပါ။ အကောက်ခွန် ဌာန ဝန်ထမ်းတွေ ချမ်းသာနေတယ်။

အဂတိ ကြောင့်။ အကောက်ခွန်ရုံးတွေ အဆောက်ဦးတွေ စုတ်ပျတ်သတ်နေတာဘဲ။ ကညန ကောဘာထူးလဲ။ ကညန အဆောက်ဦး ဝန်းတွေဟာ စုတ်ပျက်သတ်နေတာပါဘဲ။ မိုးတွင်းဆို ရွှံတွေနဲ့။ ကိုယ်တွေ ကားတွေ လိုင်စင် ဝင်ပြီးပြန်လာရင် ညစ်ပတ်နေတာပါဘဲ။

ဒါပေမယ့် အဲ့ဒီရုံးတွေမှာသာ ညစ်ပတ်နေတာ အဲ့ဒီရုံး က လူကြီးတွေ အိမ်တွေ ကတော့ နန်းတော် လား အောက်မေ့ရတယ်။ နိုင်ငံကလည်း တစ်ဖြေးဖြေး ချွတ်ချုံကျနေပြီ။

လမ်းတံတားတွေ ဆိုတာလည်း နိုင်ငံတော့်က ရတဲ့အခွန် နဲ့ခင်းဖို့ နေနေ သာသာ မပြီးဆုံးနိုင်သော လမ်းတံတားကြေးဂိတ်တွေကလည်း ပလူပျံနေတာ။

ပေါ်ဦး ကြားဖူးတာက တရုတ်ပြည်လို ကွန်မြူနစ်နိုင်ငံမှာတောင် အစိုးရက လမ်းမခင်းဘူး။ BOT ချပေးတဲ့Companyက လမ်းကို ကွာလတီပြည့်အောင် စာချုပ် နဲ့ ဘယ်နှစ် နှစ် အာမခံဆိုပြီး ခင်းပေးရတယ်။



Friday, June 16, 2017

ကုန်းလမ်း (မြ၀တီနယ်စပ်) ကနေ ကားသွင်းမယ်ဆိုရင်



 ပြီးခဲ့တဲ့ ရက်က ကျွန်တော် မြ၀တီ၊ မဲဆောက်ဘက်ကို လေ့လာဖို့သွားခဲ့ပါတယ် ။ အဓိက သိချင်တာက ကျွန်တော် တို့ ပုံမှန် ရေလမ်းကနေ ကားသွင်းတာထက် ကုန်းလမ်း (မြ၀တီ) ကနေသွင်းရင် ကုန်ကျစရိတ် သက် သာတယ်၊ ကာစတမ် ကလည်း ရန်ကုန်လောက် မကျပ်ဘူးလို့ သိရတဲ့အတွက်ပါ။ (ဒါပေမယ့်ငွေ လမ်း ခင်းရတာ နောက်မှ သိတယ် ။ 

မြ၀တီ နယ်စပ်ကတော့ အားလုံးသိတဲ့ အတိုင်း တရားမ၀င် Without ကားတွေ မြန်မာဘက်ကို အလုံး အ ရင်းနဲ့ဝင်ရောက်နေတဲ့ အဓိက နယ်စပ်ပါ။ ဒီလုပ်ငန်း လုပ်ကိုင်သူတွေက ပန်ချာပီတွေ များပါတယ်။ နိုင်ငံခြား သားတွေပါ။ ထိုင်း မှာ ဗီဇာနဲ့နေထိုင်လုပ်ကိုင်ကြပါတယ်။ 

ဂျပန်ကနေ ကားမျိုးစုံ မှာယူပြီး ထိုင်းနိုင်ငံ လန်ချဘန် ဆိပ်ကမ်းမှာ ကွန်တိန်နာ ချပါတယ်။ အဲဒီကနေ ပေ ၄၀ ကွန်တိန်နာတွေကို မဲဆောက်ဘက် မောင်းလာပြီး ကားတွေ ချပါတယ်။ ညနေပိုင်း မြန်မာ အချိန် ၃း၃၀ လောက်က စလို့ မြန်မာဘက်ကို ပို့ပါတယ်။ ဒါကတော့ တရားမ၀င်ဈေးကွက်ပါ။

တရားဝင် သွင်းကုန် ပါမစ်နဲ့သွင်းတဲ့ အခါကျတော့ ဂျပန် ကနေ ရန်ကုန်ကို ကားတင် သင်္ဘော( RoRo Ferry) နဲ့ တင်ပို့ကြပါတယ်။ အချို့ကလည်း အရင်တည်း ရန်ကုန်ကို တိုက်ရိုက် သင်္ဘော မတင်ခိုင်းပဲ ထိုင်း ကို ကွန်တိန်နာ နဲ့ ပို့ခိုင်းပါတယ်။ ပြီးတော့ သွင်းကုန် ပါမစ်လျှောက်ရာမှာ ကုန်းလမ်း ပါမစ်လျှောက်ပြီး ဂျူတီဆောင်၊ တရားဝင်သွင်းပါတယ်။

ကျွန်တော် ကတော့ အဓိက mini truck, light truck တွေ သွင်းဖို့စုံစမ်းတာပါ။ လုပ်ငန်းစဉ် ကတော့ ထုံးစံအတိုင်းလေလံဆွဲ၊ ပြီးရင် ကွန်တိန်နာ နဲ့ ထည့်ပြီး ထိုင်းနိုင်ငံ လန်ချဘန်ကို ပို့ပါတယ်။ ကွန်တိန်နာ သင်္ဘောခ က ပေ ၄၀ ကို ယန်း ၆၀၀၀၀ လောက်သာ ရှိပါတယ်။ ကွန်တိန်နာထဲ ထည့်ခတော့ ပေးရပါတယ်။ 

ကျွန်တော်တွေ့ခဲ့တာဆိုရင် ပေ ၄၀ ထဲမှာ ခွေးဘီလူး မီနီထရပ် ၇ စီး အထိ ထောင်ပြီးထည့်ပါတယ်။ ဒီအတွက် ဂျပန် ကနေ ယိုးဒယား အထိ သင်္ဘောခ သက်သာပါတယ်။ လန်ချဘန်မှာ သင်္ဘော ချပြီးရင် အဲဒီကနေ မဲဆောက် အထိက ပေ ၄၀ တစ်လုံးကို ဘတ် ၄၀၀၀၀ လောက်ပေးရပါတယ်။ ( ကျပ် ၁၆ သိန်းလောက်ပါ) ။ 

မဲဆောက် ကျတော့ ကွန်တိန်နာ က ထုတ်တဲ့ ကုန်ကျစရိတ် ရှိပါတယ်။ ကမ်းကူးတာက တစ်စီး ဘတ် ၄၂၀၀ လောက်ရှိပါတယ်။ အမှန်က တရားဝင် လိုင်စင်နဲ့ဆိုရင် တံတားကနေ မောင်းလာလို့ ရပေမယ့် စာရွက်စာတမ်း လုပ်ရတာနဲ့ကုန်ကျစရိတ်နဲ့ သိပ်မကွာတဲ့ အတွက် အများစုက အောက်လမ်း ကနေပဲ without လိုပဲ ကူးကြတယ်လို့ သိရပါတယ်။



Sunday, June 11, 2017

မြန်မာနိုင်ငံသားများ အတွက်



မြန်မာနိုင်ငံသားများ အတွက်....
(1) ဗီဇာမလိုသော နိုင်ငံများ (Visa not required)
(2) ဆိုက်ရောက်ဗီဇာ (Visa on arrival)
(3) ဗီဇာလျှောက်ထားရန်လိုသော နိုင်ငံများ (Visa required) များကိုဖော်ပြပေးလိုက်ပါတယ်


ဗီဇာ မလိုသော (Visa not required) နိုင်ငံများ
-------------------------------------------------
1. ထိုင်း (Thailand) (14 Days)
2. လာအို (Laos) (14 Days)
3. ကမ္ဘောဒီးယား (Cambodia) (14 Days)
4. ဗီယက်နမ် (Vietnam) (14 Days)
5. ဘရုနိုင်း (Brunei) (14 Days)
6 စင်ကာပူ (Singapore) (30 Days)
7. ဖိလစ်ပိုင် (Philippine) (30 Days)
8. အင်ဒိုနီးရှား (Indonesia) (30 Days)
9. မောလ်ဒိုက်ဗ် (Maldives) (30 Days)
10. Dominica (21 Days)
11. Saint Vincent and the Grenadines (1 Month)
12. Micronesia (30 Days)
13. Ecuador (90 Days)
14. Haiti (90 Days)
========================


ဆိုက်ရောက် ဗီဇာ (Visa On Arrival) လျှောက်ထားနိုင်သော နိုင်ငံများ
--------------------------------------------------------------------------
1. Madagascar (90 Days)
2. Mauritania (60 Days)
3. Mauritius (14 Days)
4. Mozambique (30 Days)
5. Nepal (နီပေါ) (90 Days)
6. Nicaragua
7. Sri Lanka (သီရိလင်္ကာ)
8. Tanzania (3 Months)
9. Timor-Leste (အရှေ့တီမော) (30 Days)
10. Togo (7 Days)
11. Tuvalu (1 Month)
12. Uganda (3 Months)
13. Zambia (Up to 90 Days)
14. Bolivia (90 Days)
15. Cape Verde
16. Comoros
17. Djibouti
18. Guinea-Bissau (90 Days)
19. Iran (15 Days)
20. Armenia (120 Days)
21. Kuwait (3 Months)
22. Seychelles (1 Months)
23. Somalia


ဒေါက်...ဒေါက်...ဒေါက်



လောကကြီးမှာ ‘ မင်္ဂလာ ’ နဲ့ ‘ အမင်္ဂလာ ’ နှစ်ခု ယှဉ်တွဲ တည်ရှိနေတဲ့နေရာကို ပြပါ ဆိုရင် တစ်နေရာပဲပြ စရာ ရှိပါတယ် ၊ အဲ့ဒီနေရာ ကတော့ ‘ ဆေးရုံ ’ ပါပဲ  ။  ဟုတ်ပါတယ် များသော အားဖြင့် ဆေးရုံ မှာ လူတွေ မွေး ဖွားကြသလို ဆေးရုံမှာပဲ လူတွေ သေဆုံးကြတယ် ။ 

ဆေးရုံမှာ လူသားတွေ ရောဂါမျိုးစုံကို ဆေး ကုသပြီး ပြန်ကောင်းမွန်လာကြတယ် ၊ ဆေးရုံ မှာပဲ လူတွေ
ဝေဒနာတွေနဲ့ သေဆုံး သွားခဲ့ကြရတယ် ။ ဒါကြောင့် ဆေးရုံ ဆိုတာ ပျော်စရာ ၀မ်းမြောက်စရာ ကြည်နူး ဖွယ်တွေနဲ့ ပြည့်စုံနေပြီး မင်္ဂလာ ရှိတဲ့ နေရာဖြစ်သလို ၊  စိတ်မကောင်းစရာ ၊ နာကျင်စရာ ၊ ၀မ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု မဟုတ်လား … ။

'မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား' ဆိုတဲ့ ဆိုရိုး စကား က အလကားဖြစ်လာတာ မဟုတ်ပါဘူး ။
လူသားတွေ ခံစားနေရတဲ့ ဝေဒနာ အမျိုးမျိုးကို စိတ်ရော ကိုယ်ပါ နှစ်ပြီး ကုသပေးနေတဲ့ ဆရာဝန်တွေ ၊ သူနာပြုတွေ ဆိုတာကလည်း လူသားတွေပဲမဟုတ်လား ၊ လူသား မှန်ရင် မသေရိုး ဘယ်ရှိနိုင်ပါ့မလဲလေ . ။

လူတွေက သေဆုံးပြီးနောက်ပိုင်းမှာ တစ်ချို့တွေက ကိုယ် အသက်ရှင်စဉ်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ် ကံ အလိုက် ဘုံဘ၀တွေ ကွဲပြားပြီး ပြန် ဖြစ်တည် လည်ပတ်နေပြီး ၊ တစ်ချို့ကတော့ သေဆုံးခါနီး အစွဲ အလမ်းတွေကြောင့် မိမိ စွဲလမ်းတဲ့ အရာဝတ္တု ၊ လူ ၊ နေရာဒေသ စတာတွေရဲ့ အနီးပတ်ဝန်းကျင်မှာပဲ
ပြိတ္တာ ဘုံသားအဖြစ် ပြန်လည် ဖြစ်တည်နေတတ်တယ်။

စာဖတ်သူတို့ ၀န်းကျင်မှာလည်း ပရလောကသားတွေ တည်ရှိနေသလို အခု စာရေးသူ ကျွန်တော့် အနီးမှာလည်း ပရလောကသားတွေက တည်ရှိနေမှာ မလွဲ … ။

ကျွန်တော်တို့က လူသာမန်တွေဖြစ်တဲ့ အတွက်ကြောင့် မြင်နိုင်စွမ်းမရှိကြဘူးလေ ၊ သို့ပေမယ့် ကံနိမ့် တဲ့အခါ ဒါမှ မဟုတ် အကြောင်း တိုက်ဆိုင် တဲ့ အခါမျိုးမှာတော့ ပရလောကသားတွေရဲ့ ရုပ် ၊ အသံ စတာတွေကို မြင်ရကြားရတတ်တယ် ။

သူတို့တွေ ဒီလို ဆက်သွယ် လာတာကို ကျွန်တော် ဥာဏ်မှီသလောက် သုံးသပ် ကြည့်ရရင် တစ်ချို့ ပရလောက သားတွေက ကျွန်တော်တို့ကို ခြောက်လှန့်ချင်ကြသလို ၊ တစ်ချို့က ဒီလို ဘ၀ဆိုးကြီးက ကျွတ်ချင် လွတ်ချင်ကြလို့ ဖြစ်တယ် ။

အဲ… တစ်ချို့က ကြတော့ တစ်မျိုးဗျ ဘယ်လိုမျိုးလည်း ဆိုရင် အခုပြောပြမယ့် တတိယ အမျိုးအစား ပရလောက သားတွေက သူတို့ မသေဆုံးခင် လူ့ဘ၀က ပြုမူ လှုပ်ရှားခဲ့သလိုမျိုး အခုရောက်ရှိ ဖြစ်တည်နေတဲ့
ပရလောက (ပြိတ္တာဘုံသား ဘ၀) မှာလည်း ဆက်ပြီး လုပ်ဆောင် ပြုမူနေကြတုန်းပဲ ။

Friday, June 9, 2017

Y-8 လေယာဉ် ပေါ်ပါသွားသူ အချို့ရဲ့ ဘဝတွေကို ဆရာဝန်ကြီး တစ်ဦးမှ ကြေကွဲမှု အပြည့်နဲ့ ဖွင့်ဟပြောကြား



ဇွန်လ (၇)ရက်နေ့က ပျက်ကျသွားခဲ့သော တပ်မတော် ပို့ဆောင်ရေး လေယာဉ် Y-8 ပေါ်တွင် လိုက်ပါသွားခဲ့သော သူများထဲတွင် ကျန်းမာရေး ကိစ္စများနှင့် ပက်သက်ပြီး ရန်ကုန်မြို့ သို့ လိုက်ပါခဲ့ကြသည့် စစ်သည်တော် မိသားစုဝင် များလည်း ပါဝင်ခဲ့ကြသည်။
လေယာဉ် မတော်တဆ ပျက်ကျခဲ့ရမှုတွင် ပါဝင်ခဲ့သော လူနာ များအား အနီးကပ် စောင့်ရှောက် ကုသပေးခဲ့ရသူ သားဖွားမီးယပ် ပါရဂူ ဆရာဝန်ကြီး တစ်ဦးမှ သူ၏ လူနာ များ အဖြစ်ဆိုးနှင့် ကြုံဆုံခဲ့ရမှုကို ကြေကွဲဝမ်းနည်းကာ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လူနာ များ၏ လေယာဉ်ဖြင့် ခရီးသွားရန် ဖန်လာခဲ့သည့် အကြောင်းကို ဝမ်းနည်းကြေကွဲစွာဖြင့် ရေးသားဖော်ပြခဲ့သည်။
ကျနော့ရဲ့ လူနာ ကိုယ်ဝန်ဆောင် တစ်ယောက် AN care မှာ USG ရိုက်လိုက်တော့ Cystic mass arising from the fetal head and neck လို့တွေ့တယ် ။ ဒီဆေးရုံမှာ  ကျနော် သူ့အတွက် ပိုကောင်းလာအောင် ဘာများလုပ်ပေးနိုင်မလဲလို့ စဉ်းစားကြည့်တော့ ဘာမှမလုပ်ပေးနိုင်ဘူး။
ဒါနဲ့ လူနာကို အကျိုးအကြောင်း ရှင်းပြတယ် ။ ရန်ကုန်မှာတော့ ဆရာတို့ဆေးရုံထက် ပိုကောင်းတဲ့ကုသမှု ရနိုင်တယ်၊ သမီး ကို ရန်ကုန်လွှဲပေးမယ်ပြောတော့ သူ မသွားချင်ရှာဘူး ။ ယောက်ျားကလည်းရှေ့တန်းမှာ သူတစ်ယောက်ထဲ ဖြစ်ပါ့မလားတဲ့။

လောလောဆယ်တော့ ဘာရောဂါလဲ ဆိုတာပဲ အရင်ရှာဖွေရမှာ မွေးတာ မဟုတ်သေးတဲ့ အတွက် လူနာစောင့်မပါလည်း ကိစ္စမရှိဘူး၊ နောက်မှယောက်ျားကို ခွင့်ယူပြီးလိုက်ဖို့ခေါ်လိုက်လို့ ပြောတော့ သူ့ဘာသာသွားဖို့ စာရိတ်စားကလည်း မတတ်နိုင်တော့ စစ်လေယာဉ် နဲ့ပဲ တင်ပေးလိုက်ရတယ်။
ကျနော် စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။ တစ်ကယ်ကို ခံစားရပါတယ်။ ငါဘာလို့ သူ့ကို လွှဲမိတာလဲလို့ နောင်တ ရ ရပါတယ်။ သူမသွားချင်ရှာဘူး၊ သူ့ကလေးအတွက် ပိုကောင်းလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုကြောင့်သာ သူအရဲစွန့်ပြီး လိုက်သွားရရှာတာပါ။

နောက်ထပ် ကလေးယူရင်ကော ရနိုင်ပါဦးမလားတဲ့။ ရနိုင်ပါတယ် ဒါမျိုးနောက်တစ်ကြိမ်ဖြစ်ချင်မှဖြစ်မှာပါလို့ပြောလိုက်တယ်။ သူဘယ်လိုလုပ်ပြီး ကလေးထပ်ရပါတော့မလဲဗျာ။
နောက်တယောက်က…
အရင်တစ်ပတ်က လာပြတယ် ကလေးတစ်ယောက်ရဖို့ နေပြည်တော်ထိ တက်ပြီး laparoscope လုပ်ပြီး ကလေးရအောင် ကြိုးစားထားရတယ်။ ခုလာပြတော့ ကိုယ်ဝန်က မွေးခါနီးနေပြီ။

သူက အမေနဲ့ နီးတဲ့နေရာမှာပြန်မွေးချင်တယ်တဲ့၊ ကျနော်က ဒီမှာမွေးလည်းရတာ ဘာဖြစ်လို့ပြန်နေမှာလဲ ဆိုတော့ ဒီမှာ သူ့ကို မွေးပြီးရင်စောင့်ရှောက်မဲ့သူ မရှိလို့တဲ့ ။ ယောက်ျားရှိတာပဲလေ သူစောင့်ရှောက်မှာပေါ့လို့ ဆိုတော့ မဖြစ်ဘူးတဲ့ သူကမွေးမြူရေးတာဝန်ခံ ဆိုတော့ မိန်းမကို အချိန် သိပ်မပေးနိုင်လို့ အမေဆီပဲပြန်မွေးမယ် ဆိုပြီး အရင်တစ်ပတ်ကပဲပြန်သွားတယ်။
မနက်ဖန်သောကြာနေ့ သူ့ကို ခွဲမွေးဖို့ OT list မှာ ထည့်ထားတယ် တဲ့ (ရန်ကုန်သမကမှာ) သူ့ယောက်ျားက ဒီနေ့ စစ်လေယာဉ် နဲ့ သူ့ မိန်းမ မီးဖွားတဲ့ဆီကို အသွား လမ်းခုလတ်မှာ ကံဆိုးမိုးမှောင် ကျခဲ့ရှာတယ်။ မနက်ဖန် မီးဖွားမည့်ကျနော့ လူနာနံဘေး အားပေးမဲ့သူ့ ယောက်ျားမရှိရင် သူဘယ်လိုခံစားရရှာမလဲ…?
နောက်တယောက် ကတော့ ကျနော့လူနာရဲ့ အမေ…။


Thursday, June 8, 2017

ကံကောင်းလိုလျှင် အယူမှန်ဖို့လို



ကံ တရား၏ သဘော လက္ခဏာကို တိကျ မှန်ကန် ပြည့်စုံစွာ သဘောပေါက်ရန် လူတိုင်း လိုအပ်သည်။ 
ကုသိုလ်ကံ အကုသိုလ်ကံ တို့သည် ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာ သုံးတန်ပြည့်ဝ အားသန်လျှင် အမှန်ပင် ကြီးမားသော အကျိုးတရားကို ပေးကြစမြဲ ဖြစ်သည်။ 

သံသရာ ခရီးရှည် တစ်လျှောက် ဒုဂ္ဂတိဘ၀ သုဂတိဘ၀ မျိုးစုံတို့ကို ပေးနိုင်လောက်သော အင်အားရှိကြ သည်။ မိမိဘ၀ သံသရာ ခရီးအတွက် ကိုယ်တိုင် ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြုလုပ်၍ ရသော သဘောဖြစ်သည်။ 

ကံတရားတို့ ဖြစ်ပေါ်ရေး အတွက် ဒိဋ္ဌိဇုကမ္မ ခေါ် အယူဖြောင့်မှန်မူသည် အရေးကြီးလှ၏။ အယူဖြောင့်မှန်သူသည် ကံတရား၏ အကျိုးပေးမူကို သိမြင်နားလည် သဖြင့် မိမိ အတွက် သံသရာတစ်လျှောက် ကောင်းကျိုးဝေဖြာ ဘ၀သမ္ပတ္တိပြည့်စုံလာစေရေးအတွက် ကောင်းသော ကာယကံ ၀စီကံ မနောကံ တို့ကိုသာ ပြု လုပ်တော့မည်ဖြစ်သည်။ သို့ဖြစ်၍ ကုသလကမ္မပထ တရား၏ စွမ်းအားကြောင့် လူ့ပြည် နတ်ပြည် သာယာသုခ ချမ်းသာသော ဘ၀တို့ကို ရရှိကြမည်မှာ သေချာလှ၏။


ဒုက္ခ တစ်ခု ကြုံတိုင်း ကုသိုလ် တစ်ခု လုပ်ပါ



တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ် ၏ မယ်တော်ကြီး သည် မိမိ နေ အိမ် မီးလောင် သွားသော ကြောင့်သား ဦးဇင်း ထံ သို့ ပြေး လာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလဲ မရှိ ရှာပါဘူး။ အဲဒီအတွက် သားဦးဇင်း ထံ အားကိုး တစ်ကြီး နဲ့ ပြေး လာတာ ပါ ။

အဲဒိ အချိန်မှာ ဆရာတော် ဦးဗုဓ် က မင်းကိုးကွယ် တဲ့ ဆရာတော် ဖြစ်နေပါပြီ ။မယ်တော်ကြီး အတွက်နေစရာ အိမ်တစ်လုံးတော့ ကောင်းကောင်း ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ ဘုရင် ကိုယ်တိုင်က အလွန်ကြည်ညိုတဲ့ ဆရာတော် ဖြစ်တဲ့ အတွက် လာဘ်လာဘပေါများမယ် ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ 


ဒါယကာတွေကို မယ်တော့်အိမ် မီးထဲ ပါသွားတယ်လို့ပြောလိုက်တာ နဲ့ ကိစ္စပြီးနိုင်ပါတယ်။
ဒါပေမဲ့ ဆရာတော် ဦးဗုဓ် က မယ်တော်ကြီး လာတဲ့အခါ မှာ ဘာမေး လဲဆိုတော့…


” ခု မယ်တော်ကြီးအိမ် မီးထဲပါသွားပြီ။ 
ဘာတွေကျန်သေးလဲ လို့မေးပါတယ်။ ဒီအခါမှာ မယ်တော်ကြီး က အားကိုးတစ်ကြီး နဲ့ တပည့်တော်မ မှာ အခု ဝတ်ထားတဲ့ အဝတ်နဲ့ ပခုံး ပေါ်က ဒီ တဘက် တစ်ထည်ပဲ ကျန် ပါတော့ တယ်ဘုရား…လို့ လျှောက်လိုက် ပါတယ်။
ဆရာတော် ဦးဗုဓ် က
” မယ်တော်ကြီးရှေ့က ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ခုလို ဒုက္ခတွေ ရောက်ရတာ ။ ဒါကြောင့် ကုသိုလ်ပြုပါဆို ပြီး ပုခုံးပေါ်က တဘက်လေးကို အလှူခံ လိုက်ပါတယ်။ ဆရာတော်ဘုရား ဟာ ပညာရှိဖြစ်သည့် အားလျှော်စွာ ပြုမူဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် ဆရာတော် အပြုမူ ဟာနောက်လူတွေ အတွက် လမ်းပြသွားတာမှတ်သား စရာပါ။
ဦးဇင်း တို့တွေဟာ တစ်ခါ တစ်လေမှာ ကောင်းတာတွေ လဲ လုပ်ပါလျှက် မှန်မှန် ကန်ကန် လဲလုပ် ပါလျှက် ဒုက္ခတွေ ကြုံတွေ့ရရင် ဒါရှေ့ အကုသိုလ် အကျိုးပေးလာပြီ လို့သိရပါမယ်။ အဲဒါမျိုး အချိန်ကြရင် ကုသိုလ် တစ်ခုခု ကိုပြုလိုက်ပါ ။ ဒါဆိုရင် လက်ရှိ အကျိုးပေးနေတဲ့ အကုသိုလ်တွေ အနည်းငယ်တော့ အားပျော့ သွား ပါ လိမ့်မယ် ။ တော်ရုံ အကုသိုလ် ဆိုရင် တော့ပျောက်ကွယ် သွားပါ လိမ့် မယ် သူတော်ကောင်း တို့ ။
တစ်ချို့ ဆိုရင် အကုသိုလ်တွေ လုပ်နေ ပြီးအောင်မြင် နေတာ တွေ့ရ တတ် ပါတယ်။ ဒါဟာရှေ့ က သူပြုခဲ့တဲ့ ကုသိုလ်တွေ ရှိနေလို့ပါ။ ဥပမာ ခု လက်ရှိ အကုသိုလ် လုပ်နေပြီး လမ်း မှာ လက်စွပ် တစ်ကွင်းကောက်ရတယ် ဆို ပါ စို့ ။ ဒါဆိုရင် အဲဒိ လူဟာ ရှေ့ ကုသိုလ် ကြောင့် လက်စွပ်ထက် အဖိုး ကြီးတဲ့ အရာတစ် ခုရနိုင် ပေမဲ့ လက်ရှိ အကုသိုလ်တွေကြောင့် လက်စွပ်ပဲ ရတော့ တာပါ ။


Thursday, June 1, 2017

ခွဲစိတ်စဉ် အူမကြီးနဲ့ ယောနိကို မှားချိတ်ပေးမိလို့ မ- အင်္ဂါ ကနေ လေလည်နေရသူ



Hospital Manager Sasho Stojcev ဆေးရုံ မှ တာဝန်ရှိသူတွေဟာ Jasminka Velkovska လို့ အမည် ရတဲ့ အမျိုးသမီးကို ခွဲစိတ်ကုသမှု လုပ်ပေးခဲ့ပါတယ်။ 
အဲဒီမှာ အူမကြီး နဲ့ ယောနိ လမ်းကြောင်းကို မှားယွင်း ချိတ်ဆက်ကာ အဆုံးသတ်ပေးမိလို့ အခု အခါမှာတော့ Jasminka ဟာ လေလည်တဲ့ အခါတိုင်း သူမ ရဲ့ မျိုးပွား အင်္ဂါကနေ အသံထွက်နေရှာပါတယ်။
Jasminka ဟာ အူမကြီး ကင်ဆာရောဂါ ခံစားခဲ့ရပြီး Hospital Manager Sasho Stojcev ဆေးရုံ ကို တက်ရောက် ခွဲစိတ် ကုသမှု ခံယူခဲ့ပါတယ်။ ဒီအတွက် သူမ မှာ အကြွေးတွေ ပတ်လည်ဝိုင်းနေခဲ့ပြီး ခွဲစိတ်မှုကလည်း ကမောက်ကမ ဖြစ်ခဲ့ရတာမို့ သူမ အနေနဲ့ လျှော်ကြေးတောင်းခဲ့ပေမယ့် ဆေးရုံ တာဝန်ရှိသူတွေက ငြင်းဆန်ခဲ့ပါတယ်။
ဒေသ ရုပ်သံတွေနဲ့ အင်တာဗျူး မှာ မပျော်မရွှင်တဲ့ ပုံစံ ဖြစ်နေတဲ့ Jasminka က ” ဒေါက်တာတွေက မေး တယ် … လေလည် ရသလား … ဆိုတော့ … ကျွန်မက လေ ကတော့ လည်ရပါတယ် … ဒါပေမယ့် ယောနိကနေ ထွက်နေခဲ့တယ်လို့ ပြန်ဖြေလိုက်ပါတယ် .. 
အဲဒီတော့ ဆရာဝန်တွေက … မကြာခင် ပြန် အဆင်ပြေမှာပါ … ဒါဟာ ခဏတာပါ ဘဲလို့ ပြောခဲ့
တယ် … အခုတော့ တာဝန် မယူဘူး ” လို့ ဖွင့်ဟခဲ့ပါတယ်။
Hospital Manager Sasho Stojcev ဆေးရုံ ဟာ မက်ဆီဒိုးနီးယား နိုင်ငံ မြို့တော် Skopje မှာ တည်ရှိ တာဖြစ်ပြီး၊ နာမည် ကြီး ဆေးရုံကြီး တစ်ခု ဖြစ်ပါတယ်။ Jasminka ဟာ သူမ အနေနဲ့ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးနဲ့ တင်ရှိနေတဲ့ အကြွေးတွေ ကာမိ စေဖို့အတွက် ပြည်တွင်း တီဗွီတစ်ခုရဲ့ အကူအညီနဲ့ ဆေးရုံ ဆီကနေ လျှော်ကြေး ရဖို့ ကြိုးစားနေပါတယ်။


Friday, May 26, 2017

တန်ဖိုးချင်းတော့ မတူနိုင်



တစ်ခါတုန်းက သစ်ပင်တွေ ဟာ စကားပြောတတ်တယ်ဆိုပဲ။ စကားပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာ တစ်ယောက်က ပန်းပု ထုဖို့ ယူလာခဲ့တယ်။ ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပု ထုတော့ သစ်သားတုံး တစ်တုံးက အထုခံရ၊ အခုတ်ခံရ၊ အထွင်းခံရ၊ အရိုက်ခံရ၊ အနှက်ခံရတော့ "နာတယ်" ဆိုပြီး အော်တယ်။

ဒါကြောင့် ပန်းပု ဆရာဟာ အဲ့ဒီ သစ်သားတုံးကို အသေးစိတ် မွန်းမံ မနေတော့ဘဲ တုံးမောင်း အဖြစ်၏နဲ့ ပဲ ထားခဲ့လိုက်တော့တယ်။

နောက် သစ်သားတုံး တစ်တုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ်သည်းခံပြီးတော့ နေခဲ့လိုက်တယ်။ ပန်းပု ဆရာက အဲဒီ သစ်တုံး ကိုကျတော့ လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရားရုပ်တုအဖြစ် ထုခဲ့လိုက်တယ်။

လူသားတွေက တုံးမောင်း ကို ခေါက်ပြီး နတ်ဘုရားရုပ်တု ကို ပူဇော်တဲ့ အခါကျတော့ တုံးမောင်းဖြစ်နေတဲ့ သစ်သားက အသည်း အသည် ငိုကြွေးတယ်။

သူတို့ဟာ အစပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါရဲ့နဲ့ ခုကျမှ သူကျ အခေါက်ခံရပြီး ဟိုသစ်သားတုံးကျတော့ အပူဇော်ခံရတယ် ဆိုပြီး မကျေမနပ်ဖြစ်သွားတယ်။

ဒါနဲ့ ပန်းပုဆရာကို ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲလိုက်တယ်။ ဒီအချိန်မှာ နတ်ဘုရားရုပ်တုအဖြစ် ထုခံလိုက်ရတဲ့ သစ်သားက သူ့ကို ပြောတယ်။

"မင်းကမှ သည်းမခံတာကိုး"

ဟုတ်ပါတယ်။ လူသားတွေလည်း ကိုယ်ပိုင် လမ်းကြောင်းပေါ်ကိုတော့ သွားနေခဲ့ကြတာချင်း တူပါတယ်။ ဒါပေမဲ့ အချို့က အောင်မြင်ကြတယ်။ တချို့က ဘာမှမဖြစ်ထွန်းကြဘူး။ တစ်ချို့က ဖြစ်တော့ ဖြစ်ထွန်းပါရဲ့၊ ဒါပေမဲ့ အကျိုးဖြစ်ထွန်းမှု အားနည်းကြရတယ်။



Tuesday, May 16, 2017

Facebook အစား ဒီ Website ၁၀ ခုနဲ့ သင့်ကိုယ် သင် အဆင့်မြှင့်တင်ကြည့်ပါ




လူတိုင်း နီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ် မီဒီယာတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။ ပြန် စဉ်းစားကြည့်ကြမယ် ဆိုရင် အဲဒီလို ၂ နာရီလောက် ပုံမှန် အချိန်ဖြုန်းနေပေမယ့် အဲဒီကနေ လောက်လောက်လားလား မက်လောက်စရာ ကျွန်တော်တို့ ဘာပြန်ရပါသလဲ။

ဘာသာစကား အသစ်တွေ လေ့လာမိသလား? တစ်ခြား အရည်အသွေးတွေ မြင့်တက်လာသလား?
အခု ကျွန်တော်က အခရာ ပရိတ်သတ်တွေကို လူမှုကွန်ယက် မဟုတ်တဲ့ စိတ်ဝင်စားစရာ Website ၁၀ ခုနဲ့ မိတ်ဆက်ပေးပါမယ်။

ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …

1.Unplug The TV
www.unplugthetv.com
ဒီ Website ထဲကို တစ်ကြိမ် ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယို အသစ်တစ်ခုကို ကြည့်ရှု ရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယို ဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျ ရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ 

တစ်ကယ်လို့ အကြောင်းအရာက ကိုယ် စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုး မဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည် အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။


2.Skillshare
www.skillshare.com
နယ်ပယ် အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှ မပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။  ကိုယ် ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။


3.University of the People
www.uopeople.edu
အကျိုးအမြတ် မယူတဲ့ လူမှု အဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ် နယ်ပယ် အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင် မဟုတ်တဲ့ အွန်လိုင်း သင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။


4.High Brow
www.highbrow.com
ဒီ Website ကို Subscribe လုပ်ထားမယ် ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ် အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။


5.Investopedia
www.investopedia.com
Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက် အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရ ခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေ ပတ်သက်နေရမှာပါ။ 

ဒီတော့ ဒီ Website ထဲကနေ တစ်ဆင့် အချက်အလက် ကိုင်တွယ် စုဆောင်းမှု ပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍ ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဥာဏ်တွေကို ရယူနိုင်ပါတယ်။


အိမ် ထဲမှာ.သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ ကို သတိ ထား



ကျနော် ဒီနေ့ ညစာ အပြင်ထွက်စားဖြစ်တယ် ။ ခွဲမှူးနဲ့ အတူပေါ့.....
တစ်နေကုန် ပင်ပန်းတာနဲ့ ဟင်းချက်စရာ အဆင်သင့်မရှိတာရောပေါ့ ။

ထမင်းဆိုင် အထဲရောက်တော့ ဟင်းမှာနေတုန်း ရေစက်မောင်းသံကြားနေရတယ်........
မီး ကလည်း မငြိမ်ဘူး မှိတ်တုတ် မှိတ်တုတ် ကောင်မလေးတယောက်က အိမ်ထဲမှာ မီးပူတိုက်လို့ပေါ့.......
ဒါနဲ့ ဆိုင်ရှင်ကြီးတော်ကြီးကို " ရေစက်မောင်းနေတာလားလို့ " မေးမိတယ်......
ဆိုင်ရှင်က " ဟုတ်တယ် တစ်နေကုန် တစ်ညလုံး မီးပျက်နေလို့ မီးလာတုန်းရေတင်နေရတယ် "တဲ့......

ဒါဆိုရင် မီးပူကိုနောက်မှတိုက်ပါ " တော်ကြာလောင်ကုန်လိမ့်မယ် "လို့ စိတ်ပူပြီးပြောမိတယ်....
ခွဲမှူး က "မီတာလောင်နိုင်တယ်"လို့ဖြည့်ပြောတော့မှ ကောင်မလေးကို မီးပူမတိုက်ခိုင်းတော့ဘူး...

တစ်ကယ်တော့ အိမ်သုံးမီတာ ၁၀/၃၀ အင်ပီယာ တစ်လုံးဟာ ၁၀ အင်ပီယာဘဲ တောက်လျောက် သုံးလို့ရတယ်လို့ပြောရင် နားလည်သူ အတော်နည်းပါတယ်......

ဝပ်၂၀၀၀ လောက်သာ သုံးသင့်တယ်လို့ပြောရင် အများနားလည်မယ်ထင်ပါတယ်......

မီးပူ တစ်လုံး ဝပ် (Watt) ၁၀၀၀
ရေစက်မော်တာ ၂ကောင် တစ်လုံး ဝပ် ၁၄၉၂
မီးဖို ဝပ်၂၀၀၀ ၁၈၀၀
ပေါင်းအိုး ဝပ် ၇၅၀.၁၀၀၀
ရေနွေးအိုး ၁၀၀၀ ၀ပ်
ဒယ်နီ ၇၅၀..၁၂၀၀..၁၈၀၀ ဝပ်
စတာတွေ အကြမ်းဖျင်းသိစေချင်ပါသည်။

တစ်ပြိုင်တည်း သုံးလို့ မနိုင်ရင် တစ်ချိန်ချိန်မှာ မီတာလောင်ပါမယ်....
အခန့်မသင့်ရင်နေအိမ်ပါလောင်ပါမယ်..

နောက်ဆုံးစာမေးပွဲ - လင်္ကာရည်ကျော်


(၁)

ဘဝမှာ ကိုယ့်လောက် စာမေးပွဲ ဖြေဖူးသူ ရှိခဲ့လျှင်တောင် တော်တော်တော့ ရှားမည်ဟု ဒေါက်တာအောင်ကျော် တွေးမိသည်။ ကျခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ အောင်ခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ သည်လောက် စာမေးပွဲပါး ဝနေတာတောင် စာမေးပွဲတစ်ခု ဖြေဖို့ စောစောစီးစီး ကတည်းက လုံလောက်စွာ စနစ်တကျ ကြိုတင် ပြင်ဆင်ခဲ့သည်ဟု တစ်ခါမှ မရှိခဲ့စဖူး။ တကယ် ဖြေရတော့မည် ဆိုမှပဲ နေ့မီး ၊ ညမီးနှင့် ဝုန်းဒိုင်း ကျဲရတာချည်းသာ။ သူ့ကို စာမေးပွဲ ဖြေရတာ ပျော်နေသည်ဟု လူငယ်တွေက ထင်တတ်ကြသည်။

တကယ်တော့ စာမေးပွဲ ဖြေရတာ သူ တစ်ခါမှ မပျော်ပါ။ လုပ်စရာ အလုပ်တစ်ခုကို လုပ်ချိန်တန်လျှင် ရှောင်လွှဲ မသွားတတ်သော သူ့ဝသီကြောင့် စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဖြေနေရခြင်း ဖြစ်ပါသည်။ တကယ်တော့ စာမေးပွဲ ဖြေတာက လွဲလျှင် သူ လုပ်ရတာ ပျော်သော အလုပ်တွေက အများကြီး။ ငယ်စဉ်ကဆိုလျှင် ရုပ်ရှင်ကို ရုံမှာ သွားတန်းစီ ကြည့်ရတာကိုလည်း သူ ပျော်သည်။ အပေါင်းအသင်းတွေနှင့် ခရီးသွားရတာကိုလည်း သူ ပျော်သည်။ အတန်းပညာနှင့် လုံးလုံးမသက်ဆိုင်လျှင် ဘာစာ ဖတ်ရဖတ်ရ သူ ပျော်သည်။

နည်းနည်း အရွယ်ရလာ တီဗွီ ပေါ်လာတော့ တီဗွီရှေ့ ထိုင်ရတာကို သူ ပျော်သည်။ နောက်ပိုင်း ကွန်ပျူတာရှေ့၊ အင်တာနက်ရှေ့ ထိုင်ရတာ ပျော်သည်။ အိမ်ထောင်ကျပြီး တာဝန်အရ မိသားစုနှင့် ခွဲနေရသည့် အချိန်က အတူနေရသည့် အချိန်ထက် ပိုများတော့ မိသားစုနှင့် နေရတာကို သူ ပျော်သည်။ စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ရတာက လွဲလျှင် ဘာလုပ်လုပ် ပျော်နေတတ်သူ။

ဘဝမှာ အသက်လေးဆယ် ကျော်သည်အထိ စာမေးပွဲတွေ ဖြေမဆုံးနိုင် ဖြစ်ခဲ့ရတာက လောကကြီး တော်တော် မတရားဟု သူ ထင်သည်။ ဘွဲ့တွေ အများကြီးရသော ခွဲစိတ်ဆရာဝန်ကြီး တစ်ဦး ဘဝကို လူတကာက အားကျနေချိန်တွင် ဒေါက်တာအောင်ကျော်က ထိုဘွဲ့တွေ အများကြီးရဖို့အတွက် သူမပျော်ပဲ ဖြေလိုက်ရသည့် စာမေးပွဲတွေကိုသာ သတိရနေမိသည်။ လူ့ဘဝဆိုတာ ဒီထက်တော့ ပျော်ပျော်ကလေး နေလိုက်ရပြီး ကုန်သွားခဲ့ဖို့ ကောင်းတာပေါ့။

စာမေးပွဲ တစ်ခါဖြေပြီးတိုင်း ဖြေပြီးတိုင်းလည်း တော်ပြီ နောက်ဆို ငါ ဘာစာမေးပွဲမှ မဖြေတော့ဘူး။ ရာထူး မတက်ချင် နေပါစေတော့ဟု အကြိမ်ကြိမ် ဆုံးဖြတ် ခဲ့မိသည်ချည်းသာ ဖြစ်သည်။ ပြီးတော့လည်း အချိန်တန်တော့ မဖြေမဖြစ် စာမေးပွဲတစ်ခုက ပေါ်လာခဲ့သည်ချည်းသာ။

အသက် လေးဆယ့်ငါးနှစ်တွင် ခွဲစိတ်ပါရဂူဘွဲ့ရပြီးချိန်တွင်တော့ တကယ့်ကို ဘာစာမေးပွဲမှ ဖြေစရာမရှိတော့ဟု စိတ်ကို ဒုံးဒုံးချလိုက်သည့်နောက်ပိုင်း ဆယ်နှစ်လုံးလုံး ဘဝက အေးချမ်းလို့။ အသက် ငါးဆယ့်ငါးနှစ် ကျတော့မှ နောက်ဆုံး စာမေးပွဲတစ်ခု ရှိနေတာကို ဗြုန်းစားကြီး သတိထားမိတော့သည်။

ငုံ့၍ခွဲနေလျှင် ခါးက ခဏခဏ ကိုက်နေသည်ကို သတိထားမိသည်မှာ တော်တော်ကြာပြီ။ အထူးသဖြင့် ခြေနှင့်ဆိုင်သော ခွဲစိတ်မှုလိုမျိုး ကြာကြာခွဲရသည့် အခါမျိုးတွင် မခံမရပ်နိုင်အောင် ကိုက်လေ့ရှိသည်။

"ကျီးပေါင်းတက်တာ နေမှာပေါ့ ဆရာကျော်ရယ်"

မေ့ဆေးဆရာဝန်ကြီးက ထင်မြင်ချက်ပေးသည်။

"ရက်စက်ပါ့ ဆရာရယ် ကျွန်တော်က ကိုယ့်ကိုယ်ကို ငယ်ငယ်ကလေးပဲ ထင်နေတာ"

ရယ်ရွှန်းပတ်ရွှန်းနှင့် ပြန်ချေပမိသည်။ တကယ်တော့ အရိုး ကျီးပေါင်းတက်သည် ဆိုသည်မှာ တော်တော်ကြီးမှ ဖြစ်နိုင်သည်ဟု သူ ခံယူထားသည်။


Monday, May 15, 2017

သူတစ်ပါး အကြွေးကို ပြန်မဆပ်နိုင်လျှင် ဘယ်အပြစ် ဖြစ်ပါသလဲ



အရှင်ဘုရား၊ အချို့သော လူ့ဘောင်မှ လူသားများမှာ သူတစ်ပါးထံမှ ချေးယူထားသော ပစ္စည်း (အထူးဖြင့်ေ ငွကြေး)ကို ပြန်မပေးဘဲ နေတတ်ကြပါသည်။ အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်နဲ့ လောလောဆယ် ကြုံနေရလို့ စိတ်မချမ်းမသာ ဖြစ်နေရပါသည် ဘုရား။ 

အချင်းချင်း အကြွေးယူပြီး ပြန်မဆပ်သော ပုဂ္ဂိုလ်များသည် ယခု ဘဝ နောင် ဘဝ တွင် မည်သို့သော အပြစ်  ဖြစ်နိုင်သည်ကို ဟောကြားပေးတော်မူပါ ဘုရား။ 

 ကတိ ဟာ လူ့ အရည်အချင်း လူ့ တန်ဖိုးရဲ့ သော့ချက်ပဲ။ ကတိကြောင့် လူလေးစားခံရသလို ကတိ ပျက်ရင် အရည်အချင်း ရှိလျက် အသိအမှတ် မပြုခံရဘဲ ရှိတတ်တယ်။ အချိန်၊ အကြွေး ၊ အလုပ် – စသည်နဲ့ ပတ် သက်ပြီး ကတိ အရေးကြီးတယ် .. 

 စပ်တူ မလုပ်ဘူး

အရီဇိုးနား ကို ရောက်ခါစမှာ ဗမာ တရုတ် တစ်ယောက်က သူတွဲနေတဲ့ မိတ်ဆွေရင်းကို ‘ဒီကောင် နဲ့ စီးပွားရေး စပ်တူ လုပ်လို့ မရဘူး’လို့ အတော် ခပ်နှိမ်နှိမ် ပြောတာနဲ့ ‘သူ့ကို မယုံကြည်ဘဲ ဘာကြောင့် အပေါင်း အသင်း လုပ်တာလဲ’လို့ ဘုန်းကြီး ကလည်း မနေနိုင် ဝင်မေးမိတယ်။ 

ဒီတော့ သူက ‘စီးပွားရေး အတူလုပ်ရင် ကတိတည်မှ’ တဲ့။ သူ့ အပြောအရ သူ့ မိတ်ဆွေမှာ ကောင်းတာ  အချို့ ရှိပေမယ့် အချိန်ကို မလေးစားဘူး။ တစ်နာရီ ချိန်းရင် သုံး နာရီမှ ရောက်လာတာမျိုး အကြိမ်ကြိမ် ကြုံရသတဲ့။ ပြောလည်း မဖြုံဘူးတဲ့။ 

လိုရင်း ကတော့ ကတိမတည် (သူ့ ရည်းစားနဲ့သာ အဲဒီလို ဖြစ်ရင် ပြတ်ပြီးသား ဖြစ်နေမှာ)။ မင်းမှာ သစ္စာ လူမှာ ကတိဆို မဟုတ်လား။ အထူးသဖြင့် ဒီဘက်က လူတွေကို အဲဒီလို လုပ်လို့ မရဘူး။ အဲဒီ မိတ်ဆွေ ဆိုသူဟာ ဒီဘက်မှာ နေသူ ဖြစ်ရင် သိသလိုလိုနဲ့ မသိသေးတဲ့ လူမျိုးပါပဲ။ 

ကိုယ်ချင်းစာ

ရင်းနှီးလို့ ဆိုပြီး ဘာစာရွက် စာတမ်းမျှ မရှိဘဲ ချေးယူသွားသူ အများစုဟာ ချေးလို့ ရပြီးတာနဲ့ မေ့မေ့ ပျောက်ပျောက် နေသွားလေ့ ရှိတာကို တွေ့ရတယ်။ (ဒီလို မဟုတ်တဲ့ လူ အနည်းစုလည်း ရှိနိုင်ပါတယ်)။ ပြောတုန်းက နှစ်လ အတွင်း။ ကူညီလိုစိတ်နဲ့ ချေးပေးလိုက်သူကတော့ ယူသွားသူ ပြောတဲ့ နှစ်လ ကို သတိတရနဲ့ မျှော်နေတာပဲ။ ကိုယ့်ပစ္စည်းပဲလေ။ လူတိုင်း ဒီလိုပဲနေမှာ။ 

ဒါပေမယ့် တစ်ချို့ နှစ်နှစ် မကလည်း ဖြစ်သွားနိုင်ပြီး အချို့ဆို ရာသက်ပန် မပေါ် လာ ဖြစ်သွားတတ်တယ်။ သူတို့ အနည်းငယ် အဆင်ပြေသွားတဲ့ အချိန် ‘အဆင် မပြေတုန်းက ငါတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး’ ဆိုတာမျိုးတောင် ပြောတတ်သေးတယ်။ ဒါကြောင့် ပိုက်ဆံ ချေးပေးမယ်ကြံရင် လူအချို့ဟာ အသွင် သဏ္ဌာန် သားနားတိုင်း အတွင်းစိတ် မသားနားဘူး ဆိုတာကို အခုရ ရှိတဲ့ အတွေ့အကြုံနဲ့ ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကို သင်္ခန်းစာယူပေါ့။ 

အဲဒါ ကိုယ့်အတွက် အမြတ်လို့ပဲ နှလုံးသွင်းလိုက်ပါ။ သနားတတ်တာ၊ အားနာတာ၊ ယုံလွယ်တာ အရင်းခံနဲ့ ဘုန်းကြီး တောင် အမေရိက ကို ရောက်ပြီးမှ ဇာတ်တူသား စားမိလို့ ‘နိဗ္ဗာနဿ ပစ္စယော ဟောတု’ လုပ် လိုက်ရတာ လေးကြိမ် ကြုံဖူးတယ်။ ဘုန်းကြီး သာ မကပါဘူး။ ဘုန်းကြီး  အတော်များများ ဟို .. ဗမာပြည်မှာ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေး အချို့ ရှက်လို့ မိဘဆွေမျိုးတွေကို ဖွင့်မပြောရဲသလို ကျိတ်ခံနေလိုက် ရတဲ့ ဖြစ်ရပ်တွေ ကြားဖူးပါတယ်။ အဲဒီ အတွေ့အကြုံနဲ့ ကြွေးပြန် မရသူတွေကို ကိုယ်ချင်း စာပါတယ်။ 

ဘုရားဟော

ဣဏသုတ် (အံ ၂၊ ၃ဝ၉)မှာ ကြွေးယူရသူရဲ့ ဆင်းရဲ ၆-မျိုး ဟောကြားပါတယ်။ ဆင်းရဲတာ၊ ဆင်းရဲ လို့ အကြွေးယူရတာ၊ အရင်းကို မပေးနိုင်သေးလျှင် အတိုးပေးပါမယ် လို့ ကတိပေးထားရတာ၊ ကြွေးရှင်က အတိုးကို တောင်းတာ၊ ပြန်မပေးနိုင်လို့ သူ့နောက်ကို ကြွေးရှင် လိုက်ခံရတာ၊ ဖမ်းခံရတာ။ 


ကမ္ဘာ့အကြီးဆုံး နူကလီးယားစွမ်းအင်သုံး ရေငုတ်သဘောင်္ကို ထုတ်ဖော်ပြခဲ့တဲ့ ရုရှား




 ရုရှားရေတပ် အကြီးအမှူးက Project 09852 ကို ဖော်ပြခဲ့ပြီး မော်စကို ဟာ ရေတပ် အင်အား ကို ချဲ့ထွင်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Project 09852 ဟာ ကမ္ဘာ့ အကြီးဆုံး နူကလီးယား စွမ်းအင်သုံး ရေငုပ်သဘောင်္ဖြစ်ပြီး ရုရှားနိုင်ငံ ဟာ ထိုရေငုတ်သဘောင်္ကို စတင် အသုံးပြုတော့မှာ ဖြစ်တယ် လို့သိရပါတယ်။

ရေငုတ်သဘောင်္ကို ဘယ်ဂိုရော့ ( Belgorod ) လို့ အမည်ပေးထားပြီး မီတာ ၂၀၀ နီးပါး ရှည်လျားပါတယ်။ဘယ်ဂိုရော့ ကို အာတိတ် (မြောက်ဝင်ရိုးစွန်းဒေသ) ဒေသမှာ စူးစမ်း ရှာဖွေမှုတွေ ပြုလုပ်ဖို့ အတွက် အသုံးပြုသွားမယ် လို့ ရုရှားက ဆိုပါတယ်။

ဘယ်ဂိုရော့ ( Belgorod ) ဟာ အမေရိကန်ရေတပ် ရဲ့ အကြီးဆုံး ရေငုတ် သဘောင်္ဖြစ်တဲ့ USS ပင်ဆယ်ဗေးနီးယားထက် ၁၄ မီတာ ပိုပြီး ရှည်လျားပါတယ်။

ယခင်က ကမ္ဘာ့ အကြီးဆုံးဖြစ်ခဲ့တဲ့ ရုရှားပိုင် Typhoon missile cruiser Project 94 ထက်လည်း ၁၁ မီတာ ခန့် ပိုမို ရှည်လျားတယ် လို့သိရပါတယ်။

ဘယ်ဂိုရော့ ရေငုပ်သဘောင်္ကို လက်ရှိအချိန်မှာ မွမ်းမံနေပြီး ၂၀၁၈ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်တယ် လို့သိရပါတယ်။