Friday, June 23, 2017

အမေက ကျမကို လူကြီးတစ်ယောက်နဲ့ လိင်ဆက်ဆံဘို့ ရောင်းခဲ့တယ်



ထိုင်းနိုင်ငံမှ အသက် ၁၂ နှစ် အရွယ်သာ ရှိသေးတဲ့ ကျောင်းသူလေးတစ်ဦး ဟာ  သက်ကြီးရွယ်အို အမျိုးသားတစ်ဦး နဲ့ လိင်ဆက်ဆံဖို့  မိခင်ရဲ့ ရောင်းချခြင်းကို ခံခဲ့ရပါတယ်။ 

“ကျမ လိင်ဆက်ဆံမှုပြုလုပ်တဲ့ တစ်ကြိမ်ကို ဘတ် ၅၀၀ ရပါတယ်။ ကျမ အမေ့ ကို ငြင်းလိုက်ရင် ရိုက်ခံရလိမ့်မယ်။ ကျမ ကြာရှည်သည်း မခံနိုင်တော့ပါဘူး”  ဒီအဖြစ်အပျက်ဟာ အလွယ်တစ်ကူပေါ်ပေါက်လာခဲ့တာတော့ မဟုတ်ပါဘူး။ 

အဲဒီ ကျောင်းသူကလေးဟာ ကျောင်းကရေးခိုင်းတဲ့ အက်ဆေးတစ်ပုဒ်ထဲမှာ သူ့ရဲ့ ဘ၀ အကြောင်း ကို ထည့် သွင်းရေးသားခဲ့ရာကနေ ပေါ်ပေါက်လာခဲ့ရတာလို့ ထိုင်း ဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်  သတင်း တပုဒ် မှာ ဖော်ပြပါတယ်။ 

မိခင်က သူ့ကို ရောင်းချပြီး လိင်ဆက်ဆံစေခဲ့သူ အမျိုးသားဟာ ဘန်ဂလာမန် ခရိုင်တွင်းမှ အစိုးရ အာဏာပိုင်အဖွဲ့ တစ်ဖွဲ့က ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းသူ မိန်းကလေး ရဲ့ ကျောင်းမှ ဆရာမက ရဲတွေကို အသိပေး အကြောင်း ကြားခဲ့ပြီးနောက်မှာတော့ အမှုကို စုံစမ်းဖော်ထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။

 ကျောင်းသူ မိန်းကလေးဟာ နောက်ပိုင်းမှာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်ကို ထွက်ပြေးခဲ့ပြီး သူငယ် ချင်း ရဲ့ မိခင်ဖြစ်သူက ပ၀ီနာ ဟောင်ဆာကားလ် လူမှုရေးဖောင် ဒေးရှင်းနဲ့ ဆက်သွယ် အကူ အညီတောင်းခံပေးခဲ့တာပါ။ 



လက်ရှိမှာတော့ မိန်းကလေးကို ဘန်ဂလာမန် ကလေးသူငယ် ထိန်းသိမ်းရေးဌာနမှာ ခေတ္တ ထိန်းသိမ်းထားရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

လက်ရှိမှာတော့ ရဲတွေဟာ ပြစ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားကိုရော၊ ကျောင်းသူမိန်း ကလေးရဲ့ မိခင်ဖြစ်သူကိုပါ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် မုဒိန်းမှု နဲ့ လူကုန်ကူး မှုဆိုင်ရာ ဥပဒေ ပုဒ်မတွေနဲ့ ၀ရမ်း ထုတ် ထားပြီး လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 


Credit:DVB http://burmese.dvb.no/archives/214067

No comments:

Post a Comment