Saturday, June 17, 2017

အကြီးအကျယ် လာဘ်စားနေကြသူများ



တစ်ကယ်လို့ များ ဂျပန်မှာနေတဲ့အမျိုး တစ်ယောက်က Alphard 2005 2.4 ကား တစ်စီး လက်ဆောင်ပေးခဲ့သည်ရှိသော်.....

Custom Duty ကြေး ဆောင်ရမှာက 41 သိန်း ၊
ကညန အခွန်က ၃၅.၅သိန်းကျော် ၊
စလစ် က ၁၀၅ သိန်း ၊
Total - 180 သိန်း လောက် ကုန် တယ် ။

သိန်း ၁၈၀ ဆိုတာ သဘောင်္ခ ကျန်သေးတယ်။ ထည့်မတွက်ထားဘူး။ ကားထုတ်တဲ့companyတောင် မြန်မာပြည်လောက် မမြတ်ဘူး။။ သူများနိုင်ငံက ၁၀ သိန်းလောက် ကားကို သိန်း၂၄၀ လောက်ပေးစီးနေရတာ။အသစ်လည်းမဟုတ်ဘူး။

အဲ့ဒီလို မြတ်လို့  အကောက်ခွန်ဌာန နဲ့အဆောက်ဦးတွေ တိုးတတ်လာ လား။ ကညန ဌာနကြီး တိုးတက်လာပြီး e- department ဖြစ်လာပြီလား ။နိုင်ငံတော်က အဲ့ဒီက ရတဲ့အခွန်နဲ့ လမ်းတွေ ခင်းနေပြီးသွားရေးလာရေး ကောင်းမွန်ပြီလား။


အဖြေကတော့ နိုးပါ။ အကောက်ခွန် ဌာန ဝန်ထမ်းတွေ ချမ်းသာနေတယ်။

အဂတိ ကြောင့်။ အကောက်ခွန်ရုံးတွေ အဆောက်ဦးတွေ စုတ်ပျတ်သတ်နေတာဘဲ။ ကညန ကောဘာထူးလဲ။ ကညန အဆောက်ဦး ဝန်းတွေဟာ စုတ်ပျက်သတ်နေတာပါဘဲ။ မိုးတွင်းဆို ရွှံတွေနဲ့။ ကိုယ်တွေ ကားတွေ လိုင်စင် ဝင်ပြီးပြန်လာရင် ညစ်ပတ်နေတာပါဘဲ။

ဒါပေမယ့် အဲ့ဒီရုံးတွေမှာသာ ညစ်ပတ်နေတာ အဲ့ဒီရုံး က လူကြီးတွေ အိမ်တွေ ကတော့ နန်းတော် လား အောက်မေ့ရတယ်။ နိုင်ငံကလည်း တစ်ဖြေးဖြေး ချွတ်ချုံကျနေပြီ။

လမ်းတံတားတွေ ဆိုတာလည်း နိုင်ငံတော့်က ရတဲ့အခွန် နဲ့ခင်းဖို့ နေနေ သာသာ မပြီးဆုံးနိုင်သော လမ်းတံတားကြေးဂိတ်တွေကလည်း ပလူပျံနေတာ။

ပေါ်ဦး ကြားဖူးတာက တရုတ်ပြည်လို ကွန်မြူနစ်နိုင်ငံမှာတောင် အစိုးရက လမ်းမခင်းဘူး။ BOT ချပေးတဲ့Companyက လမ်းကို ကွာလတီပြည့်အောင် စာချုပ် နဲ့ ဘယ်နှစ် နှစ် အာမခံဆိုပြီး ခင်းပေးရတယ်။




ပြီးမှ အဲ့ဒီ BOT ရတဲ့Company က ၄နှစ် တန်သည် ၅နှစ် တန်သည် ချမှတ်ထားတဲ့ ကြေးကို စာချုပ်ထဲကအတိုင်းကောက်။ ပိုကောက်လို့ မရဘူး။ သူ့ နှစ်ပြည့်သွားပြီလား ။ပြီးပြီ ထပ်မကောက်ခိုင်းတော့ဘူး။

အစိုးရလည်း မကောက်တော့ဘဲ ပြည်သူကို အလကားပေးသွားတယ်။ အဲ့ဒီ ကာလမှာ လမ်းပျက်ခဲ့ရင် BOT Company က အလကား ပြန်ခင်းခိုင်းတယ်။

ပြောချင်တာက စေတနာပါ။ ဒီမို ကရေစီဘဲဖြစ်ဖြစ် ကွန်မြူနစ်ဘဲဖြစ်ဖြစ် စစ်အစိုးရဘဲဖြစ်ဖြစ် ပြည်သူကို  မကြည့် တဲ့အစိုးရ ဆိုရင်တော့ စိတ်ကို မဝင်စားတာ။

အဲ့ဒီတော့ပေးတာနဲ့ပြန်ရတာ တန်သလားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ (စဉ်းစားစရာပေးတာပါ)
မြန်မာနိုင်ငံမှာက အကုန်လုံးက ပြောင်းပြန်။ ပုဂ္ဂလိက ပေးရမယ့် ဟာတွေကျတော့မပေးဘူး။

ဥပမာ ... လမ်းတံတား BOT။ မပေးသင့်တဲ့ လိုင်းကားတွေ TAXI တွေ ကျတော့ ပေးတယ်။ ဒါဟာ ပြောင်းပြန် ဘဲ။ အများကြီးပါ။ မပြောတော့ဘူး။ အဲ့ဒီတော့ ဒီ group က ညီအစ်ကို တို့ လည်း သေချာစဉ်းစားပါ ။ပြောင်းလဲဖို့  ဆိုတာ ကိုယ်ကိုယ်တိုင်ပြောင်းလဲမှ ရမှာ။

ဥပမာ....  ဝင်ငွေခွန် ၁၅% ကို ရအောင်ယူပါ။ အလုပ်မှာ လတိုင်းနိုင်ငံတော်ကို အခွန်ဆောင်ပြီး ကား ဝယ်တော့မှ သူများ အမည်ပေါက်ကို မဝယ်ပါနဲ့။ ကိုယ်တိုင် အမည်ဖေါက်ပြီး အခွန်ရုံးမှာ ၁၅% အခွန် ထောက်ခံစာ ရအောင်ယူပါ။ သူတို့ ဘက်က အဲ့ဒါမျိုး ဆို ရစ်တတ်ပါတယ်။ ရစ်ပေမယ့်လည်း တစ်ပြားတစ်ချပ်မှ မပေးဘဲ ရအောင်ယူပါ။

နောက် လစာမှာ National Security တို Labour Tax တို့ ဆောင်ထားတဲ့အတွက်ကြောင့် အဲ့ဒါနဲ့ ရသင့်ရထိုက်တာတွေကို အပြည့်ဝရအောင် ယူဖို့ တိုက်တွန်းလိုက်ပါရစေ။




Credit: ပေါ်ဦး
Via...မိုးထက်​​ရွှေစင်


လင်း စိုး ထွေး


No comments:

Post a Comment