Monday, May 15, 2017

ကမ္ဘာ့အကြီးဆုံး နူကလီးယားစွမ်းအင်သုံး ရေငုတ်သဘောင်္ကို ထုတ်ဖော်ပြခဲ့တဲ့ ရုရှား




 ရုရှားရေတပ် အကြီးအမှူးက Project 09852 ကို ဖော်ပြခဲ့ပြီး မော်စကို ဟာ ရေတပ် အင်အား ကို ချဲ့ထွင်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Project 09852 ဟာ ကမ္ဘာ့ အကြီးဆုံး နူကလီးယား စွမ်းအင်သုံး ရေငုပ်သဘောင်္ဖြစ်ပြီး ရုရှားနိုင်ငံ ဟာ ထိုရေငုတ်သဘောင်္ကို စတင် အသုံးပြုတော့မှာ ဖြစ်တယ် လို့သိရပါတယ်။

ရေငုတ်သဘောင်္ကို ဘယ်ဂိုရော့ ( Belgorod ) လို့ အမည်ပေးထားပြီး မီတာ ၂၀၀ နီးပါး ရှည်လျားပါတယ်။ဘယ်ဂိုရော့ ကို အာတိတ် (မြောက်ဝင်ရိုးစွန်းဒေသ) ဒေသမှာ စူးစမ်း ရှာဖွေမှုတွေ ပြုလုပ်ဖို့ အတွက် အသုံးပြုသွားမယ် လို့ ရုရှားက ဆိုပါတယ်။

ဘယ်ဂိုရော့ ( Belgorod ) ဟာ အမေရိကန်ရေတပ် ရဲ့ အကြီးဆုံး ရေငုတ် သဘောင်္ဖြစ်တဲ့ USS ပင်ဆယ်ဗေးနီးယားထက် ၁၄ မီတာ ပိုပြီး ရှည်လျားပါတယ်။

ယခင်က ကမ္ဘာ့ အကြီးဆုံးဖြစ်ခဲ့တဲ့ ရုရှားပိုင် Typhoon missile cruiser Project 94 ထက်လည်း ၁၁ မီတာ ခန့် ပိုမို ရှည်လျားတယ် လို့သိရပါတယ်။

ဘယ်ဂိုရော့ ရေငုပ်သဘောင်္ကို လက်ရှိအချိန်မှာ မွမ်းမံနေပြီး ၂၀၁၈ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်တယ် လို့သိရပါတယ်။




အခုလို ကမ္ဘာ့အကြီးဆုံး ရေငုပ်သဘောင်္ ကို ရုရှားက တည်ဆောက်လိုက်ခြင်းအားဖြင့် မြောက်ဝင်ရိုးစွန်းဒေသမှာ ရေနံ ကို အပြိုင်အဆိုင် ရှာဖွေနေတဲ့ ရုရှား နဲ့ အမေရိကန် ကြားက ပြိုင်ဆိုင်မှုဟာ ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။

ဘယ်ဂိုရော့မှာ မြေထု စမ်းသပ်နည်း ဆိုင်ရာ နည်းစနစ်တွေ ပါဝင်မှာ ဖြစ်ပြီး မောင်းသူမဲ့ သဘောင်္တွေ လည်း ပါဝင်မှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် bathyscaphes လို့ခေါ်တဲ့ ရေငုတ်သဘောင်္ အငယ်စားလေးတွေပါ ပါဝင် လာမှာ ဖြစ်တယ် လို့  ရုရှား သတင်းစာ အိုက်ဗက်စတီးယား (Izvestia) က ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ အာတိတ် (မြောက်ဝင်ရိုးစွန်းဒေသ) တစ်လျှောက်မှာ စစ်အင်အား များစွာ ချဲ့ထွင်နေပြီး စစ်ရေး အခြေစိုက် စခန်းများကိုလည်း တည်ဆောက်လျက်ရှိနေပါတယ်။

 ရေနံနဲ့ သဘာဝ ဓာတ်ငွေ့များစွာ ထွက်ရှိနိုင်တဲ့ နေရာဖြစ်တဲ့ မြောက်ဝင်ရိုးစွန်း ပိုင်နက် များကို ကာကွယ်ဖို့အတွက် စစ်အေးခေတ် က စစ် အခြေစိုက်စခန်းများကိုလည်း ယခု ပြန်လည်ဖွင့်လှစ်နေပါတယ်။


Shwemom
Credit ~ Htoo Maung Maung
Via: Win Ko
မြန်မာ့စစ်သွေး Myanmar Sit Thw

No comments:

Post a Comment