ပြီးခဲ့တဲ့ ရက်က ကျွန်တော် မြ၀တီ၊ မဲဆောက်ဘက်ကို လေ့လာဖို့သွားခဲ့ပါတယ် ။ အဓိက သိချင်တာက ကျွန်တော် တို့ ပုံမှန် ရေလမ်းကနေ ကားသွင်းတာထက် ကုန်းလမ်း (မြ၀တီ) ကနေသွင်းရင် ကုန်ကျစရိတ် သက် သာတယ်၊ ကာစတမ် ကလည်း ရန်ကုန်လောက် မကျပ်ဘူးလို့ သိရတဲ့အတွက်ပါ။ (ဒါပေမယ့်ငွေ လမ်း ခင်းရတာ နောက်မှ သိတယ် ။
မြ၀တီ နယ်စပ်ကတော့ အားလုံးသိတဲ့ အတိုင်း တရားမ၀င် Without ကားတွေ မြန်မာဘက်ကို အလုံး အ ရင်းနဲ့ဝင်ရောက်နေတဲ့ အဓိက နယ်စပ်ပါ။ ဒီလုပ်ငန်း လုပ်ကိုင်သူတွေက ပန်ချာပီတွေ များပါတယ်။ နိုင်ငံခြား သားတွေပါ။ ထိုင်း မှာ ဗီဇာနဲ့နေထိုင်လုပ်ကိုင်ကြပါတယ်။
ဂျပန်ကနေ ကားမျိုးစုံ မှာယူပြီး ထိုင်းနိုင်ငံ လန်ချဘန် ဆိပ်ကမ်းမှာ ကွန်တိန်နာ ချပါတယ်။ အဲဒီကနေ ပေ ၄၀ ကွန်တိန်နာတွေကို မဲဆောက်ဘက် မောင်းလာပြီး ကားတွေ ချပါတယ်။ ညနေပိုင်း မြန်မာ အချိန် ၃း၃၀ လောက်က စလို့ မြန်မာဘက်ကို ပို့ပါတယ်။ ဒါကတော့ တရားမ၀င်ဈေးကွက်ပါ။
တရားဝင် သွင်းကုန် ပါမစ်နဲ့သွင်းတဲ့ အခါကျတော့ ဂျပန် ကနေ ရန်ကုန်ကို ကားတင် သင်္ဘော( RoRo Ferry) နဲ့ တင်ပို့ကြပါတယ်။ အချို့ကလည်း အရင်တည်း ရန်ကုန်ကို တိုက်ရိုက် သင်္ဘော မတင်ခိုင်းပဲ ထိုင်း ကို ကွန်တိန်နာ နဲ့ ပို့ခိုင်းပါတယ်။ ပြီးတော့ သွင်းကုန် ပါမစ်လျှောက်ရာမှာ ကုန်းလမ်း ပါမစ်လျှောက်ပြီး ဂျူတီဆောင်၊ တရားဝင်သွင်းပါတယ်။
ကျွန်တော် ကတော့ အဓိက mini truck, light truck တွေ သွင်းဖို့စုံစမ်းတာပါ။ လုပ်ငန်းစဉ် ကတော့ ထုံးစံအတိုင်းလေလံဆွဲ၊ ပြီးရင် ကွန်တိန်နာ နဲ့ ထည့်ပြီး ထိုင်းနိုင်ငံ လန်ချဘန်ကို ပို့ပါတယ်။ ကွန်တိန်နာ သင်္ဘောခ က ပေ ၄၀ ကို ယန်း ၆၀၀၀၀ လောက်သာ ရှိပါတယ်။ ကွန်တိန်နာထဲ ထည့်ခတော့ ပေးရပါတယ်။
ကျွန်တော်တွေ့ခဲ့တာဆိုရင် ပေ ၄၀ ထဲမှာ ခွေးဘီလူး မီနီထရပ် ၇ စီး အထိ ထောင်ပြီးထည့်ပါတယ်။ ဒီအတွက် ဂျပန် ကနေ ယိုးဒယား အထိ သင်္ဘောခ သက်သာပါတယ်။ လန်ချဘန်မှာ သင်္ဘော ချပြီးရင် အဲဒီကနေ မဲဆောက် အထိက ပေ ၄၀ တစ်လုံးကို ဘတ် ၄၀၀၀၀ လောက်ပေးရပါတယ်။ ( ကျပ် ၁၆ သိန်းလောက်ပါ) ။
မဲဆောက် ကျတော့ ကွန်တိန်နာ က ထုတ်တဲ့ ကုန်ကျစရိတ် ရှိပါတယ်။ ကမ်းကူးတာက တစ်စီး ဘတ် ၄၂၀၀ လောက်ရှိပါတယ်။ အမှန်က တရားဝင် လိုင်စင်နဲ့ဆိုရင် တံတားကနေ မောင်းလာလို့ ရပေမယ့် စာရွက်စာတမ်း လုပ်ရတာနဲ့ကုန်ကျစရိတ်နဲ့ သိပ်မကွာတဲ့ အတွက် အများစုက အောက်လမ်း ကနေပဲ without လိုပဲ ကူးကြတယ်လို့ သိရပါတယ်။