Thursday, May 11, 2017

ကား ၀ယ်လျှင် ကညန ရုံးမှာ သွားစစ်ပါ



ချစ်လို့ပြောတယ် မှတ်ပါ မိတ်ဆွေ ...........
.
ကားဝယ်လျှင် ကညန ရုံးမှာ သွားစစ်ပါ ၊
.
အလွန်ဆုံး ကုန် ငွေ တစ်သောင်းပါ တရားဝင် သွင်းရတာ ........ 5000 ကျပ်
.
ကား ဓါတ်ပုံ ရိုက်တာ 1500 ကို 2000 ပေးရပါတယ် ၊
.
ဘော်ဒီ စစ်ချင်လို့ ကိုယ့်ဘာသာ ကိုယ် ခွာပြီး ပြန်တပ်ပေးတဲ့ လူက 3000 တောင်းပါတယ် .........
.
ကြာမြင့်ချိန် တစ်နာရီ ခွဲပါ ............. အဆင့်လည်း သိပ်မများပါဘူး ၊

********************************************************

၁ ။ ။ ကားစစ်ဖို့ အတွက် ဖောင်ဝယ်ပါ ၊
.
၂ ။ ။ ဖောင် ဖြည့်ပါ ပြီးရင် ဦးစီးမှုး ဆီမှာ လက်မှတ် ထိုးပါ ၊
.
၃ ။ ။ လက်မှတ် ထိုးပြီးတာနဲ့ သက်ဆိုင်ရာ နံပါတ်စစ် အခန်းသွားပြီး ငွေသွင်းဖောင်တောင်းပြီး ငွေသွင်း ချလံတောင်းပါ ........ 

ရိုးရိုးတောင်းတာ မဟုတ်ဘူးနော် ကိုယ့်မှာ ပါတဲ့ သက်သေခံ ကဒ် တစ်ခုခု ပါ တွဲတင် ရပါတယ် ၊ မှားရင်တော့ သိတယ်နော် .......... ပြေးမလွတ်ဘူး ဟဲ ဟဲ ၊
.
၎ ။ ။ ငွေသွင်းခွင့် ပြောပြီးတာနဲ့ ငွေခန်းကို 5000 ကျပ် သွင်းရပါမယ် ၊
.
၅ ။ ။ ငွေသွင်းပြီးတာနဲ့ အင်ဂျင် နီယာ မှုး အခန်းသွားပြီး ယာဉ်စစ်ဖို့ ခွင်တောင်း လက်မှတ်ထိုးရပါတယ် ...
.
၆ ။ ။ အင်ဂျင်နီယားမှုး လက်မှတ်ထိုးပြီးရင် ........ အပေါ်က ငွေသွင်းဖို့ အတွက် မှတ်ပုံတင် သို့မဟုတ်  သက်သေခံ ကဒ် ထားခဲ့တဲ့ သူဆီ ပြန်သွားပြီး ကား စစ်ဖို့ ကားစစ်တဲ့ နေရာကို ကားငယ် ရုပ် မှတ်တမ်း  ဖိုင် ပို့ပေးဖို့ အကြောင်းကြားရပါတယ် ။ မသိဘဲ ထိုင်နေရင် ကားစစ်လို့ မရပါဘူး ။
.
၇ ။ ။ ပြီးရင် ခဲခြစ်ပြီး အကုန်ဖြုတ်ပါပြီ ..........
.
၈ ။ ။ အားလုံး စိတ်တိုင်းကျ စစ်ပြီးသွားရင် ......... တာဝန်ခံ ယာဉ်စစ် လက်မှတ်ထိုးရပါတယ် ။
.
၉ ။ ။ လက်မှတ်ထိုးပြီး အင်ဂျင်နီယားမှု ဆီ တစ်ခေါက်ပြန်စစ်ဖို့ လက်မှတ်ထိုး အတည်ပြုပြီးရင် ..... 
.
၁၀ ။ ။ သက်တမ်း တိုးတိုး မတိုးတိုး ဓါတ်ပုံ ချက်စီ ရယ် ကားရယ် ဓါတ်ပုံ ရိုက်ရပါတယ် ။
.
၁၁ ။ ။ အားလုံးပြီးရင်တော့ ပြီးပြီ ဆိုတဲ့ အကြောင်း လုပ်ငန်း စဉ် စာရွက် ပေးပြီးတော့မှ .......... ကိုယ်ဆီက သိမ်းထားတဲ့ လိုင်စင် သို့ မဟုတ် မှတ်ပုံတင် ပြန်ပေးပါတယ် ဗျာ ။








တစ်ခုဘဲ ........ ရောင်းသူ ခေါ် သွားပါ ......
.
ကားမှားရင် စိဖို့ အဆင်သင့် စောင့်နေပါတယ် .......
.
အပြားတိုင်း ခွာပါတယ် ........ ချက်စီ ခါးမှာ ပါရင် စင်ပေါ်တင် စစ်ပါတယ် ......... မီးလုံး ပြောင်း ပြီး  ဘာပြောင်း ညာပြောင်းလေး တွေ လည်း ............စကားပြောရပါတယ် .......
.
ကိုယ့် ပိုက်ဆံ နဲ့ ကိုယ် ကား ၀ယ်ပြီး ညတွင်းချင်း အချူပ် ထမင်း မစားစေချင်ဘူး ......... ကျန်တာကတော့ ကိုယ့် ဒေါသ နဲ့ ကိုယ်ပါ မိတ်ဆွေရာ ။
.
ကားတွေ ဘယ်လောက် ရှုပ်ထွေး ကလိန်ကျတယ် ဆိုတာ ........... ကိုယ့်တွေ့ကြုံ တဲ့ အချိန် သိပ်လွမ်းစရာ ကောင်းသွားလိမ့်မယ် ။
.
သာဓု ခေါ်ပြီး ရေစက်သာ ချပေးလိုက်ကြပါတော့ ။
.
သိန်း 100 မပြောနဲ့ တစ်ကျပ် မှ မတန်တဲ့ လူတွေက အများကြီးပါ သတိလေး ထားရင် အဆင်ပြေတာပေါ့ ။
.


James ( 9.5.17 )
မောင်(စွယ်စုံကျမ်း)


No comments:

Post a Comment